Amoxicillin ဆေးအသုံးပြုနိုင်သည့်သက်တမ်း

မင်္ဂလာပါ ဆရာရှင့်  ပိုးသတ်ဆေး (amoxicillin) date လွန်တာ သောက်မိရင် ဘာဖြစ်တတ်ပါသလဲရှင်။ 2024 December က date ကုန်နေတဲ့ ဆေးပါရှင်။ ၃နှစ်ခွဲအရွယ် ကလေးအတွက် ဆေးခန်းက ပေးလိုက်တာပါရှင်။ date မစစ်ပဲ တိုက်လိုက်မိတာ ၂ကြိမ်တိုက်ပြီးမှ date လွန်ဆေးမှန်း သိလို့ပါရှင်။ ဆေးသောက်ပြီး နောက်ရက်တွေမှာ တခါတလေ ဗိုက်နာတယ်ပြောလာလို့ ဆေး date လွန်တာနဲ့ ဆိုင် မဆိုင်သိချင်လို့ပါရှင်။ ကျေးဇူးတင်ပါတယ် ဆရာရှင်။

ပိုးသတ်ဆေးလို့ မခေါ်ပါ။ ဆေး သို့မဟုတ် ပဋိဇီဝဆေးလို့ ခေါ်တယ်။ စိုက်ပျိုးရေးမှာသုံးတာတွေကိုသာ ပိုးသတ်ဆေးလို့ ခေါ်တယ်။

Amoxicillin ၏ သက်တမ်းသည် ဆေး၏ပုံစံပေါ်တွင်မူတည်သည်။ 

ဆေးတောင့်များနှင့် ဆေးပြားများသည် ပုံမှန်အားဖြင့် ထုတ်လုပ်ပြီး ၂-၃ နှစ်တွင် သက်တမ်းကုန်ဆုံးသော်လည်း တနှစ်ခန့် သက်တမ်းကုန်ဆုံးရက်စွဲဖြင့် တံဆိပ်တပ်လေ့ရှိသည်။

ဆေးအမှုန့်အတိုင်း စနစ်တကျ သိမ်းဆည်းထားလျှင် ၂-၃ နှစ်ခန့် ကြာရှည်သည်။ ဒါပေမယ့် ရေနဲ့ရောပြီးနောက် ၁၄ ရက်အကြာမှာ သက်တမ်းကုန်ပါတယ်။

သိုလှောင်မှုအကြံပြုချက်များ

Amoxicillin ကို မူရင်းထုပ်ပိုးမှုတွင် သိမ်းဆည်းပါ။ 

Amoxicillin အရည်ကို ရေခဲသေတ္တာထဲတွင် အပူချိန် 35°F နှင့် 46°F (2°C နှင့် 8°C) ကြားတွင် သိမ်းဆည်းပါ။ 

ဆေးတောင့်များနှင့် ဆေးပြားများကို အခန်းအပူချိန်တွင် သိမ်းဆည်းပါ။ 

ဘေးကင်းရေး

အကြံပြုထားသည့်အတိုင်း သိမ်းဆည်းထားပါက amoxicillin ကို သက်တမ်းကုန်ဆုံးရက်ထက် ရက်အနည်းငယ်ကျော်သည်အထိတော့ အသုံးပြုနိုင်သည်။ 

မေးခွန်းပါကလေး စိုးရိမ်စရာ မရှိလောက်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ