Pott disease နဲ့ Renal cortical cyst

မင်္ဂလာပါဆရာ ကျွန်တော်ကျောမှာ အဘုပေါ်လာလို့ ဆေးခန်းပြကြည့်တာ CT scan ရိုက်ရပါတယ်။ ဆရာဝန်ကတော့ အရိုး tb လို့ယူဆပါတယ် TB ကတော့ မစစ်ကြည့်ရသေးပါဘူး။ CT scan ကို ကြည့်ပြီး ပြောပြပေးလို့ရမလားခင်ဗျ။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် spine surgery မလုပ်ချင်လို့ပါ။ လက်ရှိက အခြားနိုင်ငံတခုမှာ အလုပ်လုပ်နေတာပါ။ ဆေးကုသစရိတ်ကလဲများလို့ပါ။

ဆေးစစ်ချက်မှာ Pott disease နဲ့ Renal cortical cyst လို့ ဖတ်ရတယ်။

TB ထပ်စစ်ရန် မလိုလောက်ပါ။

Pott ရောဂါ သို့မဟုတ် ကျောရိုးတီဘီရောဂါ ကုသနည်းများ 

ပဋိဇီဝဆေးများနှင့် ခွဲစိတ်မှုပေါင်းစပ်ခြင်းဖြင့် ကုသပါသည်။ 

စံကုထုံးတွင် ပဋိဇီဝဆေးလေးမျိုးပါဝင်သည်။ isoniazid, rifampicin, pyrazinamide နှင့် ethambutol တို့ဖြစ်သည်။ 

အနည်းဆုံး ကိုးလကြာသောက်ရပြီး တခါတရံ ပိုကြာသည်။ 

အချို့ကိစ္စများတွင်၊ streptomycin ကဲ့သို့သော ပဋိဇီဝထိုးဆေး လိုအပ်နိုင်သည်။ 

ခွဲစိတ်မှု

ပဋိဇီဝပိုးသတ်ဆေးများ ထိရောက်မှုမရှိပါက သို့မဟုတ် ကျောရိုးကို သိသိသာသာ ထိခိုက်မှုရှိပါက ခွဲစိတ်မှု လိုအပ်နိုင်သည်။ 

ခွဲစိတ်မှုတွင် ရောဂါပိုးရှိသော ကျောရိုးတစိတ်တပိုင်းကို ခွဲထုတ်မည်။ 

ကျောရိုးမကြီးပေါ်ရှိ ဖိအားများကို သက်သာစေရန် laminectomy ဟုခေါ်သော လုပ်ထုံးလုပ်နည်းကို ပြုလုပ်နိုင်သည်။ 

အခြားကုသမှုများ

ရုပ်ပိုင်းဆိုင်ရာကုထုံး 

Bracing ခေါ် ကျောရိုးကို ထောက်ပံ့ပေးရန်နှင့် 

အကိုက်အခဲပျောက်ဆေးများ။

Renal cortical cyst ကျောက်ကပ်အိတ် https://dr-tint-swe.blogspot.com/2021/12/renal-cortical-cyst.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ