Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး

ဆရာ သမီးက အသက်၂၂ ရှိပါပြီ။ papillary thyroid carcinoma လို့ အဖြေထွက်ထားတာပါ။ prognosis ကောင်းမှန်း သိထားပေမယ့် ca ဆိုတာနဲ့ တကယ်စိတ်ညစ်ရပါတယ်။ ခုက total thyroidetomy and neck dessertion လုပ်ထားရပါတယ်ဆရာ။ nuclear ward ကိုလွဲထားပါတယ်။ သမီးရှေ့ဆက်ဘာလုပ်သင့်လဲဆရာ။

လည်ပင်းကြီးအိတ်ခေါ် အကျိတ်ကနေဖြစ်တဲ့ကင်ဆာအမျိုးအစားထဲမှာ Papillary carcinoma ကအများဆုံးဖြစ်တယ်။ ယူအကစ်အေမှာ ၈၀၀% ရှိတယ်။ အမျိုးသမီးတွေကအဖြစ်များတယ်။ အသက် ၃၀ နဲ့ ၅၀ ကြားအဖြစ်များတယ်။ ဘာလို့ဖြစ်သလည်း မသိသေးပါ။ မျိုးဗီဇကိုစဉ်းစားရတယ်။ ဓါတ်ရောင်ခြည်သင့်တာလည်း စဉ်းစားရတယ်။ 

ဒီရောဂါရှိနေရင် လည်ပင်းမှာအကျိတ်စမ်းမိတာကနေစတယ်။ လည်ပင်းကြီးအကျိတ် ၉၀% က ကင်ဆာမဟုတ်ပါ။ အာလ်ထွာဆောင်းမှာ ၁ စင်တီမီတာထက်ကြီးမယ်ဆိုရင်  (FNAB) အသားစထုတ်ယူစစ်ဆေးမယ်။ လည်ပင်းကြီးဟော်မုန်းတွေစစ်ရင် ပုံမှန်သာရှိနေမယ်။ 

ကုသနည်းတွေမှာ

၁။ Surgery ခွဲစိတ်ထုတ်ပေးမယ်။ တခုလုံးထုတ်တာများတယ်။ အဲတာကြောင့် လည်ပင်းကြီးဟော်မုန်းနည်းမနေအောင် Levothyroxine ဆေးတသက်သုံသောက်ရမယ်။

၂။ Radioactive iodine အနုမြူဆေးပေးမယ်။

၃။ Medication ဆေးပေးမယ်။

၄။ External radiation therapy ခွဲမဖြစ်သူတွေကို ဓ့တ်ကင်ပေးမယ်။

၆ လကနေ ၁၂ လတခါ ဟော်မုန်းစစ်ဆေးနေရမယ်။ 

ကုသပြီးနောက်မှာ ရောဂါအတွက် Ultrasound of the thyroid အာလ်ထွာဆောင်းရိုက်မယ်။

Radioactive iodine (I-131) uptake scan စကန်လုပ်မယ်။ 

အလားအလာ အလွန်ကောင်းပါတယ်။ လူကြီးမှာဖြစ်ရင် ၉၅% ကျော်ဟာ ၁ဝ နှစ်သက်တမ်းရှိတယ်။ တခြား ကင်ဆာတွေကို ၅ နှစ်သက်တမ်းနဲ့သာသတ်မှတ်တယ်။ လူနာက အသက် ၄၀ မကျော်သေးရင် အလုံးလည်းသေးရင် အလားအလာ ပိုကောင်းတယ်။ 

Recognizing Thyroid Nodule Symptoms: When to Seek Treatment

ဒေါက်တာတင့်ဆွေ

၉-၁-၂၀၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ