Cancer Story ရင်သားကင်ဆာ ဝတ္တုတပုဒ်
၂၀၀၇ ခုနှစ်က ညာဖက်ရင်သားမှာ ပဲစေ့လေးလောက်အကျိတ်ကိုစတွေ့တယ်။ မိသားစုထဲမှာလည်း ကင်ဆာရာဇဝင် မရှိပါ။ ကလေးသုံးယောက်ကိုပြုစုနေရတာနဲ့ စစ်ဆေးမှုကိုအာရုံမစိုက်နိုင်ပါ။ ကြီးလာတာတော့သိလာတယ်။ နာလည်းမနာ အနေရလည်းမခက်ပါ။ (၄) လနေတော့ နာလာပြီ။ ပိုကြီးလာပြီ။ စစ်ဆေးမှုတွေလုပ်တော့ အဆင့် (၄) ရောက်နေပြီ။ သိတာနဲ့ တနေကုန်ငိုရပါတော့တယ်။
နောက်တနေ့မှာတော့ ကိုယ့်ကိုယ်ကိုပြန်ထိန်းပါတယ်။ ဝမ်းနည်းဘို့မလိုဘူး။ ခိုင်မာတဲ့ယုံကြည့်ချက်တခုရှိတယ်။ ဘာမဆို အကြောင်းရှိလို့သာဖြစ်လာတာ။ ကင်ဆာကိုပြန်ခံတိုက်မယ်ဆိုရင် ငါဟာ ငါ့ဘဝရဲ့နေ့တိုင်းမှာ ကင်ဆာကို ပြန်တိုက်နေနိုင်ရမယ်။ အခုတော့ ကျမဟာ ကျမတယောက်တည်းအတွက် ခံတိုက်နေသူမဟုတ်တော့ပါ။
သူနဲ့သဘောထားတူးသူ မက်ကူလော့ကိုတွေ့ပြီး လက်တွဲလုပ်ကြဘို့ဆုံးဖြတ်ပါတယ်။ ဖေ့စ်ဘွတ်အုပ်စုတခု ဖွင့်ကြတယ်။ Survivor Sisters ရှင်သန်လာကြတဲ့ညီအမတွေလို့ခေါ်ပါတယ်။ မေးလာသူတိုင်းကို အဲဒီမှာ စကားပြောနိုင်ဘို့ စီစဉ်တယ်။ ဒိနောက်မှာ လူချင်းတွေ့တယ်။
အမေရိကန်ပြည်နယ်ပေါင်း ၃၄ ခုမှာ ရင်သားကင်ဆာ အသိပေးရေးလိုင်စင်ရှိတာတွေ့ရပြီး သူနေတဲ့ ကယ်လီဖိုးနီးယားမှာ မရှိသေးဘူး။ နောက်အဖေါ် ၂ ယောက်ပါတိုးလာတယ်။ ၂၀၁၂ မှာ သူတို့ လေးယောက်တွဲပြီး ကြိုးစားကြတယ်။ သူတို့အားလုံး ရင်သားကင်ဆာဝေဒနာရှင်တွေကိုကူညီနေကြတယ်။ ရင်သားကင်ဆာကို စောစောသိနိုင်လေ ကောင်းလေ ဖြစ်တယ်။
မြန်မာ့အမျိုးသမီးများ အားမလျှော့ကြပါနဲ့။ ဝိုင်းဝန်းအားပေးကူညီကြပါ။ စိတ်ဓါတ်ခိုင်မာပါ။ အကြောင်းကြောင့်သာ အကျိုးဖြစ်တယ်ဆိုတာ ပါဠိမပါလည်း အမှန်ဖြစ်တယ်။ ကံတရား အားကိုးပါလေ။
စာရေးထားတာ ၈ နှစ်တိတိရှိပြီ။ မြန်မာပြည်သူ ဘယ်နှစ်ဦးလောက်က ဖတ်မိကြတယ် မသိပါ။
A Story About Cancer With a Happy Ending
ဒေါက်တာတင့်ဆွေ
၂-၁-၂၀၁၆
Comments
Post a Comment