Breast Milk Supply နို့ထွက်နည်းနေရင်

၂၁-၈-၂၀၁၉ နေ့ကတည်းက မေးထားတာ

အခုမှသာ တွေ့ရတယ်။ ဆောရီး။

၁။ မင်္ဂလာပါ ဆရာ ကျွန်​မအသက် ​၃၀ သားဦး​လေး​မွေးထားတာ ခုလ ၂၉ ဆို ၅လပြည့်ပါမယ်​ရှင််​ ကျွန်​မနို့ထွက်​နည်းလာလို့ပါ နို့ထွက်​များ​အောင်​ ​ရေ အို​ဗာတင်း​သောက်​ပါတယ်​ ဟင်းချိုရည်​​သောက်​ပါတယ်​ အစား​သောက်​လည်းအကုန်​စားပါတယ်​ ​ရေတ​နေ့ ၁ လီတာ​ဗူး အနည်းဆုံး၄​ဗူးကုန်​ပါတယ်​ ဒါ​ပေမဲ့အထွက်​နညး်​ပါတယ်​ ဘာ​ဆေး​သောက်​ရပါမလည်းရှင်​ ရုံးကခွင့်​စေ့လို့ပြန်​တက်​ရင်​လည်း က​လေးကို မိခင်​နို့ထွက်​နည်းလို့ နို့ဘူးကူသင့် မကူသင့် သိချင်​ပါတယ်​ရှင့် ဆရာ​ရေးတဲ့ မိခင်​နို့ထွက်​နည်းလျှင်​ဆိုတဲ့စာကိုဝင်​ဖတ်​တာ စာလုံး​ဖောင့်မတူ​လို့ဖတ်​မရဘူးရှင့် ​ဖြေကြား​ပေးပါဆရာရှင့် ဆရာ​ပြော​ပေးထားတဲ့ စာ​ဖောင့်အမှန်​ရ​အောင်​ဖတ်​တာ​လေးရှာ​တွေ့လို့ ဖတ်​ရပါပြီရှင့်။

၂။ ဆရာအသက် ၂၅ပါ ကလေးမွေးတာ ၁၀ရက်ပဲရှိပါသေးတယ် ဘာဆေးသောက်ရင်နို့ထွက်များမလဲရှင့် နို့ထွက်နည်းနေလို့ပါ

၃။ မင်္ဂလာပါဆရာရှင့်။ ကျမပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ၈ လပိုင်း ၂၃ ရက်နေ့က သားဦးလေး မွေးခဲ့ပါတယ်။ မွေးစကနေ ၄ လကျော်ထိ မိခင်နို့ကို ပြည့်ပြည့်စုံစုံ အားကောင်းကောင်းနဲ့ ကျမသားလေးကို တိုက်နိုင်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး ၄၊ ၅ ရက်လောက် ကျမအထက်လှန် အောက်လျောပုံစံဖြစ်ခဲ့ပါတယ်။ သတိထားမိသလောက် အထက်လှန်အောက်လျောဖြဝ်ပြီး ၁ဝ ရက်နောက်ပိုင်းလောက်ထဲက ကျမနို့ရည်အထွက်နည်းခဲ့ပါတယ်။ အရင်ကဆို ကလေးနို့စို့နေချိနိဆို ပန်းထွက်လောက်အောင်ကောင်းတဲ့နို့ရည်က ခုဆို ကလေးကအားစိုက်စို့ရပါတယ်။ ပြီးတော့ အရင် သားသားနို့စို့ပြီးရင် နို့ရည်ဝင်လာတာ သိသိသာသာရင်သားမှာခံစားရပါတယ်။ ရင်သားမှာ တစစ်စစ်နဲ့ နို့ရည်ဝင်ခဲ့ပြီး၊ ခုတော့ သားသားနို့စို့ပြီးလည်း ရင်သားကပျော့အိပြီး နို့ရည်ဝင်မလာပါ။ ကျမသားလေးကြည့်ရတာ နို့မဝသလို ခံစားရတဲ့အတွက် အားကိုးစွာ အကူအညီတောင်းလိုက်ပါတယ်ရှင့်။

ကလေး ၄-၆ လနောက်မှာဖြည့်စွက်အစားအသောက်ကျွေးလို့ရပါပြီ။ 

၄။ မွေးခါနီး ကိုယ်ဝန်ဆောင်သည်တဦးပါ။ ကိုယ်ဝန်ဆောင် မွေးခါနီးရင် ရင်သားတွေတင်းပြီး နို့ထွက်တယ်လို့ ပြောကြပါတယ်။ သမီးရင်သားက မတင်းပဲ ပျော့နေပါတယ်။ နို့ရည်ကြည်ကတော့ ထွက်ပါတယ်ရှင့်။ စိုးရိမ်ရပါလားရှင့်။ နို့ကောင်းကောင်းမလိုက်လို့ ကူညီပါဆရာ။ ကလေး ၁၄ ရက်ရပါပြီ။

၅။ ဆရာ သမီးမွေးပြီ၊ မိန်းကလေး ၃၂ဝ၆ ဂရမ်။ အခုပြဿနာက နို့မထွက်ပြန်ဘူးဆရာရေ။ မိခင်နို့က သိပ်မထွက်တာ ကလေးက မအေနို့ကို ညှစ်ပီး (ပြီး) ခွက်နဲ့သောက်တယ်ဆရာ၊ သူ့ဘာသာသူ မစို့ဘူး။ ကလေးမွေးပြီးလို့ နို့ထွက်အောင်လုပ်ရတာ အရမ်းနာတယ်လို့ ပြောကြတယ်ဆရာ။ အဲဒီအချိန်မှာ အဆင်ပြေဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။

၆။ နို့ထွက်နည်းတယ်ဆိုလို့ OG က Maxolon ဆေးကို မနက်တစ်လုံး၊ ညတစ်လုံး သောက်ခိုင်းပါတယ်ရှင့်။ Maxolon ဆေးအကြောင်း ရှင်းပြပေးပါဦးနော်။

ပုံမှန်ကိုယ်ဝန်၊ ပုံမှန်ကလေးမွေးဖွါးခြင်းတွေကနေ ပုံမှန် နို့ထွက်ပါတယ်။ လူတိုင်းနီးပါး အဆင်ပြေကြပါတယ်။ ကြိုတင် ပြင်ဆင်မှုဆိုတာ ကိုယ်ဝန်ရှိကတည်းက နို့ထိပ်ဖျားကို ရေချိုးတိုင်း သန့်ပေးတာသာလိုတယ်။ အာဟာရ မျှတ လုံလောက်ဘို့လဲ လိုတာပေါ့။ နို့ထွက်နည်းတာကို ပြုပြင်နည်းနဲ့ “နို့တိုက်မိခင်တွေ ဘာတွေစားသင့်သလဲ” တွေကို ဖတ်ထားရင် ကိုယ်နဲ့ဆိုင်တာ သိလာနိုင်မယ်။ နာတယ်ဆိုတာ တချို့မှာသာရှိတယ်။ ကလေးဖွါးပြီးနောက် အချင်းကွာတာနဲ့ နို့ထွက်ဘို့စလာပါတော့မယ်။

နို့ထွက်နည်းတာကို ပြုပြင်နည်း

နို့ကို စို့ပေးတဲ့ လှုံ့ဆော်မှုရှိမှ နို့ထွက်စေတယ်။ ကလေးက မွေးကင်းစ အသားဝါ ဖြစ်နေရင် နို့စို့ချင်စိတ် နည်းနေမယ်။ ကလေးက ကောင်းကောင်း မစို့တတ်တာ အများဆုံးဖြစ်တယ်။ လမစေ့ဘဲ မွေးတဲ့ကလေး၊ အလေးချိန် နည်းလွန်းတဲ့ ကလေးတွေ နို့မစို့တတ်ဘူး။ မအေက ကလေးမွေးပြီး အလုပ်လုပ်ရလို့ ကလေးနဲ့ခွဲနေရရင် နို့စို့ အကြိမ် နည်းမယ်။ နို့ထွက် နည်းမယ်။ မအေက စိတ်ဖိစီးမှု များနေရင် နို့ထွက်နည်းမယ်။ ကလေးကို မအေနို့နည်းလို့ နို့ဗူးကူရင်လဲ နို့ထွက် နည်းမယ်။ နို့သီးဖျား မာနေ၊ နာနေ၊ ရောင်နေရင် နည်းစေမယ်။ နို့ကိုခွဲစိတ်ခံရဘူးရင်လဲ နည်းမယ်။ ဘီယာသောက်ရင် နို့ထွက် ပိုစေတယ်လို့ ပြောတာရှိတယ်။ တကယ်တော့ အရက်ကြောင့် နို့ထွက် နည်းစေတယ်။ တချို့ ဆေးဝါးတွေကနေ နို့ထွက် နည်းစေတယ်။ တားနည်း-တားဆေး ရွေးချယ်နည်း ရေးထားတာရှိပါတယ်။

မိခင်ကလည်း အစားအစာ ပြည့်စုံ လုံလောက်အောင်စားပါ။ ရှောင်စရာမလို စားကိုစားရမှာတွေ ရေးထားပါတယ်။ တနေ့မှာ ကယ်လိုရီ ၁၈ဝဝ လိုမယ်။ ရေ-အရည် များများသောက်ပါ။ ကလေးကို နို့ခဏခဏ တိုက်ပေးပါ။ တချို့က အိပ်နေတဲ့ ကလေးကို နှိုးပြီးနို့တိုက်ခိုင်းတယ်။ Law of supply and demand စီးပွါးရေး သီအိုရီတခုလို ဝယ်အားရှိမှ ရောင်းအား ကောင်းတယ်။ ၂ နာရီတခါ တိုက်ခိုင်းတယ်။ ကလေးကို နို့တိုက်နေရင်း မိခင်ကနေ နို့ကိုညှစ်ပေးပါ။ နို့တဖက်ကို ကုန်အောင် စို့စေပြီးမှ နောက်တဖက်ကို ပြောင်းတိုက်ပါ။ ကလေးကို နို့တိုက်ပြီးတာနဲ့ နို့ကို Breast pump နို့စုပ်ကရိယာနဲ့ ၁ဝ-၂ဝ မိနစ်ကြာ စုပ်ပေးပါ။

လူ့ကိုယ်ထဲမှာ (ပရိုလက်တင်) ဟော်မုန်း အလုံအလောက်ရှိနေရင် နို့ကောင်းကောင်းထွက်မယ်။ သူနည်းရင် နို့နည်းမယ်။ (ဒိုပါမင်း) ကနေ ထိန်းပေးနေတယ်။ ဒါကြောင့် ဒီဓါတ်ကို ချေဖျက်တာ လုပ်ပေးနိုင်ရင် နို့ထွက်မှန်စေမယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းကို သုံးမရပြန်ဘူး။ နဂိုကတည်းက (ပရိုလက်တင်) ပုံမှန် ရှိနေသူ၊ များနေသူတွေကို ဒီဆေးပေးလို့ အကျိုးမထူးနိုင်ဘူး။ (ပရိုလက်တင်) ကို (LTH) လို့လဲခေါ်တယ်။ (ပစ်ကျူထရီ) ခေါ်တဲ့ ဦးနှောက်ထဲက နေရာကနေ ထုတ်ပေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၁ဝ-၂ဝ ဆအထိ တိုးလားတယ်။ (ပရိုလက်တင်) အနည်း-အများ ပုံမှန်ဆိုရင် -

• ယောက်ျားမှာ 2 - 18 ng/mL

• ကိုယ်ဝန်မဆောင် မိန်းမမှာ 2 - 29 ng/mL

• ကိုယ်ဝန်ဆောင်မှာ 10 - 209 ng/mL ရှိရတယ်။

နို့ထွက်များစေမဲ့ဆေးတွေလဲ သုံးနိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ဆရာဝန်တိုင်းကနေ မညွှန်ပါ။ နို့ထွက်များစေမဲ့ ဆေးတွေကတော့ Metoclopramide (Reglan), Domperidone (Motilium) နဲ့ Sulpiride (Eglonyl, Dolmatil, Sulpitil, Sulparex, Equemote) တွေ ဖြစ်တယ်။

အမေရိကားမှာသုံးတတ်တဲ့ Reglan (Metoclopramide) ဆေးက ကလေးတွေ လေအန်တာ၊ မအေတွေ အအန် သက်သာစေတာအတွက် သုံးတယ်။ Maxolon (Metoclopramide) မက်ဆိုလုံဆေးကို ပျို့-အန်ချင်တာ သက်သာဘို့နဲ့ အစာလမ်းမှာ အောက်ဆင်းနှေးတာအတွက်သုံးတယ်။ 10 mg တနေ့ ၂-၃-၄ ကြိမ်၊ ၄-၁၄ ရက်ပေးပြီး လျော့လျော့ ပေးတယ်။ ဘေးထွက်ဆိုကျိုးတွေတော့ရှိလို့ တချို့ဆရာဝန်တွေကမပေးပါ။ ခေါင်းမူး၊ မောပန်း၊ စိတ်တို၊ ခေါင်းကိုက်၊ အအိပ်ခက်၊ ဝမ်းပျက်၊ တက်နိုင်တယ်။ စိုးရိမ်စိတ်များ၊ ဝမ်းပျက်၊ စိတ်ဓါတ်ကျ၊၊ ဂဏာမငြိမ်ဖြစ်၊ အားယုတ်။ ဒါတွေဖြစ်လို့ သက်သာချင်ရင် ဆေးကိုလျော့ပေးနိုင်တယ်။ ကနေဒါမှာ သုံးတတ်တဲ့ Domperidone (Motilium, Motilidone) ဆေးက ဘေးထွက်ဆိုးကျိုး သိပ်မဆိုးဘူး။ တခါသောက် 20mg ကို တနေ့ ၄ ကြိမ်သောက်ပါ။ Sulpiride (Dolmatil, Sulparex, Sulpitil, Eglonyl, Equemote) ဆေးက အမှန်ဆိုရင် Schizophrenia စိတ်ရောဂါကို သုံးတာ ဖြစ်တယ်။

· Blessed Thistle တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်။

· Red Raspberry tea ဖြစ်ဖြစ်၊ ဆေးတောင့်ဖြစ်ဖြစ် သောက်ပါ။

· Oatmeal အုတ်စပါး (ကွေကာအုတ်) စားသုံးပါ။

· Yeast tablets တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်သောက်ပါ။

မင်္ဂလာသတင်းစဉ်မှာ ဖတ်ရတယ်။ နွားအမြီး၊ မီးဖုတ်ခြစ်ထုတ်ပြီး အတုံးလေးတွေတုံး၊ ကြောင်ပန်းရွက် လက်တဆုပ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ချင်း၊ ဆား၊ သင့်တော်ရုံထည့်ပြီး ဟင်းခါးချက် တိုက်လိုက်၊ မကြာခင် နို့ရွှင်ရွှင် ထွက်လာလိမ့်မယ်။

Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) 

Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) 

How to Boost Your Milk Supply Naturally – In Shape Mummy

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ