Norovirus နိုရို ဗိုင်းရပ်စ်
Norovirus နိုရို ဗိုင်းရပ်စ် ကူးစက်ခံရရင် အန်မယ်၊ ဗိုက်နာမယ်။ တချို့ နည်းနည်းကိုယ်ပူမယ်။ ချမ်းမယ်၊ ခေါင်းကိုက်မယ်။ ပိုးဝင်ခံရပြီး ၁-၂ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ ခံစားရမယ်။
Rotavirus ရိုတာဗိုင်းရပ်စ်
၁။ မဂ်လာပါ ဆရာ rotarvirus အကြောင်းရှင်းပြပေးစေလိုပါတယ် ဆရာ
မင်္ဂလာလို့ ရေးရမယ်။ Rotavirus လို့ ရေးရတယ်။
၂။ ဆရာ သမီးသူငယ်ချင်းကလေးက ၂နှစ်ပြည့်တော့မယ် အခု ပါရမီဆေးရုံမှာ အူမှာ ဗိုင်းရပ်တွေ့လို့ တင်ထားရတာ ၁ပတ်ကျော်နေပီ မသက်သာသေးလို့ ဘယ်လိုများဖြစ်လဲ သိချင်ပါတယ် ကလေးလေးကို သနားလို့ပါ။ Rotal virus ပြောတယ်ဆရာ။ ၈လအောက်မှာတိုက်တဲ့ အစက်ချဆေးနှစ်မျိုး လိုလို့တဲ့ဆရာ။ မတိုက်မိလို့တဲ့။ ပိုး၅မျိုးတွေ့တယ် ပြောတယ်။
၃။ ဆရာရှင့် ညီမကလေးက ၅လခွဲပါ။ ခုရက်ပဲ ဝမ်းလျှောပြီး ဆေးရုံတက်ခဲ့ရပါတယ်။ ကလေးအထူးကုက virus ကြောင့် ဖြစ်တယ်ပြောပါတယ်။ မိခင်အစားစားမှားလို့ မဟုတ်ပါလို့ပြောပါတယ်ရှင့်။ ဒီ virus က ဘယ်လိုတွေကူးတာပါလဲဆရာ။ ကာကွယ်ဆေးရှိတယ်လဲ ပြောပါတယ်ဆရာ။ ဘယ်နှစ်လမှာ ကာကွယ်ဆေးသောက်ရမှာပါလဲဆရာ။ မိခင်နဲ့ကလေးက ပေးတဲ့စာရွက်ထဲမှာတော့ အဲဒီကာကွယ်ဆေးမပါပါဘူးဆရာ။ ဒီရောဂါအဝေကာင်းလေးကိုသေချာပြောပြပေးပါဆရာ။ ညီမတို့မြို့မှာ ကလေးတွေအရမ်းအဖြစ်များနေပါတယ်ဆရာ။ ညီမလဲ ကလေးကို သန့်သန့်ရှင်းရှင်း ဂရုစိုက်ပါတယ်ဆရာ။ မိခင်အစားအသောက်လဲ ဆရာဝန်ပြောတဲ့အတိုင်း ဘာမှမရှောင် အာဟာရရှိအောင်နေထိုင်စားသောက်ပါတယ်ဆရာ။ ဒီရောဂါဖြစ်တော့ မိသားစုဝင်အားလုံးက မိခင်အစားမရှောင်လို့ဖြစ်တာဆိုပြီး အားလုံးဝိုင်းအပြစ်တင်ကြပါတယ်ဆရာ။ အမျိုးသားကတော့ ကလေးကိုပြတဲ့ဆရာဝန်နဲ့ သေချာဆွေးနွေးခွင့်ရလို့ နားလည်နိုင်ပေမဲ့ မိသားစုဝင်တွေက အပြစ်ဝိုင်းပြောပြီး အတင်းအစားရှောင်ခိုင်းနေပါတယ်။ ကလေးအတွက်ကောင်းမယ်ဆိုရင် အငတ်တောင် ခံနိုင်ပါတယ်ဆရာ။ အစားရှောင်ရင်ကလေးအတွက်အကျိုးမရှိမှန်းသိလို့ မိသားစုနဲ့ အတိုက်အခံဖြစ်နေရပါတယ်ဆရာ ညီမ ကလေးကိုယ်ဝန်စရှိထဲက မိခင်နဲ့ကလေး နေထိုင်စားသောက်ရမဲ့အရာတွေကို လက်လှန်းမှီ (မီ)သသောက် ဖတ်မှတ်လေ့လာပြီး လိုက်နာပါတယ်ဆရာ။ ကလေးကိုလဲ ကလေးအထူးကုဆရာဝန်နဲ့ ပုံမှန် check up လုပ်ပါတယ်ဆရာ။ ဘဝတူမိခင်များကို ကိုယ်ချင်းစာသောအားဖြင့် ဒီမေးခွန်းကို မေးလိုက်ရပါတယ်ဆရာမချန်ပဲ အမြန်ဆုံးဖြေပေးပါဆရာ။
ရိုတာဗိုင်းရပ်စ်ဟာ အလွန်ကူးစက်စေနိုင်တယ်။ ကလေးတိုင်း ၅ နှစ်အထိ မဖြစ်ဖူးသူ မရှိပါ။ ဆောရီး။ အများအားဖြင့် ဖျားမယ်။ အန်မယ်။ ဝမ်းလျှောမယ်။ ဝမ်းပျက်တိုင်းတော့ ဒီပိုကနေဖြစ်စေတာတော့ မဟုတ်ပါ။ တခါတလ အရေးပေါ်လို ကုသပေးဘို့လိုတယ်။ နိုဝင်္ဘာလကနေ မေလအတွင်းအများဆုံးဖြစ်တယ်။
ဝမ်းပျက်ရာကနေ ရေဓါတ် + ဆားဓါတ်ခမ်းခြောက်နိုင်တယ်။ ကလေးငယ်လေ ခံရတာဆိုးလေ။ တချို့ကလေးတွေ ဗိုက်နာမယ်။ ရေနည်းလာရင် ဆီးနည်းလာမယ်။ ငိုတာမှ မျက်ရည်ထွက်စရာရေနည်းတာဖြစ်မယ်။ အရေပြား ခြောက်နေမယ်။ အာခေါင်ခြောက်လို့ ရေတောင်းမယ်။ မျက်တွင်းချိုင့်နေမယ် ငယ်ထပ်ခွက်နေမယ်။ ဒီပိုးဟာ ပါးစပ်ကနေဝင်လာတယ်။ ပါးစပ်ထဲဝင်တာမှန်သမျှ သတိထားရမယ်။ ရေ၊ အစားအသောက်၊ သွားရည်စာ။ ကစားစရာ။ လက်စုပ်တာ။
သန့်ရှင်းရေး အလွန်အရေးကြီးတယ်။ ပူအောင် ပွက်အောင်လုပ်ထားတာထဲမှာ ပိုးမပါ။ အေးသွားရင် ဝင်လာနိုင်တယ်။ ယင်ကောင်၊ ပိုးဟပ်၊ ကြွက်တွေကနေ တခြားပိုးတွေလည်း ပါလာနိုင်တယ်။ အိုးခွက်ပန်းကန်။ ဒီပိုးက တော်တော့်တန်တန် ပိုးသေဆေးကိုခံနိုင်တယ်။ လူ့လက်မှာ နာရီအနည်းငယ်ရင်နေနိုင်တယ်။ လက်မကြာခဏဆေးပါ။ အညစ်အကြေး စွန့်ပြီးတိုင်း လက်ဆေးပါ။ ကျောင်း၊ အိမ်၊ ကစားကွင်း။ စားသောက်က်ိုင်၊ စျေးဆိုင်၊ စတာတွေမှာ ကလေးအများအပြားကို ကူးစက်နိုင်တယ်။
၃။ ဆရာ Rotavirus ရိုတာဗိုင်းရပ်ကာကွယ်ဆေးက ဘယ်ရောဂါအတွက်ထိုးရတာလဲဆရာ။ ဘယ်အသက်အရွယ်မှာ ထိုးရပါသလဲဆရာ။ နာမည်မှာရင်ခွင့်လွှတ်ပါဆရာ။ တူမလေးက ဗိုက်နာလို့ ဆေးရုံတက်နေရတာ ဆရာဝန်က အဲဒီကာကွယ်ဆေး ထိုးပြီးပြီလားမေးလို့ပါ။ သားသားက ၆ လထဲမှာပါ။ အဲဒီကာကွယ်ဆေးထိုးရမယ်ဆိုလို့ပါ။ သမီးတို့ဆီမှာက စီမံချက်ထဲပါတာပဲ ထိုးပေးတယ်ဆရာ။ အပြင်မှာ ဝယ်ထိုးလို့ရပါသလားဆရာ။ ရန်ကုန်မှာဆိုရင်တော့ ရချင်ရမယ်ထင်ပါတယ်ဆရာ။ သမီးတို့က မိတ္ထီလာက ဆိုတော့ ဆေးဝယ်လို့ရပါ့မလားမသိဘူး။ ကာကွယ်ဆေး မထိုးထားရင်ကော ဘယ်လိုဖြစ်နိုင်ပါသလဲဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။ Rotavirus ဆေးတိုက်ထားရင် ဝမ်းရောဂါကြီးကြီးမားမားကို ကာကွယ်တယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်မတော့ တိုက်ထားတယ်။ အသိတွေတော့ တိုက်ဖို့ပြောထားသေးတယ်။ တချို့ကတော့ ဆေးအကြောင်း မသိကြဘူးဆရာ။
Rotavirus vaccine ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Merck & Co., Inc. ကထုတ်တဲ့ RotaTeq (RV5) ကာကွယ်ဆေးနဲ့ GlaxoSmithKline Biologicals ကထုတ်တဲ့ Rotarix (RV1) ဆေးတွေဖြစ်တယ်။ ကလေးအသက် ၁ နှစ်အထိ ရိုတာဗိုင်းရပ်စ်ကနေဖြစ်စေတာတွေရဲ့ ပြင်းထန်တဲ့ ၈၅-၉၈% ကာကွယ်နိုင်တယ်။ ပါးစပ်ကနေတိုက်ရတယ်။ ရိုတာဗိုင်းရပ်စ်ကနေဖြစ်စေတာတွေ အားလုံးရဲ့ ၇၄-၈၇% ကာကွယ်နိုင်တယ်။
RotaTeq® ကာကွယ်ဆေးကို ၂-၄-၆ လတွေမှာ (၃) ခါပေးတယ်။ Rotarix® ကာကွယ်ဆေးကို ၂-၄ လတွေမှာ (၂) ခါပေးတယ်။ ကလေး (၆) ပါတ်အရွယ်ကစပေးနိုင်တယ်။ ကလေးအသက် ၁၄ ပါတ် + ၆ ရက်သာအထိပေးနိုင်တယ်။ ဒိထက်ကြီးတဲ့ကလေးတွေအတွက် လေ့လာမှုဒေတာမပြည့်စုံသေးပါ။
ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေမဆိုးပါ။ ကလေးက နည်းနည်းအနေရခက်လို့ ငိုနိုင်တယ်။ ဝမ်းလျှောနိုင်တယ်။ အန်နိုင်တယ်။ နားအလယ်ပိုင်းရောင်၊ နှာခေါင်း-အာခေါင်ရောင်၊ လေပြွန်ကျဉ်း၊ ကံမကောင်းရင် Intussusception ခေါ်တဲ့ အူထဲကို အူခေါက်ဝင်ထာဖြစ်တာလည်းရှိဘူးတယ်။ ဆေးနဲ့မတည့်လို့ အလာဂျီရတာလည်း ရှားရှားပါးပါးရနိုင်တယ်။ ၁ သန်းမှာ ၁ ယောက်။
မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ နှစ်စဉ် ကလေးပေါင်း ၄၅၃ဝဝဝ ယောက် ဝမ်းလျောလို့သေဆုံးနေကြရတယ်။ ဆေးရုံတက်ရသူက ၂ သန်းရှိတယ်။ ၅-၆-၂ဝဝ၉ နေ့မှာ WHO ကနေ ကလေးကာကွယ်ဆေးထိုးဇယားထဲထည့်ဘို့ လမ်းညွှန်ထားတယ်။ ၂ဝဝ၉ ဆန်းစစ်မှုအရ ကာကွယ်ဆေးကနေ သေဆုံးမှုကို ၄၅% ကာကွယ်ပေးခဲ့တယ်။ ၂၂၈ဝဝဝ သာသေဆုံးခဲ့တယ်။ ကာကွယ်ဆေးကို နိုင်ငံပေါင်း ၁ဝဝ ကျော်မှာလိုင်စင်ပေးထားပြီးဖြစ်တယ်။
စျေးချိုမယ့်ကာကွယ်ဆေး Rotavac ကို အိန္ဒိယမှာ စမ်းသပ်မှုတတိယအဆင့်ရောက်နေပြီ။ ကနေ့သုံး ကာကွယ်ဆေး တခါစာကို ရူးပီး ၁ဝဝဝ ပေးနေရတယ်။ ဆေးသစ်အောင်မြင်လာရင် ၅၄ ရူးပီးသာကုန်ကျမယ်။ ဒီကာကွယ်ဆေးတွေက တခြားအကြောင်းတွေကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာတွေကိုတော့ မကာကွယ်နိုင်ပါ။
လက်ခဏခဏဆေးပါ။ လက်ခဏခဏဆေးပါ။ လက်ခဏခဏဆေးပါ။
Rotavirus Vaccination ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/rotavirus-vaccination.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment