Doctor's Moon လမျက်နှာ

တင်ထားတဲ့စာ = Full moon ဖိုးလနတ်သား

ကွန်မင့်တခု = လရောင်နှင့်အတူအဖြေတွေကိုပို့လိုက်တယ်ဆိုတာတွေ ဖတ်ချင်ပါတယ်ဆရာ။

ကျွန်တော် ကျန်းမာရေးမေးခွန်းတွေကို ဖြေနေတာ ဖေ့စ်ဘွတ်မပေါ်ခင် အီးမေးလ် ခေတ်ကတည်းက ဖြစ်ပါတယ်။

နယူးဒေလီမှာနေစဉ်က မြန်မာပြည်ထက် အချိန် တနာရီသာ နောက်ကျတယ်။ ယူအက်စ်အေရောက်တော့ ဒီအရပ်က ၁၂ နာရီလောက် နောက်ကျတယ်။

မြန်မာပြည် နေ့ခင်းမှာလာတဲ့မေးခွန်းတွေကို ကျွန်တော်ရတော့ ည။

လမျက်နှာမှာ အဖြေစာတွေရေးရတယ်လို့ တင်စားပါတယ်။

လမင်းမှာ မျက်နှာချင်းဆုံတယ်ဆိုသူတွေ၊ ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာလ စာရေးလို့ ထားချင်လှတယ်ဆိုသူတွေနဲ့ ဆရာဝန်ဘဝ မတူပါ။

ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာလ စာရေးလို့ ထားချင်လှတယ် https://burmese-spelling.blogspot.com/2023/07/blog-post_6.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ