Man and Woman ယောက်ျားလေး မိန်းကလေး အမျိုးသား အမျိုးသမီး
ဒီအသက်အရွယ်မှာ သွေးတိုးနဲ့ ဆီးချို စစ်သင့်။ လူဝရင် ကိုလက်စထော ခေါ် အဆီဓါတ်ပါစစ်သင့်။
ဖြေပြီးပြီ ပြောဦးမယ်။
အသက် ၄၀-၅၀ ကျော်သူတွေက ယာက်ျားလေးထက် အမျိုးသားလို့သုံးနှုံးသင့်။ ငယ်ရွယ်သူတွေသာ ယောက်ျားလေးလို့ သုံးသင့်။
သွေးဆုံးအရွယ် အမျိုးသမီးတွေကလည်း မိန်ကလေးလို့သုံးနေတာ မသင့်။ မေးခွန်းမှာရေးကြတယ်။ ကလေးအမေတွေကလည်း သူတို့ကိုယ်သူတို့ သမီးတဲ့။
အမျိုးသား၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး အသုံးတွေ သူ့နေရာနဲ့သူသာ သင့်တယ်။ ယောက်ျားဆိုတာ ခင်ပွန်း။ မိန်းမဆိုရင် ဇနီး။ ကျား-မ ဆိုတာ လိင်ကိုဖေါ်ပြတာ။
သား၊ သမီး၊ အကို၊ ဦးလေး၊ ဦးကြီး၊ အဘ၊ ဘဘ တဲ့ ဘယ်လိုမှ သွေးမတော်မျိုးမစပ်တွေကို ခေါ်နေကြတယ်။
လမ်းမှာတွေ့လို့ အရွယ်နဲ့ ဂုဏ်အရ သင့်တော်လောက်တာကို ရွေးခေါ်တာကတော့ အများအားဖြင့် (အားလုံးတော့ မဟုတ်) ယဉ်ကျေးပါတယ်။ အခုခေါ်နေကြတာက ဖေ့စ်ဘွတ်မှာ။
ကျွန်တော်၊ ကျနော်၊ ဗျ၊ ခင်ဗျာ၊ ဗျာ၊ ဟုတ်ကဲ့၊ ရှင်၊ ရှင့် အသုံးတွေလည်း ပျောက်သလောက်ဖြစ်နေပြီ။ ဟုတဲ့၊ ပါပီတဲ့။ အဲဒါတွေက အကောင်တွေနဲ့ဆိုင်တယ်။ ကန်တော့။
ဒေါက်တာတင့်ဆွေ
၁၄-၁-၂၀၁၉
Comments
Post a Comment