Dry cell battery poisoning ဓါတ်ခဲအဆိပ်သင့်ခြင်း

ဆရာ ဓာတ်ခဲစားမိလို့ ကလေးနှစ်ယောက်သေသွားတာမြင်မိလို့ ဓာတ်ခဲစားမိတာကြောင့် သေတတ်ပါသလား ဘယ်လိုအဆိပ်ဓာတ်ပါဝင်မှုကြောင့် သေရတာလဲ သိချင်လို့ပါဆရာ

ဓါတ်ခဲ ၃ မျိုးရှိတယ်။

Acidic dry cell batteries အက်စစ်အခြောက်ဓါတ်ခဲမှာမှာ Manganese dioxide နဲ့ Ammonium chloride တွေပါတယ်။ 

Alkaline dry cell batteries အယ်လ်ကာလိုင်း အခြောက်ဓါတ်ခဲထဲမှာ Sodium hydroxide နဲ့ Potassium hydroxide တွေပါတယ်။ 

Lithium dioxide dry cell batteries လစ်သီယမ်အခြောက်ဓါတ်ခဲထဲမှာ Manganese dioxide ပါတယ်။

zinc-carbon, nickel-cadmium, lithium-iron-disulfide, and nickel-metal-hydride ဓါတ်တွေလည်းပါနိုင်တယ်။

နည်းတမျိုမျိုးနဲ့ ဓါတ်ခဲဆိပ်သင့်ရာင် ခံစားရမှာ အမျိုးမျိုးဖြစ်လာနိုင်တယ်။ တချို့ ဆိုးတယ်။ 

မျိုချရာအစာလမ်းတလျှောက် အလွန်ပူလောင်မယ်။ စကားမပြောနိုင်ဖြစ်မယ်။ ခြေထောက်ပိုင်းယောင်မယ်။ ကြွက်သားတွေအားနည်းမယ်။ ကြွက်တက်မယ်။ လမ်းမလျှောက်နိုင်။ ခြေလက်တုန်မယ်။ အန်မယ်။ ဝမ်းလျှောမယ်။ ဗိုက်နာမယ်။ သွေးဖိအားကျမယ်။ ခေါင်းကိုက်မယ်။ ယားမယ်။ ခြေချောင်းတွေထုံမယ်။ လေပြွန်ယောက်မယ်။ နူမိုးနီးယားဝင်နိုင်တယ်။ စိတ်အာရုံနည်းမယ်။ 

ရှေးဦးသူနာပြုစုနည်း

ဓါတ်ခဲ ဖယ်ရှားပါ။ အသက်ရှူလမ်း စစ်ဆေးပြီး လေကောင်းကောင်းင်နိုင်အောင်လုပ်ပေးပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်းစစ်ဆေးပါ။ အရေပြားကို ရေများများနဲ့သန့်ရှင်းပေးပါ။ ဆရာဝန်ကမညွှန်သေးပဲ အန်အောင်မလုပ်ပါနဲ့။ ဆရာဝန်ညွှန်ရင် ရေသောက်စေပါ။ နွားနို့လည်းပေးနိုင်တယ်။ အရေးပေါ်ဌာနပို့ပါ။ 

ဆေးရုံမှာ စစ်ဆေးမယ်။ အသက်ရှူလမ်းနဲ့ နှလုံးအလုပ် လိုတာလုပ်မယ်။ သွေးပြန်ကြောထဲ ဆေးသွင်းမယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း