Winter Safety for Older Adults အသက်ကြီးသူများနှင့် ဆောင်းရာသီ

အသက်ကြီးသူတွေက ငယ်ရွယ်သူတွေလောက် အအေးဒဏ် မခံနိုင်ကြပါ။ 

သူတို့ကိုယ်မှာ ရှိထားတဲ့ အနွေးဓါတ်က မြန်မြန်ဆုံးရှုံးကြတယ်။

ဇီဝအလုပ်တွေကလည်း နှေးလာတယ်။ ဇီဝအလုပ်တွေကနေ အပူဓါတ်ရစေတယ်။

ယေဘုယျအားဖြင့် အပူဓါတ်ကိုထိန်းပေးတဲ့ အဆီလွှာလည်း ပါးလာတယ်။

သွေးလှည့်ပတ်မှုလည်း နှေးလာပြီ။

အထူးသဖြင့် ခြေတွေ လက်တွေ။

အပူဒီဂရီကို ခံနိုင်စွမ်းလည်း ကျလာတယ်။

ဆောင်ရွက်ရန်များ

အခန်းတွင်းအပူချိန်ကို 68°F မှာထားပါ။

နွေးတဲ့ အဝတ်အစားတဆင်စာ ဝတ်ဆင်နေထိုင်ပါ။ ဖလန်နယ်အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းစွပ်၊ ဆွယ်တာ၊ လက်အိတ်၊ ခြေအိတ်၊ စောင်၊ ဖိနပ်၊ အတွင်းခံ။

ရေနွေးအိတ် လိုရင်သုံးပါ။

အိပ်နေစဉ် အခင်းနဲ့ ခြုံစရာတွေက လုံလောက်အောင် နွေးပါစေ။

အစားကို လုံလောက်အောင် စားသုံးပါ။

အရက် သတိထားပါလေ။

ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။

ငယ်ရွယ်သူ၊ သူနာပြုတယောက်ယာက် အကူအညီရယူပါ။

ပူတဲ့သောက်စရာသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း။

အသင့်တော်ဆုံး ပတ်ဝန်းကျင်အပူချိန် 78°F ဖြစ်တယ်။

65°F အောက်မကျပါစေနဲ့။

မဖြစ်မနေထိုးရမဲ့ ကာကွယ်ဆေးတွေ ထိုးပါ။

စိတ်ကို အပြုသဘောဆောင်ပါ။

နေကောင်းကြပါစေသတည်း။

7 Winter Weather Safety Tips for Seniors - Intrepid USA

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ