Success Story အမွာသမီးလေးနှစ်ယောက်

05/28/2016 10:07PM

ဆရာရှင့် ကျွန်မနာမည် (-) ပါရှင့်။ အသက်က ၂၃ နှစ်ပါ။ အိမ်ထောင်ကျတာ ၆ လရှိပါပြီရှင်။ အိမ်ထောင်စကျချိန်က Depo-Provera ၃ လခံတားဆေး ထိုးခဲ့ပါတယ်ရှင့်။ တားဆေးဖြတ်တာ ၃ လရှိပါပြီရှင်။ ကလေးယူမလို့ပါ။ တချို့ အမျိုးသမီးတွေရဲ့ ပြောစကားပါရှင်။ တားဆေးတချောင်းထိုးမိရင်တောင် ကလေးရဖို့ ကြာတက်တယ်။ တချိုဆို မရတက်ဘူးလို့ပြောတာ ကြားနေရပါတယ်ရှင့် ကျွန်မ အရမ်းစိုးရိမ်နေရပါတယ်ရှင့်။ ဆရာရေထားတဲ့စာတွေ ဖတ်ကြည့်တော့ မျိုးဥကျွေဆေး Fertomid 50 သောက်ဆေး အကြောင်းရေးထားတာ တွေ့ပါတယ်ရှင်။ ကျွန်မ သိပ်နားမလည်လို့ပါ။ Fertomid-50 မျိုးဥကျွေဆေးကို ရာသီသွေးဆင်းပြီးနောက် ၅ ရက်မြောက်ကနေ ၅ ရက်ဘဲ သောက်ရမလား ဒါမှမဟုတ် ၁ လလုံးသောက်ရမလား မသိလို့ပါရှင့်။ နားမလည်လို့ပါရှင်။ 

အဖြေ = တားဆေးထိုးဆေးထိုးထားသူတွေ နောက်ကိုယ်ဝန်ရဘို့ မတူကြကြောင်း လူ ၅၀ ကိုမေးရေးထားတာလည်း တင်ထားပါတယ်။ Fertomid 50 mg ကို ရာသီလာပြီးရက်စကစသောက်လည်းရတယ်။ ၅ ရက်ဆက်တိုက်။ ၃-၄ လ ဆက်သောက်သင့်တယ်။ 

အခု ကျွန်မ Folic Acid စသောက်နေပါတယ်ရှင်။ ၂ ရက်ရှိပါပြီ Folic Acid က ကိုယ်ဝန်ရစေဖို့ အထောက်အပံ့ ဖြစ်စေပါသလားရှင့် ရာသီလာပြီနောက် ၅ ရက်မှာ Fertomid-50 နဲ့ Folic acid တွဲသောက်လို့ရမလားရှင့်။

အဖြေ = စာ ၂ ခုလုံးရေးထားပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။

06/18/2016 11:11AM

ဆရာ ကျွန်မက အစားအသောက် အရမ်းကြူးတယ်ဆရာ။ သွေးတိုးလဲ နည်းနည်းရှိပါတယ်။ ကျွန်မ ကလေးယူဖို့အတွက် ဘယ်အစားအသောက်တွေ ဆင်ခြင်သင့်လဲဆရာ။ ကလေးရလွယ်မဲ့ ဘယ်အသီးအရွက်တွေ စားသင့်သလဲဆရာ။ 

အဖြေ = Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်းစာပို့ပါတယ်။

07/12/2016 8:19PM

ဆရာရှင့် သမီး ဒီနေ့မနက်ကိုယ်ဝန်စစ်ကြည့်ပါတယ် မျဉ်းတကြောင်းက ထင်းထင်းလေးပေါ်ပြီ ကျန်တကြောင်းက မျဉ်းမသိမသာလေ ပေါ်နေပါတယ်။ အဲ့တာ ကိုယ်ဝန်ရှိတာလား မသိဘူးရှင့်

အဖြေ = ရှိ။ ၃-၄ ရက်နေ ထပ်စမ်းပါ။

အခု စစ်ကြည့်တာ ၂ ခုလုံးပေါ်တယ်ရှင့်။ ကိုယ်ဝန်ရှိနေတာလားဆရာ။

အဖြေ = ကွန်ဂရက်ကျူလေးရှင်း။

ကလေးအရမ်းလိုချင်ခဲ့တာ ရသွားပြီ။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မ ကလေးရသွားတာ ဆရာကျေးဇူးကြောင့်ပါရှင့်။ တကယ်ကျေးဇူးပါ။

အဖြေ = ကျန်းမာချမ်းသာကြပါစေ။

ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့် ဆရာ

07/30/2016 2:18AM

ဆရာရေ သမီးအမွာလေးတဲ့ရှင်။ ၇ ပတ်ရှိပြီ။ ကလေးနှစ်ယောက် နှလုံးစခုန်နေပြီရှင့်။

အဖြေ = ကွန်ဂရက်ကျူလေးရှင်း (၂) ထပ်ကွမ်း။ Twins Pregnancy (1) အမွာကိုယ်ဝန်စာပို့လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာရေ။ ကျွန်မ ရှေ့ရက်က ဆေးခန်းပြေးလိုက်ရသေးတယ်ရှင့်။ ဆီးအိမ်အထက်အောင့်လို့ ဆီလမ်းကြောင်းပိုးဝင်ချင်တယ် ပြောတယ်ဆရာရေ ပါရာစီတမော ပေးလိုက်တယ်ဆရာ။ တနေ့ ၂ ကြိမ်သောက်ပါတဲ့။ 

တခြားဆေးတော့ မပေးလိုက်ဘူးဆရာ။ ၄ ပတ်နေမှ ပြန်လာပြခိုင်းတယ်ရှင့် ခု ချောင်းလဲဆိုးနေတယ်။ ချွဲဖြူလဲ ပါတယ်ဆရာ။ ဆီးအိမ်က ပိုအောင့်လာတယ် မသက်သာဘူးရှင့်။

အဖြေ = Septrin tablet စားဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ဆီးလမ်းပိုးဝင်တာအတွက် ကောင်းတယ်။

ဟုတ်ကဲ့ရှင့် မနက် ဆေးဆိုင်မေးဝယ်သောက်လိုက်မယ်ရှင့်။ တကယ်ကျေးဇူးပါဆရာ။ ဆရာတို့မိသားစုလေးလဲ ပျော်ရွင်ကျန်းမာ အန္တရာယ်ကင်းပါစေရှင်။ စိတ်ရင်းနဲ့ ဆုတောင်းပါတယ်ရှင့်။

12/17/2016 10:09PM

ဆရာရှင့် ဆရာညွန်းပေးတဲ့ဆေး Fertomid 50 mg သောက်ရင်း အမွာကိုယ်ဝန်ဆောင်ခဲ့သူပါ။ ခု ၂၈ ပတ်ရှိပါပြီဆရာ။ အမွာသားသားလေးတွေပါ။ ကျွန်မ ကိုယ်ဝန် ၂၅ ပတ်မှာ 4D ရိုက်ထားတဲ့ ရလဒ်ကို ပုံပို့ပေးထားပါမယ်ရှင့်။ ကျေးဇူးပြု၍ အခြေနေကောင်းမကောင်း ဖတ်ပြပေးပါအုံးနော် ဆရာရှင့်။ ကျွန်မ အခုဖြစ်နေတာက ၂ ရက် ၃ ရက်ရှိပြီရှင့်။ ဗိုက် ဘယ်ဘက် ညာဘက် ချက်တိုင်တွေရော ချက်အောက်ဗိုက်ပြင်တွေမှာရော နာပြီးကိုက်နေသလိုဖြစ်နေတယ်ရှင့်။ ခါးတော့မနာပါ ဆရာ ကျွန်မဖြစ်နေတာ စိုးရိမ်ရလားသိချင်ပါတယ်ရှင်။ Og ပြမဲ့ရက်ကလဲ လိုသေးလို့ပါဆရာ။ ဖြေပေးပါအုံးနော်။ ပြီးတော့ ကျွန်မကို အမွာလေးတွေ စောမမွေးအောင်လို့ ရှောင်ရန်ဆောင်ရန်လေးတွေ ပြောပြပေးပါအုံးနော်

အဖြေ = အာလ်ထွာဆောင်းက ကောင်းပါတယ်။ တခုခုမဆင်းရင် စိုးရိမ်စရာ မရှိပါ။ နားနေပါ။ စိတ်ကိုလည်း အပြုသဘောဆောင်ပါ။ ကျန်းမာကြပါစေ။

ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာတို့မိသားစု ဆွေမျိုးသားချင်းညီကိုမောင်နှမ ကျန်းမာကြပါစေရှင်။

FEB 10TH, 4:19PM

ဆရာရေ ကျွန်မ သားအမွာ ကိုယ်ဝန် ၃၄ ပတ်ပြည့်နေပါပြီရှင်။ ခု နေရတာ လုံးဝမသက်သာပါဘူးရှင်။ ဆီးစပ်တွေ အရမ်းနာတယ်။ အိပ်ရင် ဗိုက်ကြီးတင်းပြီး အရမ်းလေးလွန်းနေပါတယ်ရှင့်။ ဝေဒနာကတော့ စုံနေတာပါဘဲရှင့်။ ကျွန်မ မခံစားနိုင်တော့ပါ ညလဲ အိပ်မပျော် အစားလဲ ကောင်းကောင်းမစားနိုင်တော့ပါရှင်။ ကျွန်မ စောမွေးချင်ပါတယ်ဆရာ။ 

အမွာတွေကို ကိုယ်ဝန် ဘယ်နှစ်ပတ်နဲ့ စောမွေးလို့ရသလဲရှင့်။

အဖြေ = Twin Pregnancy (2) အမွာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ (၂) နဲ့ Twin Pregnancy (3) အမွာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ (၃) စာပို့လိုက်။

ဆရာရှင့် ဖတ်လို့မရပါဘူးရှင့်။

အဖြေ = ကိုယ်ဝန်တိုင်း ၃၇ ပတ်ပြည့်ရင် ဖွံ့ဖြိုးမှု စုံပါပြီ။ လင့်တွေဆီ သွားစရာမလိုပါ။ စာ ၂ ပုဒ် ပို့ထားတယ်။ ခဏနေရင် ဖေ့စ်ဘွတ်မှာ တင်မယ်။

ဟုတ်ကဲ့ရှင့် ကျေးဇူးတင်ပါတယ်ရှင့်။

11:02AM (မြန်မာပြည် နေ့စွဲ ၈-၃-၂၀၁၇)

ဆရာရှင့် ကျွန်မ အမွာသားလေးတွေကို ၃ လပိုင်း ၂ ရက်နေ့ တောင်သူလယ်သမားနေ့က မွေးပြီးပါပြီရှင့်။ ၃၇ ပတ်နဲ့ အမွာ ကြီးလေးက ၇ ပေါင် ၁ အောင်စ၊ ငယ်လေးက ၅ ပေါင် ၁ အောင်စပါရှင့်။ အမေနဲ့ အဖေက OB သွေးမလို့ အငယ်လေး မီး ၂ ရက်ပြရတာကလွဲလို့ ကျန်းမာရေးကောင်းပါတယ်ရှင့် ကျွန်မ ကိုယ်ဝန်ဆောင် ချိန် မသိတာတွေ ဖြေပေးလို့ ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်ရှင်။ ကျွန်မ သားလေးတွေပုံပါ။

အဖြေ = အန်တီကို ပုံလေးတွေပြတော့ မြေးနှစ်ယောက်တိုးလို့ ရေးပါလားလို့ အကြံပေးတယ်။

လူတိုင်းမှာ စတိုရီတွေရှိကြတယ်။ စောစောက တယောက်က လူလိုသိပါလို့ရေးတာကို သွားရင်းလာရင်း ဖတ်ရတယ်။ ဘာမကြိုက်တာရှိလို့ ပြောသလဲတော့ မသိ။ ပြန်ရှာနေတာ မတွေ့သေးပါ။ တွေ့ရင် ဘလော့တော့လုပ်မယ်။ အဲဒီလူလည်း ကျန်းမာပါစေ။ 

ဒေါက်တာတင့်ဆွေ

၇-၃-၂၀၁၇

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ