Orlistat ပိန်ဆေးမေးခွန်းများ



၁။ ဆရာရှင့် ကျွန်မအသက် ၃၀ ပါအိမ်ထောင်ရှိပါတယ် အရမ်းအဝလွန်နေလို့ပါ အရပ်က ၅ပေ၅ လက်မမ ပေါင်ချိန်က ၁၈၀ ပေါင်ပါ 

သမီးပိန်ချင်လို့ ဆေးသောက်ချင်တာပါ ဒီဆေးနှစ်မျိုး က အတူတူပဲလားရှင် ဘာကွာလဲပြောပြေပေးပါလားဆရာရှင့်

ZytrimR

Zytrim Orlistat Capsule 

၂။ ဆရာ ကျနော် အသက်က ၃၉နှစ်ပါ။ ဝနေလို့ ဆေးဆိုင်က အဆီကျဆေးညွှန်းပါတယ်ဆရာ။ သုံးသင့်မသုံးသင့် အကြံ ပေးပါခင်ဗျာ။

၃။ ဆရာရှင့် သမီးအသက်၂၂ ပါ။ လူကတနေ့တခြားဝလာတယ်။ သမီးအဆီကျဆေး xenical Orlistt သောက်လည်း မထူးခြားပါဘူးဆရာ။ အဆီကျဆေးတိုင်းလဲ မသောက်ရဲလို့ ဆရာနဲ့တိုင်ပင်ကြည့်တာပါရှင့်။ ပေါင်ချိန်တက်လာတော့ ခြေဖနောင့်တွေ အရမ်းနာပါတယ်။ တခါတလေ ထောက်လို့တောင်မရပါဘူးရှင့်။ ပေါင်ချိန်က ၁ရဝ ပါဆရာ။

၄။ ဆရာ PELLTRIM က ဝိတ်ကျတယ်ဆိုလို့ အဲဒီဆေးအကြောင်းရှင်းပြပါလား ကျေးဇူးတင်ပါတယ်။

၅။ ဆရာရှင့် အမတယောက်က Orlistat 120 mg ဆိုတဲ့ဆေးကို သောက်နေပါတယ်။ အဲ့ဒီဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးလေး သိချင်လို့ပါ။ တချို့ကလည်း အဲ့ဒီဆေးကို ပိန်ဆေးလို့ပြောပါတယ်။ တချို့ကလည်း မလိုလားအပ်တဲ့ အဆီတွေကျစေတယ်လို့ပြောပါတယ်။ သမီးက အဲ့ဒီအမအတွက် စိတ်ပူလို့ ဆရာ့ဆီ အကူအညီတောင်းတာပါ။

၆။ ဆရာ ဒီဆေးနဲ့ပက်သက်ပြီး ကောင်းကျိုးဆိုးကျိုးလေး သိချင်ပါတယ်ဆရာ။ သမီးအဲဆေးကို သောက်နေတာပါ။ သူငယ်ချင်းတယောက်နဲ့စကားစပ်မိပြီး အဆီကျချင်တယ်ပြောတော့ ဒီဆေးကို လမ်းညွှန်တာနဲ့ သောက်ဖြစ်တာပါဆရာ။ ဆိုးကျိုးဆိုတာကိုမေ့ထားပြီး သောက်မိနေတာပါ။ အခုအသေအချာလေး သတိထားကြည့်လိုက်တော့ ဆရာဝန်က သေချာ လမ်းညွှန်ထားတာမဟုတ်တော့ စိုးရိမ်စိတ်လဲဖြစ်လာမိပါတယ်ဆရာ။

၇။ Xenical ဆိုတာဘယ်လိုဆေးမျိုးပါလဲဆရာ။ အဆီကျတယ်ဆိုလို့ ဆရာဝန်ညွှန်ကြားမှုမရှိပဲ တနေ့တလုံးသောက်ရင် ဘာဖြစ်နိုင်လဲဆရာ။

၈။ Hello ဆရာ ဒီအဆီကျဆေးသုံးလို့ရရင် ဆရာ့ရဲ့ instructions လိုချင်ပါတယ်။ အသက် 22 ပြည့်ပြီးပါပြီ။ အရပ် 6 feet ကျော်ပါတယ်။ 136 kg or 300 lbs ရှိပါတယ်။

၉။ ယခု အသုံးများနေတဲ့ အဆီချဆေးအကြောင်းလေးမေးချင်လို့ပါဆရာ။ Orlistat 120mg ဆေးရဲ့အကြောင်းလေး အသေးစိတ်သိချင်လို့ပါဆရာ။ ယခု ကျနော်တို့ ညောင်ဦးမြို့မှာ Orlistat 120mgကို မိန်းကလေး တော်တော်များများ အသုံးပြုနေကြတယ်ဆရာ။ ဆေးစားပြီးတာနဲ့ ဝမ်းသွားတဲ့ထဲမှာ အဆီတုံးတွေကျတယ်လို့ ပြောနေကြတယ်ဆရာ။ စိတ်ထဲမှာ အဲဆေးကို သံသယဖြစ်မိလို့ ဆေးအကြောင်းလေးကို အသေးစိတ်ရှင်းပြပေးပါခင်ဗျား။

၁၀။ ဒီဆေးက ကြော်ငြာဆေးမဟုတ်ဘူး ဆရာဝန်တွေညွှန်တဲ့ အဆီကျဆေးဆိုတာ ဟုတ်ပါသလားဆရာ။

Orlistat ဆိုတာ Pelltreim ပိန်ဆေးဖြစ်တယ်။ tetrahydrolipstatin ဆေးဖြစ်တယ်။ Xenical နာမည်နဲ့လဲရောင်းတယ်။ အသင့်အတင့် ထိရောက်တယ်။ သွေးဖိအားလဲနည်းနည်းကျစေတယ်။ ဆီးချိုကိုလည်းကာကွယ်ရာကျတယ်လို့ဆိုတယ်။ အင်တာနက်ကနေ မဝယ်သင့်ပါ။ သက်ရောက်မှု မတူတာတွေ့ရတယ်။ တနှစ်တာ လေ့လာမှုတခုလုပ်တော့ ၁၆့၄% ကနေ ၂၄့၈% မှာ အဆီ ၁ဝ% ကျတာတွေ့ရတယ်။ ၃၅့၅% ကနေ ၅၄့၈% မှာ ကိုယ်ထုထည် ၅% ကျတယ်။ ဆေးရပ်ပြီး အလေးချိန်ပြန်တက်တာလဲ ၃၅% ရှိတယ်။

Xenical ဇန်နီကယ်ဆိုတာလည်း Orlistat ဆေးဖြစ်တယ်။ အွန်လိုင်းကနေ ဒီဆေးဝယ်တာစိတ်မချရပါ။ ဆေးထဲမှာ Sibutramine (Meridia) ဆိုတဲ့ ကိုယ်အလေးချိန် ကျဆေးပါတယ်။ Xenical 120-mg capsule တနေ့ (၃) ကြိမ်။ အဆီပါအစားအစာစားပြီးနောက် (၁) နာရီအတွင်းသောက်ပါ။ ဗီတာမင်အားဆေးကို ဒီဆေးမသောက်ခင် ၂-၃ နာရီ ကြိုတင်-နောက်ကျ သောက်ပါ။ Cyclosporine therapy ဆေးသောက်နေရသူဆိုရင် Xenical နောက် (၃) နာရီခြာသောက်ပါ။ Levothyroxine therapy ဆေးသောက်နေရသူဆိုရင် Xenical နောက် (၄) နာရီခြာသောက်ပါ။

စားလိုက်တဲ့ အစာထဲမှာ အဆီပါနေတာကို ကိုယ်ကနေ စုပ်ယူတာ မလုပ်အောင် တားပေးမယ်။ (ကယ်လိုရီ) မများစေဘူး။ ကိုယ်အလေးချိန်ချတာမှာ ဒီဆေးက ထိရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသင့်အတင့်သာ ရမယ်။

ဆေးနဲ့အတူ အဆီလျှော့စားတာနဲ့ လေ့ကျင့်ခန်းလုပ်တာလဲ တွဲရမယ်။ ဆရာဝန်ကနေညွှန်သလို အစားအစာ စားနည်းနဲ့ပါတွဲမှ ထိရောက်တယ်။  အဲလိုလုပ်နိုင်သူတွေ တနှစ်နေတဲ့အခါ ကိုယ်အလေးချိန် ၂-၃ ကေဂျီ လျှော့စေတယ်လို့ လေ့လာမှုတွေအရ သိရတယ်။ သွေးဖိအား (သွေးတိုး) ကိုလဲ အသင့်အတင့် ချပေးသေးတယ်။ ဆီးချိုဖြစ်လာမှာကိုလဲ တာဆီးတဲ့သဘော ရှိတယ်။ လေ့လာမှုတခုအရ ဆေးသောက်သူထဲက ၃၅့၅-၅၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၅% ကျတယ်။ ၁၆့၄-၂၄့၈% မှာ ကိုယ်ခန္ဓာထုထည် ၁ဝ% ကျတယ်။ ဆေးဖြတ်လိုက်ရင်တော့ ၃၅% မှာ ကိုယ်အလေးချိန် ပြန်တက်တယ်။

ဘေးထွက်သက်ရောက်မှုတွေကတော့ Steatorrhea ဝမ်းသွားတဲ့အထဲ အဆီတွေပါနေမယ်။ သက်သာအောင် အဆီပါတာ ရှောင်ရမယ်။ ဝမ်းသွားရအဆင်မပြေတာ၊ မထိန်းနိုင်တာ၊ အမြန်သွားချင်တာဖြစ်မယ်။ သက်သာချင်ရင် အဆီမစားပါနဲ့။ အတွင်းခံအဝတ်မှာ အဆီစက်ထင်နိုင်တယ်။ ဝမ်းသွားတဲ့အကြိမ် များနိုင်တယ်။ ပျို့-အန်တာ၊ ဗိုက်အောင့်တာ ဖြစ်နိုင်တယ်။ ဆီးအရောင်ရင့်နိုင်တယ်။ အစားပျက်နိုင်တယ်။ ဆေးသောက်စမှာ ပိုသိသာတယ်။ နောက်ဆိုရင် သက်သာလာနိုင်တယ်။ သည်းခြေကျောက်၊ ဆီးချို၊ လည်ပင်းကြီးဟော်မုန်းနည်းရောဂါ၊ သရက်ရွက်ရောဂါ၊ အသည်းရောဂါ ရှိနေသူတွေ မသင့်ပါ။ ကိုယ်ဝန်အတွက် FDA pregnancy category B သတ်မှတ်ထားလို့အကျိုးက အဆိုးထက်ပိုရင် သောက်နိုင်တယ်။ Malabsorption အစာမချက်နိုင်တဲ့ရောဂါ၊ သည်းခြေအိတ်အလုပ်နည်းနေသူ၊ အသည်းမကောင်းသူနဲ့ သရက်ရွက်မကောင်းသူတွေကို သတိထားပေးရတယ်။ အသက် ၁၈ နှစ်အောက်လဲ မသောက်သင့်ပါ။ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလား ဆန်းစစ်နေတယ်။

ဆီးချိုဆေးတွေ၊ Cyclosporine ဆေး၊ Digoxin ဆေး၊ Levothyroxine ဆေး၊ Warfarin ဆေးတွေနဲ့ တွဲသောက်နေရရင် ဆရာဝန်ပြောပါ။ ဗီတာမင်တွေထဲမှာ (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေဟာ အဆီမှာ ပျော်ဝင်ကြတယ်။ ဒါကြောင့် Vitamin A, D, E, K နဲ့ beta-carotene ပါတဲ့အားဆေး တနေ့တလုံး ညစဉ်သောက်နေသင့်တယ်။

1. Cobese (120 mg)

2. Cobese (60 mg)

3. Nipocut (120 mg)

4. Obelit

5. Obfree (60 mg)

6. Olisat (120 mg)

7. Olisat (60 mg)

8. Orlica

9. Orlimac

10. Orlitroy

11. Pelltreim

12. Reeshape

13. Reeshape 120

14. Trim

15. Troyslim

16. Vyfat

17. Zerofat စတဲ့နာမည်တွေနဲ့ရောင်းတယ်။

Wegovy နဲ့ Ozempic စတဲ့ ဆီးချိုအတွက် ထိုးဆေးတွေကို ကိုယ်အလေးချိန်ကျဆေးအဖြစ် သုံးလာကြပါတယ်။ ယူအက်စ်အေမှာ အတော်ပေါ်ပြူလာဖြစ်နေတယ်။

Weight loss pills ပိန်ဆေးတွေအန္တရာယ် https://dr-tint-swe.blogspot.com/2022/03/weight-loss-pills.html

Baschi ပိန်ဆေး ဆက်ရေးခြင်း https://dr-tint-swe.blogspot.com/2021/11/baschi.html

Wegovy ကိုယ်အလေးချိန်ကျဆေး https://dr-tint-swe.blogspot.com/2024/08/wegovy.html

Ozempic ကိုယ်အလေးချိန်ကျဆေး ဈေးနှုန်း https://dr-tint-swe.blogspot.com/2024/09/ozempic.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ