Know Your Place ကိုယ့်နေရာကို သိပါ
ပါးစပ်နာစာအောက်မှာ ကွန်မင့်တခုက ဆေးနည်းပေးတယ်။ အဲတာကို ၁-၂ ယောက်က မေးတယ်။ ဖြေတယ်။
ပို့စ်အောက်မှာ မမှန်ကန်တဲ့ ကိုယ်ပိုင်ဆေးနည်းတွေ လာရေးတာမှန်သမျှကို ဖျက်ပါတယ်။ ဆောရီး။
ကင်ဆာနေရာတွေမှာတော့ ဘယ်သူက ဘာရေးရေး တင်ထားကြတယ်။ အဟုတ်မှတ်ပြီး ရှာဝယ်သူတွေကလည်း များတယ်။
- အောက်မည်းညိုတဲ့။ အမည်လည်း မှန်အောင်မရေးတတ်။
- ဆေးအိုးပုတ်တဲ့။ ကင်ဆာလူနာကို အိုးပုတ်နဲ့ ကစားခိုင်းနေတာ။
- လောက်သေရွက်တဲ့။ ဖတ်တာနဲ့ကို ရွံစရာကောင်းတယ်။
- ငှက်သိုက်ကတော့ ကင်ဆာ ၉၆ မျိုးနဲ့ ကိုဗစ် ၉၆ ပါး။
- ဘီးစတ်ရွက်တဲ့။ အရွက်အမည်မှန်က ဘီးစပ်။ ဆေးနည်းကတော့ သွက်သွက်ခါ မှားတယ်။
- သများနီဆိုတား၊ သမြားနီဆိုတာ၊ သမျှားနီဆိုလား။
- တစ်မာရွက်တဲ့။ အညာမှာတော့ မရှိပါ။ နေပြည်တော်မှာ ရှိနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၃-၁-၂၀၁၉
Comments
Post a Comment