COVID-19 ကပ်ရောဂါကြီး
မေးခွန်းတခု = COVID-19 ကို ကိုဗစ် -၁၉ , ကိုဗစ် ဆယ့်ကိုး လို့ ပြောင်းခေါ်ခိုင်းတာ ဆရာလားဆရာ။
ကျွန်တော် ဒီကပ်ရောဂါကြီးအကြောင်း ခရေစေ့တွင်းကျ အစကတည်းက တင်ပြခဲ့ပါတယ်။ ဝူဟန် နူမျိုးနီးယားလို့ ခေါ်ကတည်းက မြန်မာလိုသတင်းကို ကျွန်တော်အစဆုံးတင်ပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးသတင်းတွေက အိပ်ပျော်နေကြတုန်း။ အမည် အဆင့်ဆင့်ပြောင်းခေါ်ပုံကိုလည်း တင်ပြထားတယ်။
ရောဂါအမည်၊ လူအမည်၊ မြို့ရွာအမည်ဟူသည် အတိအကျသာ ရေးရ၏။
ဒါပေမဲ့ -
စာတမ်း၊ သတင်း၊ ထုတ်ပြန်ချက်စတာတွေမှာ မူရင်းအမည်အတိုင်း COVID-19 အတိအကျရေးရတယ်။ Covid-19 မဟုတ်ပါ။
အလွယ်သဘော ပြောဆိုရေးသားတဲ့အခါ တိတိကျကျကြီးတော့ မလိုတတ်ပါ။
နားထောင်သူ၊ ဖတ်သူသဘောပေါက်လောက်တာကို ရွေးရတတ်တယ်။ ကိုဗစ် လို့လည်း ရေးနိုင်ပါတယ်။
ကိုဗစ်-နိုင်တင်း မသင့်လောက်ပါ။ ကိုဗစ် ဆယ့်ကိုး မသင့်ပါ။
HIV/AIDS တို့ကိုလည်း မြန်မာလိုအသံထွက်ရေးနေရတာ ကြာတယ်။ B ပိုး C ပိုး အင်္ဂလိပ်စာလုံး သင့်တယ်။
သွေးအုပ်စု ABO အင်္ဂလိပ်စာလုံး သင့်တယ်။
ABCD မသိတဲ့သူ မရှိ။
နေရာတကာ ကိုမျိုးချစ်၊ မမျိုးချစ် လုပ်မရပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment