GBS ပိုးသယ်ဆောင် ကိုယ်ဝန်ဆောင်

အင်္ဂလိပ်လိုရေးပြီးမေးပါတယ်။ ဒုတိယကိုယ်ဝန်ဆောင်ထားတဲ့ တခြားနိုင်ငံတခုမှာနေသူကပါ။ ဆေးစစ်တော့ အရင်ကိုယ်ဝန်တုန်းကလိုပဲ သူဟာ GBS ပိုးသယ်ဆောင်သူဖြစ်ပါတယ်တဲ့။ အရင်ကိုယ်ဝန်တုံးကလို ပိုးဆေးတွေ သောက်ရမလားတဲ့။

Group B streptococcus (GBS) ဆိုတာ ဗက်တီးရီယားတမျိုးဖြစ်တယ်။ အလွန်အဖြစ်များတယ်။ ကိုယ်ဝန်ဆောင် တချို့မှာ မွေးလမ်းကြောင်းနဲ့ အစာဟောင်လမ်းထဲမှာ အဲဒီပိုးတွေစမ်းတွေ့နိုင်တယ်။ အရွယ်ရောက် အမျိုးသမီး ၂၅% မှာ အဲလိုစမ်းတွေ့နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဲလိုစမ်းတွေရင် မွေးလာမယ့်ကလေးကို ကူးစက်စေနိုင်တယ်။

ယူအက်စ်မှာ ကလေး ၂၀၀၀ မှာ ၁ ယောက် ကူးစက်ခံနေရတယ်။ နေမကောင်းတော့ဖြစ်ကြတာမဟုတ်ပါ။ CDC ရောဂါထိန်းချုပ်ရေးဌာနက ကိုယ်ဝန် ၃၅ ပါတ်နဲ့ ၃၇ ပါတ်မှာ ဒီပိုးကိုစစ်ဆေးဘို့သတ်မှတ်ထားပါတယ်။ မမွေးခင် ၅ ပတ်မှာ စမ်းတာက ပိုတိကျတယ်။ စစ်ဆေးတဲ့အဖြေကို ၂၄-၄၈ နာရီနဲ့သိမယ်။

ဒီပိုးက လိင်ကတဆင့်ကူးစက်တာတော့မဟုတ်ပါ။ ရေမြွာ မမွေးမီ (၁၈) နာရီ စောပေါက်ရင်၊ ၃၇ ပါတ်ထက်စောမွေးရင်၊ ကလေးမွေးရက်မှာဖျားနေရင်၊ ဆီးလမ်းပိုးဝင်နေရင်၊ အရင်ကိုယ်ဝန်တုံးကလည်းအဲလိုဖြစ်ထားရင်၊ ပိုးသေဆေးပေးမယ်။

ပိုးသေဆေးမပေးတဲ့သူ ၂၀၀ မှာ ၁ ယောက် ပိုးကူးစက်မယ်။ ဆေးပေးသူ ၄၀၀၀ မှာ ၁ ယောက် ပိုးကူးစက်တာ တွေ့ရတယ်။

ကလေးကို ပိုးကူးစက်ရင် မွေးပြီးနာရီအနည်းငယ်အတွင်းမှာ နေမကောင်းဖြစ်မယ်။ ကလေးအသေမွေးနိုင်တယ်။ သွေးထဲပိုးရောက်ခြင်း၊ နူမိုးနီးယားနဲ့ ဦးနှောက်အမြှေးရောင်တွေဖြစ်စေနိုင်တယ်။ ကလေး အသက်ရှူခက်နိုင်တယ်။ နှလုံးနဲ့ သွေးဖိအား မူမမှန် ဖြစ်နိုင်တယ်။ အစာခြေလမ်းနဲ့ ဆီးလမ်းရောင်နိုင်တယ်။ မွေးပြီး စောစောမဖြစ်ပဲ နောက်ကျမှ ဖြစ်တာလည်းရှိနိုင်တယ်။ ဦးနှောက်အမြှေးရောင်ဖြစ်တတ်တယ်။

မွေးနေစဉ်မှာ ပိုးတွေ့မိခင်လောင်းကို IV antibiotics ပိုးသေဆေးသွင်းပေးတယ်။ ပိုးသယ်ဆောင်ထားတဲ့မိခင်လောင်းကို ကြိုတင်ပြီး ပိုသေဆေးပေးတာ မထူးခြားတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ

၄-၄-၂၀၁၆

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း