COVID-19 ကပ်ရောဂါကြီး

မေးခွန်းတခု = COVID-19 ကို ကိုဗစ် -၁၉ , ကိုဗစ် ဆယ့်ကိုး လို့ ပြောင်းခေါ်ခိုင်းတာ ဆရာလားဆရာ။

ကျွန်တော် ဒီကပ်ရောဂါကြီးအကြောင်း ခရေစေ့တွင်းကျ အစကတည်းက တင်ပြခဲ့ပါတယ်။ ဝူဟန် နူမျိုးနီးယားလို့ ခေါ်ကတည်းက မြန်မာလိုသတင်းကို ကျွန်တော်အစဆုံးတင်ပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးသတင်းတွေက အိပ်ပျော်နေကြတုန်း။ အမည် အဆင့်ဆင့်ပြောင်းခေါ်ပုံကိုလည်း တင်ပြထားတယ်။

ရောဂါအမည်၊ လူအမည်၊ မြို့ရွာအမည်ဟူသည် အတိအကျသာ ရေးရ၏။

ဒါပေမဲ့ -

စာတမ်း၊ သတင်း၊ ထုတ်ပြန်ချက်စတာတွေမှာ မူရင်းအမည်အတိုင်း COVID-19 အတိအကျရေးရတယ်။ Covid-19 မဟုတ်ပါ။

အလွယ်သဘော ပြောဆိုရေးသားတဲ့အခါ တိတိကျကျကြီးတော့ မလိုတတ်ပါ။

နားထောင်သူ၊ ဖတ်သူသဘောပေါက်လောက်တာကို ရွေးရတတ်တယ်။ ကိုဗစ် လို့လည်း ရေးနိုင်ပါတယ်။

ကိုဗစ်-နိုင်တင်း မသင့်လောက်ပါ။ ကိုဗစ် ဆယ့်ကိုး မသင့်ပါ။

HIV/AIDS တို့ကိုလည်း မြန်မာလိုအသံထွက်ရေးနေရတာ ကြာတယ်။ B ပိုး C ပိုး အင်္ဂလိပ်စာလုံး သင့်တယ်။

သွေးအုပ်စု ABO အင်္ဂလိပ်စာလုံး သင့်တယ်။

ABCD မသိတဲ့သူ မရှိ။

နေရာတကာ ကိုမျိုးချစ်၊ မမျိုးချစ် လုပ်မရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ