Fringe Theories ဖရင်းချ် သီအိုရီများ
သူက Fringe Theories ခေါ် ဖရင်းချ် သီအိုရီတွေကို ကိုးကားပြီးပြောတာသာဖြစ်တယ်လို့ သတင်းဌာနကြီးတွေ ဝေဘန်ပါတယ်။
ဖရင်းချ် သီအိုရီတွေဆိုတာ လေ့လာမှုနယ်ပယ်တခုမှာ လူအများယုံကြည်လက်ခံတဲ့ ပင်မအမြင်နဲ့ ဖီလာဆန့်ကျင်တာတွေဖြစ်တယ်။
ပူးပေါင်းကြံစည်မှုသီအိုရီတွေ၊ ဉာဏ်ပညာသိပ္ပံနှင့် အခြားဆေးပညာဆိုင်ရာ သက်သေမပြနိုင်တဲ့ အချက်အလက်တွေ ပါဝင်တယ်။
အဲလိုစိတ်ကူးတွေဟာ အမှန်တရားကို မယုံကြည်စေရန် တားဆီးပေးတာသာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အခိုင်အမာ ဆိုပါတယ်။
သမားရိုးကျဆေးတွေ ဥပမာ ကာကွယ်ဆေးတွေ မလိုဘူးဆိုတာမျိုး။
အဲလို အစွန်းအထင်းသီအိုရီတွေ ပေါ်လာတဲ့နေရာတွေဟာ ဆေးပညာနယ်ပယ်မှာသာမက တခြားနယ်ပယ်တွေမှာလည်း ရှိတယ်။
သမိုင်း၊ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးအပါအဝင် လေ့လာမှုနယ်ပယ်များစွာမှာ ရှိတယ်။
ဒဏ္ဍာရီလာသတ္တဝါတွေ တကယ်ရှိတယ်ဆိုတာမျိုး။
မီဒီယာတခုက အမေရိန်ကန်အစိုးရသစ်လက်ထက် ကျန်းမာရေးမှာ ဘာတွေ ပြောင်းလာနိုင်သလဲ မေးချင်ပါသတဲ့။ မကြာခင် ဖြေရဦးမယ်။
Fringe Theory (@theory_fringe) / X
ဒေါက်တာတင့်ဆွေ
Comments
Post a Comment