Taste change လျှာအရသာပျက်ခြင်း

 

မင်္ဂလာပါဆရာ ကျမ ကအသက် ၃၈ နှစ် အမျိုးသမီး ဖြစ်ပါတယ်။ အိမ်ထောင်ရှိပါတယ် ၂နှစ်၆ လ သား တယောက် ရှိပါတယ်။ ့ မှာနေပါတယ်။ ရာသီ ပုံမှန်လာပါတယ်ရှင်။ ကျမ လျှာမှာ ခါးသလို ချိုသလိုခံစားရတာ ၃ လလောက် ရှိပါပြီ  အဲဒါ က ပါးစပ်ကဖြစ်တာလား နှုတ်ခမ်းကဖြစ်တာလားတော့ သေချာမသိပါဘူး လျှာနဲ့ထိတဲ့နေရာတွေမှာ ချိုတဲ့အရသာ ခံစားရပါတယ် အစကတော့ ကျမက ကလေးလိုချင်နေတော့ ပါးစပ်ပျက်ချင်တာလားထင်ခဲ့ပါတယ် ဒါပေမဲ့ မဟုတ်ပဲ ရာသီ ပုံမှန်လာနေပါတယ်ဆရာ။  ကျေးဇူးပြုပြီး အကြံလေးပေးစေချင်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ။

လျှာအရသာပျက်တာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ တချို့မှာ အရသာကို မရှိဖြစ်တယ်။ Ageusia ခေါ်တယ်။ အလွန်ရှားတယ်။ 

အဖြစ်များအကြောင်းခံများ

ခံတွင်း အင်ဖက်ရှင် ခေါ် ပိုးဝင်ခြင်း။ ဘဲလ်စ်ပေါ်လစီ ခေါ် မျက်နှာတခြမ်းလေဖြတ်ခြင်း၊ တချို့ဆေးတွေ၊ ဦးခေါင်း ထိခိုက်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။

Medications ဆေးတွေကတော့ -

Ampicillin

Azithromycin (Zithromax)

Ciprofloxacin (Cipro)

Clarithromycin (Biaxin)

Griseofulvin (Grisactin)

Metronidazole (Flagyl)

Ofloxacin (Floxin)

Tetracycline

Carbamazepine (Tegretol)

Phenytoin (Dilantin)

Amitriptyline (Elavil)

Clomipramine (Anafranil)

Desipramine (Norpramin)

Doxepin (Sinequan)

Imipramine (Tofranil)

Nortriptyline (Pamelor)

Chlorpheniramine

Loratadine (Claritin)

Pseudoephedrine

Acetazolamide (Diamox)

Amiloride (Midamor)

Betaxolol (Betoptic)

Captopril (Capoten)

Diltiazem (Cardizem)

Enalapril (Vasotec)

Hydrochlorothiazide (Esidix) and combinations

ခံတွင်းနဲ့သွားကြောင့်လည်းဖြစ်နိုင်တယ်။ သွားအတု၊ သွားနုတ်၊ သွာရောဂါ။

အသက်ကြီးလို့လည်း ဖြစ်နိုင်တယ်။ 

ဖြစ်ခဲတဲ့အကြောင်းတွေ

ဗီတာမင် ဘီ-၃ နဲ့ ဘီ-၁၂ နည်းသူတွေ၊ ဇင့်ဓါတ်နဲ့ ကောပါးဓါတ်နည်းသူတွေ၊ အာဟစာရနည်းသူတွေ၊ နာတာရှည် ကျောက်ကပ်မကောင်းသူတွေ၊ ကင်ဆာ၊ အေအိုင်ဒီအက်စ်။ ဦးခေါင်းထိခိုက်ခံရခြင်း၊ ဦးခေါင်းနဲ့ လည်ပင်း ဓါတ်ကင်ရခြင်း။ 

အဆိပ်ဓါတ်ငွေ့ benzene, benzol, butyl acetate, carbon disulfide, chlorine, ethyl acetate, formaldehyde, hydrogen selenide, paint solvents, sulfuric acid, thrichloroethylene စသည်။ chromium, lead, copper စက်ရုံသုံးဓါတ်တွေ၊ 

စိတ်ဓါတ်ကျခြင်း၊ အစားလုံးဝမစားချင်ခြင်း၊ အတက်ရောဂါရှိသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ ဆီးချို၊ လည်ပင်းကြီးဟော်မုန်း နည်းခြင်း၊ Sjögren's syndrome ရောဂါရှိသူ၊ Multiple sclerosis ရောဂါရှိသူ၊ adrenocortical insufficiency, Cushing's syndrome, panhypopituitarism, pseudohypoparathyroidism, Kallmann's syndrome, Turner's syndrome ရောဂါတွေရှိသူ၊ 

ရုတ်ရက်ဖြစ်တာဆိုရင် ဦးခေါင်းထိခိုက်ခြင်းကို စဉ်းစားရမယ်။ ဖြစ်လိုက် သက်သာလိုက်ဆိုရင် အလာဂျီ၊ ဓါတုပစ္စည်းတွေ သက်ရောက်မှုကို စဉ်းစားရတယ်။ တဖြည်းဖြည်းဖြစ်လာတာဆိုရင် နှာခေါင်းထဲအသားပို၊ နာတာရှည် အသက်ရှူလမ်း အထက်ပိုင်းရောဂါတွေကို စဉ်းစားရမယ်။

လျှာမှာ ရောဂါရှိသလား။ Candidiasis မှက်ခရု၊ အေအိုင်ဒီအက်စ်၊ leukoplakia လျှာဖြူရောဂါတွေဖြစ်နိုင်တယ်။ 

အများအားဖြင့် အလိုလို သက်သာပျောက်ကင်းပါတယ်။ ဖြစ်စေတဲ့အကြောင်းခံသိရင် ဖယ်ရှား ရှောင်ကြဉ်ရမယ်။ ကုသရမယ်။

ဒီစာရေးပြီးနောက်မှာ ကိုဗစ် ဖြစ်လာတယ်။ အကြောင်းခံသစ်တခု တိုးလာတာ။

ဒေါက်တာတင့်ဆွေ

၁၇-၈-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ