Side effects ဘေးထွက်သက်ရောက်မှုများ

Side effects ကို အရင်က ကျွန်တော့်စာတွေမှာ ဘေးထွက်အကျိုးများလို့သာသုံးခဲ့ပါတယ်။ အခုတော့ ဘေးထွက်သက်ရောက်မှုများလို့ နိုင်သလောက် လိုက်ပြင်နေပါတယ်။ 

• Alprazolam Side effects ဆေး၏ ဘေးထွက်အကျိုးများ

• Carbimazole လည်ပင်းကြီးဟော်မုန်းများခြင်းအတွက်ဆေး၏ ဆိုးကျိုးများ

• Emergency contraception side effects အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

• High Blood Pressure Medications Side Effects သွေးကျဆေး ဘေးထွက်ဆိုးကျိုးများ

• HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

• HIV medicines Side effects (2) ART ဆေး ဘေးထွက်ဆိုးကျိုးတွေ နည်းအောင်နေခြင်း

• Pills and Side effects တားဆေးရဲ့ ဘေးထွက်ဆိုးကျိုး ရှောင်နည်း

• Radiotherapy side effects ကင်ဆာအတွက်ဓါတ်ကင်ရခြင်း ဘေးထွက်ဆိုးကျိုးများ

• Side Effects of Otrivin Nasal Spray နှာခေါင်းဆေး ဘေးထွက်-ဆိုးကျိုးများ

• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်ဆိုးကျိုးတွေ

ဘယ်အရာမဆို လိုချင်တဲ့အာနိသင်သာမက တခြားအစွမ်းတွေလည်း ရစေပါတယ်။ ဆေးတွေသာမဟုတ်ပါ၊ အစားအသောက်တွေကနေလည်း ရစေတယ်။ တက်စာဆိုပြီး အရပ်ပြော ပြောကြတဲ့အစာတွေ။ ဝမ်းလွယ်တဲ့အစာတွေ စသဖြင့်။

ဘေးထွက်သက်ရောက်မှုတွေကို လူနာတွေသိစရာနဲ့ ဆေးပညာရှင်တွေသိစရာဆိုပြီးခွဲထားတယ်။ သိရင် ဘယ်ဆေးမှာ သောက်ရဲစရာမရှိလောက်ပါ။ ဆောရီး။ ဖြစ်နိုင်တဲ့သက်ရောက်မှု တခုချင်းကို အကြိမ်ရေနဲ့ ဆေးသုတေသနလုပ်ရတယ်။ 

အဖြစ်များ Very common >=1/10

ဖြစ်တတ် Common (frequent) >=1/100 and <1/10

အဖြစ်နည်း Uncommon (infrequent) >=1/1000 and <1/100

ရှား Rare >=1/10000 and <1/1000

အလွန်ရှား Very rare <1/10000 

ဘေးထွက်ဆိုးကျိုးများလို့ပြောကြတာနဲ့ မသောက်မဖြစ်တဲ့ ART ဆေးတွေ၊ TB ဆေးတွေကို မေးကြတယ်။ သွေးကျဆေးတွေလည်း အဲလိုပဲမေးကြတယ်။ ကန်တော့ပါ အရေးပေါ်ကိုယ်ဝန်တားဆေး မေးတဲ့သူရှားတယ်။ အရက်နဲ့ မူးယစ်ဆေး မမေးကြပါ။ 

ဆေးဆိုတာ အကျိုးနဲ့ အဆိုးကိုချင့်ချိန်ပြီး များတဲ့ဘက်ကို လိုက်ပေးရပါတယ်။ ဘေးထွက်သက်ရောက်မှု နည်းအောင် လုပ်နည်းတွေလည်းရှိတယ်။ ဆေးတခုချင်းစီရဲ့ ဘေးထွက်သက်ရောက်မှုတွေလည်း ရေးထားပါတယ်။

ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ကြောက်ရင် ရောဂါကင်းအောင်နေဘို့ ခါတိုင်းထက်ပိုပြီး ဂရုပြုပါလေ။

How Are Common Side Effects and Rare Side Effects Defined? | PainScale

ဒေါက်တာတင့်ဆွေ

၂-၁-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ