Topical Medicines လိမ်းဆေးနဲ့ ထိုးဆေး သိပ်မထူးပါ
ဆေးပေးနည်း လမ်းကြောင်းအမျိုးမျိုးရှိပါတယ်။
၁။ Topical အပေါ်ယံမှပေးခြင်း
• Epicutaneous အရေပြားပေါ်သို့ပေးခြင်း၊ ဥပမာ အလာဂျီဆေး၊ ထုံဆေး၊ ဆေးတည့်မတည့် စမ်းခြင်း
• Inhalational ရှူဆေး၊ ဥပမာ ပန်းနာဆေး
• Enema စအိုမှပေးခြင်း၊ ဥပမာ ဝမ်းခြူခြင်း။
• Eye drops မျက်စိထဲထည့်ခြင်း၊ ဥပမာ မျက်စဉ်း
• Intranasal နှာခေါင်းထဲထည့်ပေးခြင်၊ ဥပမာ decongestant nasal sprays နားဆေးရည်
• Vaginal မွေးလမ်းကြောင်းထဲထည့်ခြင်း၊ ဥပမာ အီစထိုဂျင်ဟော်မုန်းဆေး၊ ပိုးသေဆေး။
• Patch ဆေးကပ်ခွါ ဥပမာ ကိုယ်ဝန်တားဆေး၊ အအန်ပျောက်ဆေး။
၂။ External အပြင်မှထည့်ပေးခြင်း
• Oral/ Orally/By Mouth ပါးစပ်မှပေးခြင်း၊ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်။)
• Gastric feeding tube (အစာလမ်းထဲပြွန်ဖြင့်ပေးခြင်း)
• Rectally (အစာဟောင်းအိမ်ထဲထည့်ပေးခြင်း) ဝမ်းခြူခြင်း၊ ဒုံးပျံဆေးခေါ် ပါရာစီတမောဆေး။
၃။ Parenteral by injection or infusion ထိုးသွင်းပေးခြင်း
• IV = intra-venous သွေးပြန်ကြောထဲသွင်းခြင်း၊ ဥပမာ total parenteral nutrition
• IA = intra-arterial သွေးလွှတ်ကြောထဲသွင်းခြင်း၊ ဥပမာ vasodilator drugs and thrombolytic drugs
• IM = Intra-muscular ကြွက်သားထဲထိုးခြင်း၊ ဥပမာ many vaccines, antibiotics
• IC = Intra-cardiac နှလုံးထဲထိုးခြင်း၊ ဥပမာ adrenaline
• S/C = Sub-cutaneous အရေပြားအောက်ထဲထိုးခြင်း၊ ဥပမာ insulin
• IO = Intra-osseous infusion အရိုးထဲသွင်းခြင်း၊
• ID = Intra-dermal အရေပြားထဲသွင်းခြင်း၊ ဆေးစမ်းခြင်း၊ BCG တီဘီကာကွယ်ဆေး။
• IT = Intra-thecal ခါးရိုးဆစ်ပြွန် (စပိုင်နယ်-ကယ်နယ်) ထဲသွင်းခြင်း၊
• IP = Intra-peritoneal ဝမ်းဗိုက်အခေါင်း (ပယ်ရီတိုနီယမ်) ထဲသွင်းခြင်း၊ ဥပမာ peritoneal dialysis
၄။ အခြားနည်းလမ်းများ
Epidural (အပီဂျူရယ်) ခါးရိုးဆစ်ထဲအရည်သွင်းခြင်း၊ ဥပမာ ဥပမာ ခါးထုံဆေး။
ဆေးတွေကို ဘယ်လမ်းကနေပေးပေး သွေးထဲရောက်လာတယ်။ အချိန်ဘယ်လောက်မှာ ရောက်သလဲသာကွာခြားတယ်။ ဆေးတွေမှ မဟုတ်ပါ။ စားတဲ့အစားအသောက်တွေလည်း သွေးထဲရောက်ပါတယ်။ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်တွေလည်း အရေပြားနဲ့ထိတွေ့တာနဲ့ ကိုယ်ထဲဝင်ပါတယ်။ ကြာကြာထိတွေ့လေ ကိုယ်ထဲဝင်လေ။ ဒါကြောင့် တချို့ဆေး ဥပမာ ကြွက်နို့ဆေး၊ ဆံပင်ဆိုးဆေးတွေကို အချိန်သတ်မှတ်ပြီး ရေနဲ့ဆေးရပါတယ်။ ပရုပ်ဆီ၊ ဗမာဆေးအမျိုးမျိုးလိမ်းရင်လည်း သွေးထဲရောက်ပါတယ်။ ကုန်ကုန်ပြောရရင် လေထဲပါနေတာတွေလည်း အသက်ရှူလမ်းကနေဝင်လာပြီး သွေးထဲရောက်ပါတယ်။ ဥပမာ ဟစ်တာလသုံးခဲ့တဲ့ မတ်စတပ်ဂက်စ် ခေါ် မုန်ညင်းဆီ အဆိပ်ဓါတ်ငွေ့။
လူးဆေးလည်း သက်ရောက်မှုရှိတယ်။ ထိရောက်မှုရှိတယ်။ အန္တရာယ်လည်းရှိပါတယ်။
Study calls benefits of topical pain creams into question | Hub
ဒေါက်တာတင့်ဆွေ
၁၄-၁-၂၀၁၇
Comments
Post a Comment