Crowd Psychology လူအုပ်ဆိုင်ရာ စိတ်ပညာ (၂)

ရွေးကောက်ပွဲကို စိတ်ထဲထားပြီး ရေးပါတယ်။ သတ်ပုံမှားတဲ့စာကို ပါတီမရွေးရေးပါတယ်။ ဒီစာက အင်နယ်လ်ဒီ အတွက်သာမက ပါတီအားလုံးနဲ့ ဆိုင်ပါတယ်။ အင်နယ်လ်ဒီက ပိုပြီးစည်းကမ်းချိုးဖေါက်တာ ဖြစ်လာနိုင်တယ်။

လာမဲ့ရွေးကောက်ပွဲဟာ ကူးစက်ရောဂါကပ်ကြီးနဲ့အတူ မဲဆွယ်ကြရ၊ မဲပေးကြရမယ်။ အုပ်ချုပ်ရေးပိုင်းက စည်းကမ်း ဥပဒေတွေ ထုတ်ပြန်မယ်။ မလိုက်နာသူတွေ ဒုက္ခရောက်နိုင်တယ်။ အဖွဲ့အစည်းပါ နာမည်ပျက်မယ်။ 

စိတ်ပညာမှာ Crowd Psychology လူစုလူဝေးစိတ်နေသဘောထားကို Mob Psychology လို့လည်းခေါ်တယ်။ လူတွေ တဦးတယောက်တည်းနေချိန်မှာရှိတဲ့ စိတ်နေသဘောထား၊ လူစုသေးသေးထဲမှာနေရစဉ် စိတ်နေသဘောထားနဲ့ ကြီးမားတဲ့လူစုလူဝေးထဲရောက်နေစဉ် ပြောင်းလာတတ်တဲ့ စိတ်နေသဘောထားတွေ မတူကြပါ။ 

စိတ်လှုပ်ရှားမှုတွေလည်း မတူကြပါ။ အားငယ်ခြင်းနဲ့ အားတက်ခြင်း။ မလုပ်သင့်တာကို ထိန်းနိုင်ခြင်းနဲ့ လုပ်ရဲကိုင်ရဲ ဖြစ်လာခြင်း။ မြန်မာလူမျိုးရဲ့ဗီဇက ကောက်ရိုးမီးဆန်တယ်။ လူအုပ်ရှိရင် ဟီးရိုး လုပ်ပြချင်ကြတယ်။

Crowd behavior ခေါ်အမူအကျင့်တွေလည်း ပြောင်းလာစေနိုင်တယ်။ Loss of responsibility တာဝန်မဲ့မှုကို ဦးတည်စေတတ်တယ်။ 

Psychology of the Near Miss ဆိုတာ အောင်မြင်မှုရခါနီးမှ ကပ်လွဲခြင်းကို ပြောတာ။ လှေပြိုင်ပွဲမှာ ပန်းဝင်ခါနီး တက်ထောင်တာမျိုး။

စင်ပေါ်ရောက်နေသူတိုင်းမှာ ထူးခြားတာတွေရှိကြတယ်။ ဆယ်လီဘရက်တီလို့ ခေါ်သူတွေကို ပြောတာ။ လက်ရှိ အင်နယ်လ်ဒီပါတီအဖြစ်နဲ့ ခင်ဆင်ဆင်တူတယ်။

Five Major Disadvantages of Being a Celebrity ဆယ်လီဘရက်တီဖြစ်ခြင်းရဲ့ အားနည်းချက် ၅ ခု

၁။ သာမန်လူတွေ လုပ်ကိုင်ဆောင်ရွက်တာမျိုးအတိုင်း လုပ်နိုင်ကြခြင်းမရှိ။

၂။ အပြစ်ရှာ ဆဲဆိုတာ ခံနေကြရမယ်။ တရားစွဲဆိုတာအထိ ခံရနိုင်တယ်။

၃။ အမြဲတန်း ကောင်း၏ ဆိုး၏ အကဲဖြတ်ခံနေကြရမယ်။

၄။ ကိုယ်ပိုင်လွတ်လပ်မှု မရှိကြပါ။

၅။ မိတ်ဆွေတုတွေ အလွန်များများ ရရှိကြလိမ့်မယ်။

ကိုယ်မလိမ္မာတာသာမက မြန်မာ့နိုင်ငံရေးအတွေ့အကြုံတွေအရ တမင်တကာ နာမည်ပျက်စေအောင်လုပ်တာလည်း ခံရနိုင်တယ်။ ပါတီအားလုံးရဲ့ အားပေးသူတွေအကုန်ကို သိစေအပ်ပါတယ်။ လိမ္မာရေးခြား ရှိသင့်ကြပါတယ်။ 

ကျန်းမာရေးနှင့် ညီညွတ်သော ရွေးကောက်ပွဲ ဖြစ်ပါစေသတည်း။

The Pitfalls of Mob Mentality – TJR

ဒေါက်တာတင့်ဆွေ

၈-၉-၂၀၂၀

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ