Smoking ဆေးလိပ်နဲ့ ကျန်းမာရေး

ဆရာရှင့် ကျွန်မအဖေ အသက် ၆၄နှစ် အခုထိဆးလိပ်သောက်ပါတယ် အရက်မသောက်တာတော့ ၂နှစ်လောက်ရှိပါပြီ medical checkup လုပ်ပေးချင်တာဆရာ ရှင်းပြပေးပါဆရာ

Smoking Causes 12 Different Kinds of Cancers ဆေးလိပ်သောက်တာကနေ ကင်ဆာ ၁၂ မျိုးကိုဖြစ်စေနိုင်တယ် https://doctortintswe.blogspot.com/2015/06/smoking-causes-12-different-kinds-of.html

Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ https://doctortintswe.blogspot.com/2015/02/smoking-and-cancer.html

အဆုပ်ကင်ဆာလက္ခဏာ (၁၀) ခု

1. Coughing ချောင်းဆိုးခြင်း၊

2. Pain in your chest ရင်ပတ်နာခြင်း၊

3. Catching your breath အသက်ရှူနေတာကိုသတိထားမိနေခြင်း၊

4. Changes in your voice အသံပြောင်းလာခြင်း၊

5. Sore Torso ကိုယ် (ရှေ့-နောက်) တွေနာခြင်း၊ 

6. Breast tissue growth ရင်သားကြီးလာခြင်း (ယောက်ျား)၊

7. Odd shoulder pain ပခုံးနာခြင်း၊

8. Swelling of hands and fingers လက်ချောင်းတွေရောင်ခြင်း၊

9. Tired မောပန်းခြင်း၊

10. Additional ailments တခြားအဆုပ်ရောဂါ (နူမိုးနီးယား၊ လေပြွန်ရောင်) ရောဂါတွေရှိနေခြင်း။

၁၅-၆-၂ဝ၁၅ ဇွန်လလယ်ထုတ် (တိုင်းမ်) မဂ္ဂဇင်းပါ ဆေးပညာဆောင်းပါးဖြစ်ပါတယ်။ လေ့လာမှုတွေအရ ကင်ဆာ ၁၂ မျိုးကြောင့် သေဆုံးသူတွေကို လေ့လာတော့ သူတို့ထဲက ၄၈% ကျော်ဟာ ဆေးလိပ်သောက်ခဲ့သူတွေ ဖြစ်နေတာတွေ့ရတယ်။

စီးကရက်သောက်ရင် အဆုပ်ကင်ဆာဖြစ်နိုင်တာတော့ လူတိုင်းလိုလို သိကြမှာပါ။ သေဆုံးသူတွေထဲမှာ ၈ဝ% ရှိလို့ သိတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီတမျိုးတည်းမကပါ သရက်ရွက်ကင်ဆာကနေ သွေးကင်ဆာအထိပါဝင်ပါတယ်။ အစာမျိုပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနဲ့ အသည်းကင်ဆာတွေလည်းပါတယ်။ လည်ချောင်းကင်ဆာနဲ့ သေဆုံးကြရသူတွေထဲမှာ ဆေးလိပ်သောက်သူ ၇၇% ပါတယ်။

Centers for Disease Control and Prevention ဌာနကနေ ၂ဝ၁၁ ခုနှစ်ကလေ့လာခဲ့တာပါ။ ယူအက်စ်မှာ ၁၆၈ဝဝဝ ယောက်ဟာ ဆေးလိပ်သောက်တာနဲ့ဆက်စပ်ပြီး နှစ်စဉ်သေဆုံးနေရပါတယ်။ ဆေးလိပ်သောက်သူ နည်းလာတာတော့ မှန်ပါတယ်။ ထပ်လုပ်စရာတွေက အများကြီးရှိသေးတယ်။

ဆရာ မဂ်လာပါ အဆုတ်ကင်ဆာအဆင့် ၄ကို အရိုးထိပျံ့ (ပြန့်) နေတာ ကုသလို့ရနိုင်ပါလားဆရာ ဖေဖေက အရိုးထိပျံ (ပြန့်) ပြီး မထနိုင်တော့ပါဘူး အရမ်းကိုနာကျင်နေတာပါ ဘယ်လိုဆက်ကုသရမလဲရှင့် ဆရာဝန်တွေကတော့ အသက်သာဆုံးဖြစ်ဖို့ပဲ ရတော့မယ်တဲ့ မိဘမို့မဆုံးရှုံးချင်ပါဘူး

- Lung Cancer (1) အဆုပ် ကင်ဆာ (၁) https://dr-tint-swe.blogspot.com/2021/04/lung-cancer-1.html

- Lung Cancer (2) အဆုပ်ကင်ဆာ (၂) https://dr-tint-swe.blogspot.com/2021/04/lung-cancer-2.html

- Lung Cancer and Broncholithiasis အဆုပ်ကင်ဆာ ဘရောင်ခိုလစ်သီယေးဆစ် https://dr-tint-swe.blogspot.com/2021/04/lung-cancer-and-broncholithiasis.html

- Lung Cancer and Papaya အဆုပ်ကင်ဆာ နဲ့ သင်္ဘောရွက် https://dr-tint-swe.blogspot.com/2021/04/lung-cancer-and-papaya.html

- Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင် 

- Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ https://dr-tint-swe.blogspot.com/2021/09/smoking-and-cancer.html

- Lung Cancer အဆုတ်ကင်ဆာ ကဗျာ https://dr-tint-swe.blogspot.com/2021/07/lung-cancer.html

- Tests to diagnose lung cancer အဆုတ်ကင်ဆာကို ရောဂါအမည်တပ်ရန် စစ်ဆေးနည်းများ https://dr-tint-swe.blogspot.com/2022/03/tests-to-diagnose-lung-cancer.html

- Lung Cancer Diagnosis အဆုတ်ကင်ဆာ စစ်ဆေးနည်းများ https://dr-tint-swe.blogspot.com/2022/04/lung-cancer-diagnosis.html

- Lung Cancer in Nonsmokers ဆေးလိပ်မသောက်သူများနှင့် အဆုတ်ကင်ဆာ https://dr-tint-swe.blogspot.com/2021/11/lung-cancer-in-nonsmokers.html

- Signs and Symptoms of Lung Cancer အဆုတ်ကင်ဆာ လက္ခဏာ ၇ ခု https://dr-tint-swe.blogspot.com/2022/04/signs-and-symptoms-of-lung-cancer.html

- Cancer Pain ကင်ဆာကြောင့်နာခြင်း https://dr-tint-swe.blogspot.com/2022/07/cancer-pain.html

- Cancer Pain Medicines ကင်ဆာကြောင့်နာတာကိုသက်သာစေတဲ့ ဆေးအပြင်းစားများ https://dr-tint-swe.blogspot.com/2022/02/cancer-pain-medicines.html

ဒေါက်တာတင့်ဆွေ

၃-၁-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ