The Physiological urge to eat စားချင်စိတ်၏ ဇီဝကမ္မဖြစ်စဉ်

အင်္ဂလိပ်စာလုံးလေးတွေပါ ထည့်ရေးပါတယ်။

စားစရာပုံတွေ တင်တိုင်း အားတော့နာတယ်။ စားကောင်းသောက်ဖွယ်ပုံကိုမြင်ရင် စားချင်လိုက်တာလို့ ပြောလေ့ရှိကြတယ်။

စားချင်စိတ်ရှိခြင်းဟာ Physiological ဇီဝကမ္မ ဖြစ်စဉ်တရပ်ပါဘဲ။ 

စားချင်စိတ်ကို Appetite လို့ ခေါ်တယ်။

Hunger အစားမစားရခြင်းဟာလည်း ဇီဝကမ္မ ဖြစ်စဉ်တရပ်ပါဘဲ။ 

ဇီဝကမ္မတိုင်းဟာ ရောဂါဖြစ်စဉ် မဟုတ်ပါ။ ပုံမှန်ဖြစ်တယ်။ နေကောင်းနေလို့သာ စားစရာကို စားချင်စိတ်ဖြစ်တာ။

စားချင်တာနဲ့ ကိုယ်ထဲမှာ ဇီဝဖြစ်စဉ်တွေ တသီတတန်းကြီး ဖြစ်ပေါ်လာမယ်။

စားချင်စိတ်ကို ဟော်မုန်းတွေက လုပ်ဆောင်ပေးကြတယ်။ ghrelin, melanocortin, cortisol နဲ့ thyroid hormones တွေဖြစ်တယ်။

Ghrelin ကို အစာအိမ်ကနေ ထုတ်ပေးတယ်။ သူ့ရဲ့အချက်ပြမှုကို ဦးနှောက်ကရရှိတယ်။ အဲဒီဟော်မုန်းများနေချိန်စာ ဆာနေချိန်။ စားရပြီးတော့ နည်းသွားမယ်။

ဟော်မုန်းတွေက စားချင်စိတ်ကိုသာမကာ ဘယ်လောက်စားသင့်တယ်၊ ကိုယ့်မှာ အင်နာဂျီဘယ်လောက်ရှိတယ် စတာတွေပါ ချင့်ချိန်တယ်။

စားချင်စိတ်မရှိခြင်းအကြောင်းခံတွေက များတယ်။ စိတ်ပူနေလို့၊ ဝမ်းနည်းနေလို့၊ အပျော်လွန်နေလို့ စတဲ့အကြောင်းတွေက ရောဂါမဟုတ်ပါ။ ကင်ဆာရှိရင် စားချင်စိတ် နည်းမယ်။ စားချင်စိတ် နည်းတိုင်းတော့ ကင်ဆာလို့ မထင်နဲ့ဦး။

ဆာလောင်နေခြင်းဟာလည်း ဟင်းကောင်းတခွက်ဘဲ။

ဆီးသီးချိုချိန်လို့လည်း ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ