Infections and Illnesses in Spring နွေဦးရာသီမှာ အဖြစ်များဆုံး ရောဂါတွေ
၁။ ရာသီအလိုက် အလာဂျီ ခေါ် ဓာတ်မတည့်တာ၊ နှာချေခြင်း၊ ယားယံခြင်းနှင့် မျက်လုံးများ ရေစိုခြင်း၊ လည်ချောင်းယားယံခြင်း။
၂။ ပန်းနာရင်ကျပ်ရောဂါ၊
၃။ Lyme ရောဂါ၊ Lyme ရောဂါ - ဖျားခြင်း၊ အဖုအပိန့်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်း။ ရောဂါပိုးရှိသော မှက်များမှ ကူးစက်သည်။
၄။ adenovirus ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊
၅။ ဓါတ်မတည့်တဲ့ ပန်းရောင်မျက်လုံး၊ ပန်းရောင်မျက်လုံး- ယားယံခြင်း၊ ကိုက်ခဲခြင်း၊ တွန့်ခြင်းနှင့် ယားယံခြင်း။
၆။ သာမန်အအေးမိခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်း။ Human rhinovirus (HRV) သည် အအေးမိခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။
၇။ အစာအိမ်ရောဂါ- အစာအိမ်နာခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အော့အန်ခြင်းတို့သည် အဖြစ်များသော လက္ခဏာများဖြစ်သည်။
၈။ Sinus ဆိုင်းနပ်စ် - နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မျက်နှာနာကျင်ခြင်း သို့မဟုတ် ဖိအားများ။
မြန်မာပြည်အတွက်
တလောက်က တရုပ်ပြည်က ကိုရိုနာဗိုင်းရပ်စ် အသစ်တမျိုး သတင်းနဲ့ ခြောက်လှန့်ခဲ့ကြတယ်။
ဆက်ပြီး အသည်းရောင်အေနဲ့ အလန့်တကြားဖြစ်အောင် တင်ကြတယ်။
ဘယ်သတင်းမဆို ခိုင်မာတိကျတာကိုသာ တင်ပြသင့်တယ်။
လူတွေကို မဟုတ်ဘဲနဲ့ ကြောက်သွားအောင်လုပ်တာ၊ မရေမရာပြောပြီး လန့်စေအောင်လုပ်တာ မကောင်းပါ။
သတင်းဖတ်တဲ့သူတွေကလည်း အဲလိုတင်သူတွေကို Block သင့်ကြပါတယ်။
မမှန်တာကို စိတ်ဝင်စားသူမျိုးဟာ မှန်တာကို မသိဘဲနေတတ်တယ်။
ရိုးရိုးမှန်မှန်သတင်းတွေကို လူအများလည်း အကျိုးမယုတ်၊ ဖတ်လို့လည်း စိတ်ဝင်စားအောင်ရေးလို့ ရပါတယ်။
လူအများစုက မှန်တာကိုသာ သိချင်ကြတယ်။
Common Illnesses Experienced in the Spring
ဒေါက်တာတင့်ဆွေ
Comments
Post a Comment