Shin bone ညို့သကျည်း

ဆရာခင်ဗျ ဒီနေ့ကလေးတစ်ယောက်(တယောက်)ကမေးလိုက်တာလေး မဖြေတတ်လို့ပါ သူမေးတာက tibia လို့ခေါ်တဲ့ ခြေသလုံးရိုး ကို မြန်မာတွေ ညို့သကျည်း လို့ခေါ်တယ်လေတဲ့ ဘာဖြစ်လို့ ညို့သကျည်းခေါ်တာလဲ တဲ့။ ကျွန်တော်ပဲ ဗဟုသုတ နည်းလို့လားမသိဘူး မဖြေနိုင်ပါဘူး ကူညီဖြေပေးပါဦး ဆရာခင်ဗျ လေးစားလျက်။ 

ညို့သကျည်း = ခြေသလုံး၏ရှေ့ဘက်ပိုင်း။

ခန္ဓာဗေဒအခေါ်တွေ တိတိကျကျရှိတယ်။

Leg ခြေသလုံးပိုင်း (ဒူးကနေ ခြေဖဝါးအထိ)

Shin ဆိုတာ ခြေသလုံးရဲ့ ရှေ့ပိုင်း အရိုးမာမာကို အရေပြားဖုံးထားတဲ့နေရာ။ ညို့သကျည်း။

Tibia ဆို ခြေသလုံးတွင်းထဲမှာရှိတဲ့ ပိုပြီးကြီးတဲ့ (အတွင်းဘက်လည်းကျတဲ့) အရိုး။ 

tibia = shin bone ညို့သကျည်းရိုး။

စကားလုံးတိုင်းကို ဘာ့ကြောင့်ခေါ်သလဲ၊ ရေးသလဲ လိုက်ရတာ တချို့စာလုံးတွေကို လိုက်လို့မရနိုင်ပါ။ အစဉ်အဆက်သုံးစွဲလာတာတွေဖြစ်တယ်။

စစ်စစ်ပေါက်ပေါက်လိုက်ရ လွဲတတ်သေးတယ်။

ဥပမာ 

'အရိုး' ဆိုတာ ရိုးသားလို့ ခေါ်တာ မဟုတ်။

'သွေး' ဆိုတာ ဒါးသွေးကျောက်မှာ ထက်အောင်သွေးထားတာ မဟုတ်။

'ညို့သကျည်း' ကို 'ညို့သူကြီး' လို့ မရေးရ။

'ခြေထောက်' ကို 'ခြေဒေါက်' လို့ မရေးရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ