Dietary Supplements အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် FDA က တားတာ မရှိပါ
ပို့စ် တင်လိုက်မယ်။
ဘယ်ဆေးကို မေးသလဲ မသိ။ Magnesium glycinate စာအောက်ကတော့ ဖြစ်တယ်။ ဒါပေမဲ့ ဆရာဝန်ဆိုတာ တိတိကျကျမသိဘဲ ရမ်းမဖြေရ။
အဲလိုဆေးမျိုးတွေက ဖြည့်စွက်စာအုပ်စုထဲကဖြစ်တယ်။
ဗီတာမင်၊ အားဆေးနဲ့ ဖြည့်စွက်စာဆိုရင် FDA က တားတာ မရှိ။ အဲဒါကြောင့် အလွယ်ဝယ်လို့ရတယ်။
အဲလိုဆေးမျိုးတိုင်းမှာ အညွှန်းတွေပါတယ်။ ကြော်ငြာတွေလည်း ကောင်းလေ့ရှိတယ်။
ဗီတာမင် ဘီ၊ စီတို့၊ ကယ်လ်စီယမ်၊ သံဓါတ်တို့လို တကယ်လိုသူတွေ မသောက်မဖြစ်တာမျိုးနဲ့ အခုဆေးမျိုးတွေက မတူပါ။ သောက်လိုသူ သဘောအတိုင်းသာ ဖြစ်ပါတယ်။
ဆေးသောက်လို့ ဘေးထွက်ဆိုးကျိုး မများတာ၊ မရှိလောက်တာဆိုရင် FDA က ခွင့်ပြုလေ့ရှိတယ်။
ဆေးပုလင်း၊ ဆေးဗူးတွေပုံစံ သိသာတယ်။
အားမနာ ပါးမနာလည်း ထည့်ဦးမယ်။ အဲလိုဆေးမျိုးတွေမှာ သတိထားသင့်တာတွေလည်း ရှိတယ်။
Popular Dietary Supplements Contain Hidden, Harmful Substances
ဒေါက်တာတင့်ဆွေ
Comments
Post a Comment