Blood Glucose Meter ဆီးချိုတိုင်းစက်

မင်္ဂလာပါဆရာ ဆီးချိုတိုင်းတဲ့စက်အကြောင်းလေး မေးခွင့်ပြုပါရှင့် ကျွန်မတို့အိမ်က ဆီးချိုတိုင်းတဲ့စက်ကို thada တစိတ်နဲ့ သုံးပါတယ် ဘေးအိမ်ကတော့ g doctor လို့ပြောပါတယ် အဲ့ဒါ သူ့စက်က နေဆီးချို တိုင်းတာ ၁၀၁ လောက်ပဲပြနေပြီ

ကျွန်မတို့အိမ်က စက်နဲ့တိုင်းတော့ 149 လို့စက်က ပြနေပါတယ် သူ့စက်နဲ့တိုင်းပြီးနာရီဝက် လောက်ကြာမှ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတာပါ အဲ့လိုတိုင်းတဲ့အချိန်ကြားထဲ ဘာမှမစားပါဘူး မတိုင်းခင်လဲ မစားထားပါဘူး အဲ့ဒါကို ကွာနေလို့ ဘယ်စက်က အဖြေမှန်မလဲ မသိပဲ အဲ့လိုပဲ ဖြစ်တတ်တာလား ဆီးချိုစက်တွေကို ယုံသင့်ရဲ့လား မသေချာလို့ဆရာဆီကို မေးကြည့်တာ ပါကျေးဇူးပြုပြီးဖြေပေးပါဦးနော်

ဆီးချိုဆိုတာ အချိန်တိုင်း ပြောင်းလဲနေတယ်။ စက်ကရိယာတွေက မတူကြပါ။ သွေးဖိအားတိုင်းတာတွေမှာလည်း မတူကြပါ။ ဆောရီး။

Accuracy and Use of Blood Glucose Meters

BGMs provide accurate blood glucose (blood sugar) readings. In fact, the Food and Drug Administration (FDA) requires all BGMs to be accurate within about 15–20% above or below the actual reading.

ဓါတ်ခွဲခန်းမှာစမ်းလိုရတဲ့အဖြေနဲ့ ကိုယ့်အိမ်သုံးစက်ကအဖြေဟာ ၁၅-၂၀% သာကွာသင့်တယ်လို့ FDA က ဆိုထားပါတယ်။

ယူအက်စ်အေမှာ အသင့်မှန်ဆုံး ဆီးချိုတိုင်းစက်တွေကတော့ 

Bayer Contour Next

Roche ACCU-CHEK AVIVA Pplus

Walmart ReliOn Confirm

CVS Advanced by Agamatrix

FreeStyle Lite by Abbott

Accu-Check Smart View တွေဖြစ်ပါတယ်။

မေးတာကို ဖြေပြီးပြီ။ သတ်ပုံပြင်ဦးမယ်။ တစိတ် မဟုတ်။ တံဆိပ်လို့ရေးရတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ