Fruits and Vegetables သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားရင် ပိုကျန်းမာတယ်

၃-၄-၂၀၁၄ နေ့ကထွက်တဲ့ ယူကေနိုင်ငံ ဆေးသုတေသနတခုက အဲလိုပြောတာဖြစ်ပါတယ်။ အရင်က တနေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၅ (ပိုးရှင်း) စားလို့သတ်မှတ်ထားခဲ့ရာကနေ အခု ၇ (ပိုးရှင်း) အထိစားရင် ပိုပြီးအကျိုးရှိတယ်လို့ သုတေသနကနေ တွေ့လာပါတယ်။ လူပေါင်း ၆၅၂၂၆ ယောက်ကို စမ်းသပ်ခဲ့တာပါ။ အသက်ပိုရှည်ကြပါတယ်။ ကင်ဆာဖြစ်နှုန်းနဲ့ နှလုံးရောဂါ ဖြစ်နှုန်း နည်းကြပါတယ်။

လေ့လာမှုအတွင်းမှာ ဘယ်အကြောင်းနဲ့သေသေ (ပိုးရှင်း) ၇ ကနေ (ပိုးရှင်း) ၁၀ အထိစားသူတွေမှာ ၄၂% သေဆုံးမှု လျော့နည်းတာ တွေ့ရပါတယ်။ (ပိုရှင်း) တခုဆိုတာ 80g (3oz) ၈၀ ဂရမ် ဒါမှမဟုတ် ၃ အောင်စနဲ့ညီပါတယ်။ (ဆာဗင်း) ဆိုတာ အစားအသောက်တမျိုးခြင်းမတူပါ။ ဟင်းသီးဟင်းရွက်ဆိုရင် (ဆာဗင်း) တခုဆိုတာ ရိုးရိုးမီးသီးတလုံးစာ၊ ဒါမှမဟုတ် မုန်လာစိမ်း ခွက်တဝက်၊ ဒါမှမဟုတ် ကွန်ပြူတာ (မောက်စ်) တခုစာ၊ ဒါမှမဟုတ် အာလူး ခွက်တဝက်နဲ့ ညီမျှပါတယ်။ သစ်သီးဆိုရင် တင်းနစ်ဘောလုံးတလုံးစာ၊ ဒါမှမဟုတ် ဝါဂွမ်းလုံး ၇ လုံးစာနဲ့ညီမျှတယ်။

အကောင်းဆုံးကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ပြီး၊ ဒုတိယလိုက်တာကတော့ ‘ဆလပ်’ လုပ်စားတာနဲ့ တတိယယိုက်တာကတော့ သစ်သီးမျိုးစုံဖြစ်ပါတယ်။ သစ်သီးရည်တွေ အကျိုးမများလှပါ။ စည်သွပ်စာတွေကလဲ သေဆုံးမှုအတွက် အန္တရာယ်ရှိပါတယ်။ ဗြိတိန်အစိုးရကတော့ ၅ (ပိုးရှင်း) နဲ့လုံလောက်တယ်ဆိုတဲ့ လမ်းညွှန်ကို ဆက်ပြီးကိုင်စွဲထားပါတယ်။ သြစတေးလျအစိုးရကတော့ ၂ + ၅ ဖေါ်မြူလာကို အားပေးပါတယ်။ သစ်သီး ၂ (ပိုးရှင်း) နဲ့ ဟင်းသီးဟင်းရွက် ၅ (ပိုးရှင်း) ကိုပြောတာပါ။

ဒီလိုကျန်းမာရေးအတွက်ကောင်းမွန်လှတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို စားတာနဲ့အတူ လူနေမှုပုံစံလဲ ပြင်ရပါမယ်။ ဆေးလိပ်မသောက်ဘူး၊ အရက်ကို ဆင်ခြင်မယ်-ရှောင်မယ်ဆိုရင် သူများတွေထက် သေချာပေါက် အသက်ပိုရှည်ပါမယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို ပိုစားရင် ပိုကျန်းမာတယ်ဆိုတာ သက်သတ်လွတ်စားပါလို့ပြောတာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း