Unsafe food is growing global threat အစားအသောက်အန္တရာယ်
စိတ်မချရတဲ့ အစားအသောက်တွေဟာ ကမာ္ဘလုံးဆိုင်ရာအန္တရာယ်ဖြစ်နေပြီလို့ WHO ကပြောလိုက်ပါတယ်။ ပိုးမွှားတွေပါနေတဲ့ အစားအစာတွေကြောင့် ကမာ္ဘမှာ နှစ်စဉ် လူပေါင်း သန်း (၅၀၀) မကရောဂါရနေကြတယ်။ ၂၀၁၀ ခုနှစ်တုံးက အဲလိုဖြစ်လို့ လူပေါင်း ၃၅၁၀၀၀ ယောက်အသက်သေဆုံးခဲ့ရတယ်။ စိတ်မချရတဲ့အစားအသောက်တွေကနေ ဝမ်းပျက်တာကနေ ကင်ဆာအထိ ရောဂါဝေဒနာပေါင်း (၂၀၀) ဖြစ်စေနိုင်တယ်။ (ဗက်တီးရီးယား + ဗိုင်းရပ်စ် + ပါရာဆိုက်) ပိုးမွှားတွေနဲ့ ဓါတုပစ္စည်းတွေနည်းစေအောင် အစားအစာထုတ်လုပ်ရာမှာ သတိထားရပါလိမ့်မယ်။ မစင်တွေပါနိုင်တယ်။ အဆိပ်အတောက်တွေပါနေနိုင်တယ်။
Salmonella (ဆယ်လမိုနဲ့လား)၊ E. coli (အီးကိုလိုင်) နဲ့ Norovirus (နိုရိုဗိုင်းရပ်စ်) တွေက ရောဂါတွေရစေတာ ဖြစ်တယ်။
အာဖရိကနဲ့ မြန်မာပြည်တည်ရှိရာ အရှေ့တောင်အာရှိမှာ အဆိုးဆုံးဖြစ်တယ်။ သေဆုံးသူတွေထဲက ၄၀% ဟာ အသက် ၅ နှစ်အောက်ကလေးတွေဖြစ်ကြတယ်။ အဲလိုကြောင့် စီးပွါးရေးလည်ထိခိုက်တယ်။ စာရင်းဇယားထားတဲ့ ဂျာမဏီမှာ ၂၀၁၁ တုံးက E. coli outbreak ပိုးတွေ ကပ်ရောဂါလိုဖြစ်လို့ US$1.3bn (£876m) ဘိုး တောင်သူလယ်သမားတွေနဲ့ စက်ရုံတွေမှာအရှုံးပေါ်ခဲ့တယ်။
လာမဲ့ ဧပြီ (၇) ရက်နေ့ဟာ WHO ကနေပြီး အစားအစာလုံခြုံရေး အသိပေးလှုံ့တော်မှုအတွက် ဒီနှစ်ရွေးထားတဲ့ ခေါင်းစဉ်က From Farm to Plate လယ်တောမှသည် ပန်းကန်အထိဖြစ်ပါတယ်။
၁။ အစားအစာပြင်ဆင်မှုတိုင်းမှာ လက် + ပန်းကန်ခွက်ယောက် + မျက်နှာပြင်တွေကို ဆေးကြောသန့်စင်ပါ။
၂။ အစိမ်းတွေနဲ့ ချက်ပြုတ်ကျော်လှော်ထားတာတွေကို သီးခြားထားသိုပါ။
၃။ အပူချိန်မှန်မှန်ကန်ကန် (အခန်းတွင်းအပူချိန်မှာ အလွန်ဆုံး ၂ နာရီ၊ မစားမီ အနည်းဆုံး ၆၀ ဒီဂရီအထိ) မှာရှိပါစေ။
၄။ ဆေးကြောသန့်စင်ရာမှာ စိတ်ချရတဲ့ရေကိုသာသုံးပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment