Eunuch ပဏ္ဍုက်

(ကန်တော့)

တင်ထားတဲ့စာ = အိန္ဒိယမှ သင်းကွတ်ပွဲကြီး

ကွန်မင့်တခု = ဝေါဟာရအရတော့ကျနော်မသိဘူး ဘာသာပြန်ချက်အရတော့ သားကြောဖြတ်တာနဲ့ သင်းကွပ်တာ မှားပုံပဲ။

ဟုတ်။ ထောက်ပြတာက မှန်ပါတယ်။ 

သင်းကွတ်တယ်ဆိုတာ ကျားအစိတွေကို ထုတ်လိုက်တာ (ကန်တော့)။ အိန္ဒိယနိုင်ငံမှာ ဟိုခေတ်ကတည်က အခုထိ ရှိတယ်။ Eunuch လို့ ခေါ်ပါတယ်။ ဘုရင်တွေခေတ်ကတော့ မိန်းမထိန်းတွေ။ 

အခုခေတ်မှာ အခြောက်လို့ ခေါ်သူတွေနဲ့ ရောထွေးနေတယ်။ (ကန်တော့)။ အိန္ဒိယနိုင်ငံမှာ သူတို့က ဘယ်အိမ် (မြန်မာဒုက္ခသည်တွေအပါအဝင်) မှာ သားယောက်ျားလေးမွေးမွေး ပိုက်ဆံလာတောင်းကြတယ်။ ချမ်းချမ်းသာသာနေနိုင်ကြတယ်။

ဝေါဟာရ

Eunuch ဝှေးစေ့ကို ဖယ်ပြီးသောသူကို ပဏ္ဍုက်ဟုခေါ်သည်။ Eunuch ဟူသော စကားလုံးသည် ရှေးဂရိစကား eunen echein မှ ဆင်းသက်လာပြီး "အိပ်ရာစောင့်" ဟု အဓိပ္ပါယ်ရသည်။

မိန်းမစိုးများသမိုင်း

သမိုင်းတွင် အဆိုပါမိန်းမစိုးများသည် တရားရုံးများ၊ စစ်သည်များနှင့် သူလျှိုများအပါအဝင် မတူညီသော ယဉ်ကျေးမှုများတွင် အခန်းကဏ္ဍများစွာမှာ ထမ်းဆောင်ခဲ့ကြတယ်။ ဘုရင်တွေနဲ့ အရာရှိကြီးတွေရဲ့ ယုံကြည်ရတဲ့ အကြံပေးတွေအဖြစ် တာဝန်ထမ်းရွက်ခဲ့ကြတယ်။

တရုပ်သမိုင်းမှာလည်း အထင်အရှားရှိခဲ့တယ်။ ဘီစီ ၂၀၀၀ စုနှစ်အစောပိုင်းမှာ တရုတ်ဧကရာဇ်များနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများ တရားရုံးတွေမှာ မိန်းမစိုးတွေရှိခဲ့တယ်။ စစ်သုံ့ပန်းများအတွက် ခြွင်းချက်အဖြစ် တခါတရံအပြစ်ပေးခံရတယ်။

မိန်းမစိုးတချို့ကတော့ ဘာသာရေးအရ မိမိကိုယ်ကို သင်းကွပ်ကြပါသတဲ့။

အဲဒီသမိုင်းဝင်အလေ့အထကြောင့် ယနေ့ခေတ်မှာ မိန်းမစိုးစကားလုံးဟာ ရှုတ်ချဖွယ်ရာ ဖြစ်နေပါတယ်။

ဇီဝဗေဒဝေါဟာရအမှန်မှာ Castrated male ဖြစ်သည်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ