Norovirus နိုရို ဗိုင်းရပ်စ် ကူးစက်ရောဂါကာကွယ်ရေး



(၁) အစားအသောက် သန့်ရှင်းရေး ဂရုစိုက်ပါ။

(၂) လက်ဆေးနည်း

ပဌမဦးစားပေးနည်း ဆပ်ပြာနဲ့ ရေသုံးပါ။

လက်ကို စက္ကန့် ၂၀ ကြာဆေးပါ။

• ၁ ကနေ ၂၀ ထိ မှန်မှန်ရေတွက်ပါ။ သို့မဟုတ်

• က ကနေ န အထိဆိုပါ။ သို့မဟုတ်

• အေ ကနေ တီ အထိ ဆိုပါ။ သို့မဟုတ်

• ဟက်ပီးဘာ့သ်ဒေးသီချင်း ၂ ခေါက်ဆိုပါ။

အလွယ်နည်း အယ်လ်ကိုဟော ၆၀% ပါတဲ့ Hand Sanitizer လက်ဆေးရည် သုံးပါ။

ဆပ်ပြာခဲ ဆပ်ပြည်ရည် သုံးနေကျကိုသုံးပါ။ အဆန်းတွေ မလိုပါ။ ကလေးငယ်တွေအတွက် ကလေးသုံး ဆပ်ပြာရည် သင့်တယ်။

(၃) Surfaces မျက်နှာပြင်များ သန့်ရှင်းရေး

(စားပွဲ၊ ထိုင်စရာများ၊ မီးဖိုမျက်နှာပြင် စသည်)

အသင့်သုံးနိုင်တဲ့ ဆေးရည်၊ Bleach wipes ဝိုက်ပ် ခေါ် ဆေးရည်ပါ တစ်ရှူးအစို တွေ ရှိတယ်။

Lysol Disinfecting Wipes လည်း ကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ