အာရုံကြောအားကောင်းဆေး မရှိ
ဆရာရှင့်၊ အာရုံကြောကောင်းစေမည့်အစားအစာလေးတွေသိပါရစေ။
အာရုံကြောကောင်းစေမည့်ဆေးနဲ့ အစာ မရှိပါ။
အာရုံကြောမကောင်းဘူးလို့ ဘယ်လိုသိသလဲ။ ဆေးစစ်ချက်စာ ရှိပါသလား။
ဆီးချိုကြောင့် ထုံတာကျဉ်တာနဲ့ ဗီတာမင်ဘီ ချို့တဲ့လို့ ထုံတာကျဉ်တာအတွက် သက်ဆိုင်ရာဆေးတွေ သောက်ရ၊ ထိုးရမယ်။ စားသောက်ရမယ်။
ဥပမာ B1 B6 B12 စသည်။
အရပ်ရှည်ဆေး မရှိ။
အသားဖြူဆေး မရှိ။
ဆီးချိုပျောက်ဆေး မရှိ။
အပျို-လူပျို ပြန်ဖြစ်ဆေး မရှိ။ (ကန်တော့)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment