Ratio သင်္ချာ မှားပါစေသတည်း

မြတ်စွာဘုရား ရန်ကုန်မြို့ရဲ့နာမည်ကြီး​ဆေးရုံကြီးတရုံမှာ ICU အခန်းခတ​နေ့ ၂၅ သိန်း တဲ့။

တင်ထားတာတခုဖြစ်ပါတယ်။ ကျေးဇူး + ဆောရီး။

ရှေးတုန်းကတော့ ပြည်သူ့ဆေးရုံတွေမှာ ပိုက်ဆံမပေးရပါ။ ဖဆပလ ပြည်တော်သာခေတ်ကနေ စတယ်။

ကျွန်တော် ခုနစ်တန်းကျောင်းသားဘဝ (၁၉၆၁-၆၂) လက်ကျိုးလို့ မုံရွာပြည်သူ့ဆေးရုံမှာ ဓါတ်မှန်ရိုက်ပြီး ကျောက်ပတ်တီးစည်းရတော့ မြို့နယ်ဆရာဝန်ကြီး (အိန္ဒိယကနေ ခေါ်ခန့်ထားသူ) ကို ၁၆ ကျပ်ပေးရတယ်။

၁၉၆၂ မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ကစပြီး ကျန်းမာရေးအသုံးစရိတ်တွေ နည်းနည်းလာတယ်။ ဆေးနဲ့ ဆေးပစ္စည်းတွေ ရှားရှားလာတယ်။

ပိုက်ဆံချမ်းသာသူတွေက ဆေးရုံကြီးမှာ အထူးအခွင့်အရေးရအောင် အထူးကုဆရာဝန်မကြီးကို နောက်ဆုံးပေါ် ဝတ်စုံတစုံကန်တော့လေ့ရှိကြတယ်။ ကျွန်တော်တို့ အလုပ်သင်ဆရာဝန်တွေက ညဂျူတီမှာ အရီးတောင်း လက်ဖက်ကောင်းကောင်း စားကြရတယ်။ ကျေးဇူး။

ပြင်ပဆေးခန်းတွေက ဆေးတလုံးထိုး ၃ ကျပ်၊ ၅ ကျပ်၊ တဆယ်သာယူကြတယ်။

၁၉၈၈ ခုနှစ်မတိုင်ခင် ပြည်သူ့ဆေးရုံတွေမှာ အရက်ပျံ၊ ပတ်တီး၊ ဂွမ်း၊ ဆေးတွေ မလုံလောက်တော့ပါ။

ဒုတိယအကြိမ်အာဏာသိမ်းစစ်အစိုးရက စရိတ်မျှပေးကျန်းမာရေး ဆိုပြီးလုပ်တော့ လူနာတွေ ပိုက်ဆံပေးလာရပြီ။ ကျွန်တော်လည်း တိုင်းပြည်ကနေထွက်ပြေးရလို့ ပြည်တွင်းက ကျန်းမာရေးကုသမှုစရိတ်တွေအကြောင်း များများစားစား မသိတော့ပါ။

နေမကောင်းသူတွေမေးတာတွေကို ဖြေရလို့တော့ အတန်အသင့် ဆိုးဆိုးလာနေတာကိုတော့ သိတယ်။

၂၀၁၈ ခုနှစ်က တခေါက် အလည်ရောက်တော့ ဆေးရုံတချို့ကိုပါ ဝင်ကြည့်ခဲ့တယ်။ သိလာခဲ့တယ်။

တတိယအကြိမ် စစ်တပ်ကအာဏာသိမ်းပြန်တော့ အထက်ပါစာအတိုင်းဖြစ်လာပါသတဲ့။

စစ်တပ်ကအာဏာသိမ်းခြင်းနဲ့ ကျန်းမာရေးကုသမှုစရိတ် တိုက်ရိုက်အချိုးကျတယ်။

သင်္ချာ မှားပါစေသတည်း။

What is a Ratio? (Using Ratio Language) 

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ