ပညာရှိတော့ မဟုတ်ပါ
ပညာရှိတော့ မဟုတ်ပါ။
အစားအသောက်တွေ ကောင်း မကောင်းကို စားသောက်ကြည့်မှသာ သိနိုင်တယ်။
သင့် မသင့်ကိုလည်း သွေးတိုး၊ ဆီးချို စတဲ့ အခံရောဂါနဲ့ ချင့်ချိန်ရပါမယ်။
ပိုပြီးအရေးကြီးတာက အစားအသောက်ထဲမှာ ရောဂါဖြစ်စေနိုင်တာ ပါ မပါကို FDA ဓါတ်ခွဲခန်းမှာ စစ်ဆေးမှသာ သိနိုင်တယ်။
ဥပမာ
အခုရက်တွေမှာ ယူအက်စ်အေမှာ ရောင်းချနေတဲ့ နာမည်ကြီး မက်ဒေါ်နယ်က စားစရာတမျိုးကနေ ရောဂါရကြောင်း တွေ့ရှိပြီး စစ်ဆေးနေပါတယ်။
မက်ဒေါ်နယ်ဆိုင်တွေက သန်းနဲ့အမျှများတယ်။ မက်ဒေါ်နယ်ကရောင်းတာတွေကလည်း အမျိုးအမည်တွေ များတယ်။
မက်ဒေါ်နယ်စားစရာထဲမှာ အသား၊ အာလူး၊ ကြက်သွန်နီ၊ ဆီ၊ နှမ်း၊ ဟင်းသီးဟင်းရွက် စတာတွေ ပါတယ်။
အစက အမဲသားကနေလား သံသယရှိတယ်။
စစ်ဆေးတော့ ပိုးအမည် E. Coli လို့သိလာတယ်။
ကြက်သွန်နီကနေဖြစ်တာတဲ့။ ကာလီဖိုးနီးယားမှာရှိတဲ့ Taylor Farms ကနေ ကြက်သွန်နီပို့တယ်။
McDonald quarter pounders အမျိုးအစား အစားအသောက်တခုကနေသာဖြစ်တယ်။
တခြားဟင်းသီးဟင်းရွက်တွေက Colorado Springs ကိုလိုရာဒိုကနေလာတယ်။
နောက်တချက်
မြန်မာပြည်မှာ ရောင်းချနေတဲ့ အစားအသောက် အမျိုးအစား၊ အမျိုးအမည်တွေက အလွန်များတယ်။ စားစရာတခုခုကြောင့် ရောဂါတခုခုရတယ်ဆိုရင် ရောဂါရသူစားသောက်တာကို စစ်ဆေးပြီး အဲဒီမြို့၊ အဲဒီရွာက၊ အဲဒီဆိုင်က၊ အဲဒါက စားသောက်ရန် မသင့်လို့သာ ပြောရပါမယ်။ မြန်မာတပြည်လုံးက အစားအစာတွေလို့ အပြစ်ပြောလို့ မရပါ။
မြန်မာလိုရေးတဲ့ ဆိုရှယ်မီဒီယာကစာတွေမှာတော့ ကြော်ငြာကောင်းရင် လိုက်ကောင်း။ တယောက်ကကောင်းတာကို လိုက်ကောင်။ တချို့ကလည်း နာမည်ဆန်းတာကိုသာ ဝယ်ယူစားသုံးနေကြတယ်။
အချုပ်
ဘယ်အကြောင်းအရာကိုမဆို ခိုင်မာတဲ့ သုတေသနပြုမှုတွေအရသာ ကောင်း၏၊ ဆိုး၏ ပြောရပါတယ်။
ကျန်းမာရေးသာမကပါ တခြား နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးသတင်းတွေလည်း အဲလို ဖြစ်ရပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment