Doxycycline ဒေါက်ဆီဆိုက်ကလင်း

ဆရာရှင့် Doxycycline သောက်ရင် ၇ရက် လား ၁၄ရက်လားရှင့်

Tetracycline (တက်ထွာဆိုက်ကလင်း) ပဋိဇီဝဆေးမျိုးဖြစ်တယ်။ (ဆစ်ဖလစ်)၊ (ရှန်ကာရွိုက်)၊ (ဂနိုးရီးယား)၊ (ကလာမိုင်ဒီးယား) ကျားအစေ့ရောင်၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ၊ ဝက်ခြံ၊ ဆီးလမ်းပိုးဝင်တာ၊ သွားဖုံးရောင်၊ နူမိုးနီးယား၊ (လိုင်မ်း) ရောဂါ၊ အရေပြားအနာ၊ ဒေါင့်သန်းရောဂါတွေအပြင် (တိုက်ဖတ်စ်) ရောဂါ၊ ကာလဝမ်းရောဂါ၊ (ဘရူဆယ်လိုးဆစ်) တိရစ္ဆာန်-လူ ကူးစက်ရောဂါ၊ (ရစ်က်ဆီရယ်-အင်ဖက်ရှင်) ရောဂါ၊ (ကျူ) အဖျား၊ မျက်ခမ်းစပ်ရောဂါ၊ မျက်စိနာ၊ ဝမ်းကိုက်ရောဂါတွေအတွက် သုံးတယ်။ ငှက်ဖျား ကာကွယ်ဘို့ပါ သုံးနိုင်တယ်။ ကူးစက်ရောဂါအများစုအတွက် တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်ပေးတာများတယ်။ တချို့ကို 200 mg စပေးပြီး၊ နောက် လျှော့ပေးတယ်။ လေထဲကရတဲ့ ဒေါင့်သန်းရောဂါဆိုရင် ရက် ၆ဝ ကြာပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ။ ဝမ်းပျက်၊ မွေးလမ်း-စအို-အရေပြားယား၊ ပါးစပ်နာ၊ ခေါင်းကိုက်၊ မျက်စိကြည့်မကောင်း၊ အရေပြား အနီထွက်၊ အပိန့်ထွက်၊ အသက်ရှူခက်။ နေလောင်၊ မျက်စိ-အရေပြားဝါ၊ ဆီးနီ၊ ဝမ်းအရောင်ပျော့၊ အစားပျက်၊ အန်ချင်၊ အစာမကျေ၊ ဗိုက်နာ၊ အားယုတ်၊ စိတ်မကြည်၊ ဆီးနဲ။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို မပေးပါ။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။ သွားတွေ အရောင်မလှ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေရဲ့ သတ္တိကိုလဲ ထိခိုက်နိုင်တယ်။

Demeclocycline, Minocycline, Tetracycline ဆေးတွေနဲ့တူလို့ တမျိုးကို မတည့်ရင် သူ့ကိုလဲ မတည့် ဖြစ်နိုင်တယ်။ ကျောက်ကပ်ရောဂါရှိနေရင် သတိထားရမယ်။ အသက် ၈ နှစ်အောက်ကလေး မပေးတာကောင်းတယ်။ Antacids, Anticoagulants, Carbamazepine, Penicillin, Phenobarbital, Phenytoin, Vitamins, Calcium, Iron, Magnesium ဆေးတွေနဲ့ အချ်ိန်ခြာပြီး သောက်တာ ကောင်းတယ်။ ကျောက်ကပ်နဲ့ အသဲရောဂါရှိရင် သတိနဲ့ပေးရမယ်။ နေရောင်ကို ရှောင်နေတာ ကောင်းတယ်။

Doxycycline နဲ့ Tetracycline ဆေးတွေဟာ Primary syphilis ဆစ်ဖလစ်ဖြစ်စအတွက် Benzathine Penicillin G ထိုးဆေးလိုဘဲ အကျိုးတူဖြစ်စေတယ်။ ပနယ်စလင် မတည့်သူတွေအတွက် အလွန်ကောင်းတဲ့သတင်း ဖြစ်ပါတယ်။ ၄၄၅ ဦးထဲက ၄၂၀ ဦးကို ပနယ်စလင်တလုံးထဲထိုး၊ ၂၅ ဦးကို Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်ပေးပြီး နှိုင်းယှဉ်ကြည့်တာ အားလုံးအတူတူနီးပါ။ ပနယ်စလင်ထိုးသူထဲက ၉၇့၄% နဲ့ စားဆေးပေးသူ ၁ဝဝ% တို့မှာ ပျောက်ကင်းကြတာ တွေ့ရတယ်။

Penicillin ပနယ်စလင်နဲ့ မတည့်သူတွေအတွက် = ဆစ်ဖလစ် ပဌမအဆင့် နဲ့ ဒုတိယအဆင့်တွေအတွက် Tetracycline, Erythromycin နဲ့ Ceftriaxone တွေကို ပေးတယ်။ အရင်က Doxycycline နဲ့ Tetracycline တွေကိုသုံးနေခဲ့တယ်။ အခု ၂ဝ၁ဝ မှာ CDC guidelines အရ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။

CDC 2010 ရဲ့ လိင်ကတဆင့်ကူးစက်ရောဂါ ဆေးလမ်းညွှန်မှာ ထိရောက်တယ်လို့ ဆိုထားတယ်။ တချို့ ဆေးယဉ်တာလဲ တွေ့ရတယ်။ ဒါကြောင့် ပနယ်စလင် နဲ့ Doxycycline သုံးမဖြစ်မှသာ Azithromycin ကိုပေးသင့်တယ်။ လိင်တူ ဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ Azithromycin မပေးသင့်ပါ။ ဆေးကုသမှုရဲ့ ဘေးထွက်-ဆိုးကျိုး Jarisch-Herxheimer reaction ဆိုတာဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက်အတွင်းဖြစ်နိုင်တယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ရင်ခုန်မြန်မယ်။ ချမ်းမယ်၊ အနီပြင်ထွက်မယ်။ ကြွက်သားတွေ နာမယ်။

Tertiary Syphilis (Skin, Mucous Membranes, Eyes, Skeltal, Respiratory, GI, Cardiovascular) တတိယဆင့် ဆစ်ဖလစ်၊ အရေပြား-ဦးနှောက်မြှေး၊ မျက်စိ၊ အရိုး၊ အသက်ရှူလမ်း၊ အစာလမ်း၊ သွေးလှည့်လမ်း၊

• Benzathine penicillin G 2.4 million units IM အသားဆေး ၁ လုံးထိုး၊ (ကိုယ်ဝန်ဆောင်မဟုတ်သူကိုသာ) (သို့)

• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၂ ပါတ်အနည်းဆုံး၊ (သို့)

• Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၂ ပါတ်အနည်းဆုံး၊ (သို့)

• Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၂ ပါတ်အနည်းဆုံး၊

Neurosyphilis ဦးနှောက်အာရုံကြော ဆစ်ဖလစ်

• Benzathine Penicillin 2.4 million units တပါတ် ၁ ခါ၊ ၃ ကြိမ်။ (သို့)

• Crystalline Penicillin G 3-4 million units IV ၄ နာရီတကြိမ်သွင်း၊ ၁ဝ-၁၄ ရက်။ (သို့)

• Procaine Penicillin 2.4 million units IM တနေ့ ၁ ကြိမ်၊ + Probenacid 500 mg တနေ့ ၄ ကြိမ်၊ ၁ဝ-၁၄ ရက်။ (သို့)

• Chloramphenicol 2 Gm နေ့စဉ် ၃ဝ ရက်။ (သို့)

• Doxycycline 200 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့)

• Ceftriaxone 1 Gm နေ့စဉ် ၁၄ ရက်။

ဆရာခင်ဗျား ကလေးတွေ အရိုး (သို့) သွားကို အရောင်ခြယ် (သွားဝါခြင်း) tetracycline ကြောင့်လို့ ကြားဘူး နားဝရှိတာ အမှန်လားဆရာ။

Tetracycline တက်ထရာဆိုက်ကလင်း

ပဋိဇီဝဆေးဖြစ်တယ်။ ပိုးအများစုကိုနိုင်တယ်။ Achromycin စတဲ့ နာမည်တွေနဲ့လာတယ်။

• လိင်ကတဆင့်ကူးစက်သည့် (ကလာမိုင်ဒီးယား) အင်ဖက်ရှင်၊ ကျား-မ ဆီးပြွန်-သားအိမ်ရောင်ခြင်း၊ ကျားဆီးကျိတ်၊ အစေ့ရောင်၊ ဝက်ခြံ၊ အသက်ရှူလမ်းရောင်၊ (လိုင်းမ်) ရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ နူမိုးနီးယား၊ နှလုံးအတွင်းသားရောင်ခြင်း၊ မွေးလမ်းအနာ၊ အမီးဘားပိုးဝင်ခြင်း၊ ဂနိုရီးယား၊ ဝက်ခြံ၊ မျက်စိနာ၊ အစာလမ်းပိုးဝင်ခြင်း၊ တိုက်ဖတ်စ်၊ မျက်ခမ်းစပ်၊ ပလိပ်၊ ကာလဝမ်း၊ အစာဆိပ်သင့်ခြင်း၊ (ဖယ်လ်စီပဲရန်) ငှက်ဖျား၊ မီးလောင်နာ၊ ခရီးသွားဝမ်းပျက်ခြင်း = Doxycycline တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်၊

• Blepharitis မျက်ခွံရောင်ခြင်း = Tetracycline 250 mg တနေ့ ၂ ကြိမ်၊ (သို့) Doxycycline 100 mg နေ့စဉ်၊ (သို့) Erythromycin 250 mg တနေ့ ၃ ကြိမ်၊ + Prednisolone 0.125% တနေ့ ၂ ကြိမ်၊

• ဗက်တီးရီးယားကြောင့် မျက်စိနာခြင်း = Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ + Sulfonamide 10% Eye drop မျက်စဉ် ၂-၃ ရက်၊

• ဆစ်ဖလစ် ပဌမဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် = Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၂ ပါတ်၊

Trachoma မျက်ခမ်းစပ်ရောဂါ ဒုတိယတန်းကုသနည်း

1% Tetracycline ointment (Achromycin) တနေ့ ၂ ကြိမ်၊ ၆ ပါတ် (တလခွဲ) ခပ်ရတယ်။ Azithromycin ophthalmic မျက်စဉ်းလည်းသုံးနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော ပျို့-အန်၊ ဝမ်းပျက်၊ အရသာပျက်၊ ပါးစပ်အနာပေါက်၊ လျှာမွှေးပေါက်၊ လည်ချောင်းနာ၊ အနီပြင်ထွက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဆီးနီ၊ အစာဟောင်းအိမ်အနေရခက်။

တချို့မှာ နေရောင်မခံနိုင်၊ လက်သည်းအရောင်ပြောင်း၊ ကြွက်သားတွေနာ၊ အစာမျိုရခက်၊ သွားအရာင် ဝါ-ညို၊ ခြေ-လက်ထုံကျင်၊ အားယုတ်၊ နားအကြားထိခိုက်၊ သွေးထွက်လွယ်၊ ဗိုက်အောင့်၊ အသားဝါ။

ရှားရှားပါးပါးဖြစ်နိုင်တာတွေကတော့ ဦးခေါင်းထဲဖိအားများ၊ အဆက်မပြတ်အန်၊ ပိုဆိုးလာရင် မျက်စိမမြင်၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ