HIV p24 antigen antibody test စစ်ဆေးနည်း
အဲ့ test က ၄၅ရက်နောက်ဆုံးထိစစ်ရတယ်ပဲပြောလို့ဆရာ ဟုတ်လားဗျ
HIV p24 antigen antibody test စစ်ဆေးနည်းက HIV antibodies အင်တီဘော်ဒီ ကိုရော p24 antigen အင်တီဂျင် ကိုပါ စစ်တယ်။
သွေးဖေါက်ပြီး စစ်ရတယ်။
ကူးစက်ခံရပြီးနောက် 11 days after infection အစောဆုံး ၁၁ ရက်မှာ စပြီးစစ်နိုင်ပြီ။
Screening test for HIV ဆန်ကာတင်စစ်ဆေးရာမှာ သုံးနိုင်တယ်။
Positive ပြသူကို နောက်တဆင့် follow-up tests သေချာအောင် ထပ်လုပ်ရမယ်။
Rapid antibody tests နဲ့ rapid antigen/antibody tests တွေက အဖြေရဖို့ မိနစ် ၃၀ သာ ကြာတယ်။
Lab tests ဓါတ်ခွဲခန်းမှာစစ်ရင် ရက်တွေကြာမယ်။
Nucleic acid test (NAT) စစ်နည်းက သေချာအောင်လုပ်တဲ့နည်းဖြစ်တယ်။ သွေးထဲမှာ ရှိနိုင်တဲ့ ဗိုင်းရပ်စ်ကို ရှာတာ။ viral load test လို့လည်း ခေါ်တယ်။
NAT နည်းကို သံသယဖြစ်စရာနဲ့ကြုံပြီး ရောဂါလက္ခဏာလည်းရှိသူတွေကို စမ်းတယ်။ HIV treatment ကုသမှု ခံယူနေသူတွေကိုလည်း monitor အဖြစ် စမ်းရတာ ရှိတယ်။
Other HIV tests အခြားစစ်နည်းများ
Antibody tests နည်း HIV အင်တီဘော်ဒီတွေကို blood သွေး သို့မဟုတ် oral fluid ခံတွင်းအရည်ကို စစ်တယ်။
Antigen/antibody tests သွေးထဲက HIV antibodies အင်တီဘော်ဒီ + HIV antigens အင်တီဂျင် ကို စစ်တယ်။
CD4 cell count နည်း။
HIV-AIDS အကြောင်း ထပ်သိလိုတာတွေ Blog မှာ အားလုံးတင်ထားပါတယ်။
HIV Antibody & P24 Antigen - Walk-in Clinic
ဒေါက်တာတင့်ဆွေ
Comments
Post a Comment