AI and Healthcare အေအိုင် နှင့် ကျန်းမာရေး

အပြည်အစုံတော့ တင်ပြနိုင်ခြင်း မရှိသေးပါ။ ဘယ်သူမှလည်း အေအိုင်အကြောင်း အခုချိန်မှာ အပြည့်အစုံ မသိနိုင်ကြသေးပါ။ အသိပညာနယ်ပယ်စုံမှာ အေအိုင်အကျိုးသက်ရောက်မှုတွေ ရှိလာပါပြီ။ ကျန်မာရေး အပေါ်သက်ရောက်မှု နိဒါန်းမျှသာ တင်ပြပါမယ်။

တိုးတက်တဲ့နိုင်ငံတိုင်းမှာ လူနာအားလုံးနဲ့ဆိုင်တဲ့ ဒေတာ ခေါ်အချက်အလက်တွေကို ကွန်ပြူတာစနစ်မှာ ထည့်သွင်းထားတဲ့အဆင့် ရောက်နေပြီ။ အရင်ဆုံး အေအိုင်ကြောင့် ကောင်းလာမှာတွေကို ရွေးထုတ်တင်ပြပါမယ်။ 

• အေအိုင်ကျေးဇူးနဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှု တိုးတက်လာမယ်။

• လူနာတဦးချင်းစီအတွက် ကုသမှု ‘ပလင်’ လည်း တိုးတက်ကောင်းမွန်လာမယ်။

• ‘ဒိုင်ယာဂနိုးဆစ်စ်’ ခေါ် ရောဂါအမည်တပ်ခြင်း ပိုပြီး မှန်ကန် တိကျလာမယ်။

• ဆေးပညာသင်ကြားရေး ပိုပြီးလွယ်ကူ ကောင်းမွန်လာတယ်။

• ကုသမှု ပိုပြီးလွယကူ ကောင်းမွန်လာတယ်။

• ဆုံးဖြတ်ချက်ချခြင်း ပိုပြီးလွယ်ကူ ကောင်းမွန်လာတယ်။

• ရောဂါရှာဖွေခြင်း ပိုပြီးလွယကူ ကောင်းမွန်လာတယ်။

• ရောဂါကို စောစီးစွာသိနိုင်လာမယ်။

• ဆေးသုတေသနတွေ ပိုမိုကောင်းမွန်လာမယ်။

• ဆေးရုံသွားရာ တက်စရာနည်းလာမယ်။

• ကာကွယ်ဆေးများအပါအဝင် ဆေးအသစ်များလွယ်ကူစွာထုတ်လုပ်နိုင်လာမယ်။

• အထူးကုဆေးရုံတွေနဲ့ အလှမ်းဝေးတဲ့နေရာဒေသတွေကနေလည်း အထူးကုအဆင့်ကို လက်လှမ်းမီလာနိုင်လာမယ်။

• လူနာတဦးချင်းစီနဲ့ အံကိုက်ကုသမှုဖြစ်ပေါ်လာမယ်။

• ဆေးတွေ ဘေးထွက်သက်ရောက်မှုနည်းလာမယ်။

• ဆေးရုံ ဆေးခန်းမှာ စာရင်းသွင်းရခြင်း မှတ်ပုံတင်ရခြင်း တန်းစီရခြင်းများ ပိုမိုလွယ်ကူလာမယ်။

• ဘာသာစကားမတူလည်း အမေးအဖြေ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်လာမယ်။

• ဓါတ်မှန်၊ အာထွာဆောင်းစတဲ့ စက်ကရိယာတွေ ပိုမိုတိကျလာမယ်။

• နောက်ကျမှသိရလို့ ဆေးအတွက်ကုန်ကျမှု သက်သာခြင်း၊ အသက်ပိုရှည်ရှည်နေနိုင်လာမယ်။

အနှုတ်သဘောဆောင်ခြင်းများ

• နည်းပညာသစ်ကို လေ့လာသင်ယူလေ့ကျင့်ရန်လိုအပ်ခြင်း

• စောင့်ထိန်းအပ်သောစည်းကမ်းများ၊ ကျင့်ဝတ်များကို ကျော်လွှားခြင်း

• အလုပ်အကိုင်ရနိုင်မှု နည်းပါးလာခြင်း

• ယုံရပါ့မလားမေးခွန်း ထွက်ပေါ်လာနိုင်ခြင်း

• နည်းပညာ၊ အင်တာနက်အဆက်အသွယ် အဆင့်နိမ့်ရာ နေရာဒေသများ နောက်ကျကျန်နေခဲ့ခြင်း

ကနေ့အထိ ယူအက်စ်အေမှာ လေ့လာမှုအရ -

• ၆၀% ကသာ သဘောကျလက်ခံလိုကြတယ်

• ၃၉% က သဘောကျလက်ခံလိုခြင်းမရှိ

• ၃၈% က ပိုကောင်းလာမယ်လို့ မှတ်ထင်ကြတယ်

• ၃၃% က ပိုဆိုးမှာလား စိုးရိမ်ကြတယ်

• ၂၇% က ဘယ်လိုမှတ်ချက်မှ မပေးနိုင်ကြ။

မြန်မာပြည် -

• နည်းပညာအဆင့် အတော်ကိုနောက်ကျနေသေးတယ်။ 

• အင်တာနက်အခက်အခဲတွေများတယ်။

• သုတေသန မရှိသလောက်နည်းတယ်။

• အော်တိုဘာသာပြန်စနစ် အဆင့်နိမ့်ခြင်း။

• တိုင်းပြည်ရဲ့ ကျန်းမာရေးအဆင့် နောက်ကျပြီးရင်း နောက်ကျကျန်ရစ်မှာ စိုးရိမ်ရတယ်။ ဆောရီး။

ကြိုးစားကြရပါမယ်။ အခုထိတော့ အေအိုင်နည်းနဲ့ ဓါတ်ပုံအတုတွေလုပ်ရတာကိုသာ နှစ်ခြိုက် ပျော်ပိုက်နေကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ