ကွန်ဂရက်ကျူလေးရှင်း

သမီး ၃လပိုင်း ၁၁ရက် ၂၀၁၈နေ့က အိမ်ထောင်ပြုပါတယ် ၃လပိုင်း ၆လပိုင်း တာဆေဆးထိုးပါတယ် ၉လပိုင်း တာဆေးထိုးဖို့ရာကစပြီး ယခု ၁လပိုင်း ၂၀၁၉ ထိ ဆေးမထိုးဖြစ်ပါဘူး ညကထိုးမယ်လုပ်တော့ ဆရာဝန်က ဆီးစစ်တံပေးပြီးအရင်ဆီးစစ်ခိုင်းပါတယ် ခုမနက်က ၂ခါစစ်တော့ ၂ခါစလုံး ၂တန်းပေါ်နေလို့ပါရှင့် သမီး ကလေးယူလို့ မဖြစ်သေးပါဘူးဆရာ သမီးကိုယ်ဝန်မလိုချင်သေးလို့ဘယ်လိုလုပ်ရမလဲအကြံပေးပါဦးဆရာ Online ကနေ ရှာဖတ်တော့ဆရာ post တွေတွေ့တာနဲ့ အကြံဉာဏ်တောင်းမိတာပါဆရာ ကျေးဇူးအထူးတင်ပါတယ်

ဆောရီး။ ဖျက်နည်းမေးတာတွေကို မဖြေပါ။

ဟုတ်ဆရာ နားလည်ပါတယ်ဆရာ။ ခုလို reply လုပ်ပေးတာတောင်ကျေးဇူးတင်လှပါပြီဆရာ။

ဆရာရေ ကလေးယူဖြစ်ပါတယ်။ ဆရာ့ကိုဝမ်းသာရအောင် အသိပေးတာပါ သမီးတို့က လက်ထပ်ထားတာ ဒီနေ့ဆို တနှစ်တိတိပြည့်ပါပြီ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဆုံးရှုံးမှာစိုးလို့သာ စဉ်းစားမိတာပါ အားလုံးက အကြိမ်ကြိမ် ဖျောင်းဖျလို့ အရင်အစီအစဉ်ကိုဖျက်လိုက်ပါပြီဆရာ မနက်ဖြန် OG အပ်ဖို့လည်း စီစဉ်ထားပါတယ် ဆရာဝမ်းသာရအောင် သတင်းပို့တာပါဆရာ ကျန်းမာချမ်းသာပါစေ ဆရာ။

ကောင်း။ ကွန်ဂရက်ကျူလေးရှင်း။ ဆိုးလို့ကို စိုးလို့ ပြင်လိုက်တယ်။ 

ဒေါက်တာတင့်ဆွေ

၁-၂-၂၀၁၉

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ