မှန်တာကို ရှာတတ်တာ ပညာ
ဒီအထုပ်လေးတွေ ဘယ်လိုဆိုင်တွေမှာရှိလဲရှင် သမီးရှာတာနှံ့နေပြီ မတွေ့လို့ပါရှင့်
ဆရာက ဆေးရောင်းတဲ့နေရာတွေ၊ ဆေးဈေးတွေ မသိပါ။
အခုခေတ်မှာ သိလိုတာကို ဖေ့စ်ဘွတ်ကနေ မေးရင် ဖြေပေးသူတွေ ရှိတယ်။
ရောင်းချင်ရင်လည်း အဲလိုလုပ်ကြပါတယ်။
စစ်မှန်တာကိုတော့ အတော်ချင့်ချိန်ရပါလိမ့်မယ်။
အခုခေတ်မှာ ရှာရတာ အင်မတန်လွယ်တယ်။
ပညာလည်းရှာလိုရတယ်။ စစ်မှန်တာကိုရွေးဖို့တော့ ခက်တယ်။
ပိုက်ဆံရှာရတာလည်းလွယ်တယ်။ သမာအာဇီဝကတော့ နည်းတယ်။
လိမ်ရတာလည်း လွယ်တယ်။ အလိမ်ခံရတာကိုသာယာသူတွေ ပေါလို့။
လူရှာရတာလည်း လွယ်သလဲ့။ အလွယ်လိုက်သူကများလို့။ နောက်တယောက်ရှာရင်လည်း ရသတဲ့။ (ကန်တော့)
ဆေးလည်း အဲလိုလုပ်နေကြသူတွေရှိတယ်။ ဆရာ့ဓါတ်ပုံနဲ့ အမည်သုံးပြီး ဆေးအတုတွေ ရောင်းနေကြတယ်။
ရှာတတ်တာ ပညာခေတ်။
မှန်တာကိုရွေးတတ်တာ မဟာပညာ။
မမှန်တာတင်တတ်တာ ပါရဂူအဆင့်။
မှန်မမှန်မှာများ လူများရင် အထင်ကြီးကြတဲ့ခေတ်။
တချို့က "ဆဲလီ" လို့ အခေါ်ချင်ကြသတဲ့။
သူတပါးကိုဆဲရင်လည်း နာမည်ကြီးသတဲ့။
မြန်မာပြည်ကြီး ယဉ်ကျေး စစ်မှန်လာနိုင်ပါစေသတည်း။ ဆေးကောင်းနဲ့ တွေ့ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment