သွေးကျဆေးများ နှင့် ကင်ဆာ စင်္ကာပူကလာတဲ့ သတင်းဟောင်း

စင်ကာပူမှာ သွေးတိုးအတွကသောက်ဆေးမျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမိုကျန်းမာရေးဝန်ကြီးဌာနမအဆိုပါသွေးကျဆေးများ သောက်နေသူ လူနာများကို ပြန်ပြီး ဆေးစစ်နိုင်ဖိုစီစဉ်နေပါပြီ

မရှာဘဲနဲတွေ့မိတာ ၄-၅-၆ ခု

၂၀၁၉ ခုနှစ်က သတင်းစထွက်ကတည်းက ဘာသာပြန်ပြီး တင်ပြထားပါတယ်။ နောက် နှစ်ကြိမ်လောက် ထပ်တင်ရသေးတယ်။ အခု လာပြန်ပြီ။

- သတင်းထွက်တဲ့နေ့စွဲ မပါ။

- သတင်းရေးနည်း တိကျမှုမရှိ။

- အခုဘဲဖြစ်နေသလို ထင်မှတ်မှားစေနိုင်တယ်။

- လက်ရှိဆေးအမည်တူသောက်နေသူတွေကို ခြိမ်းခြောက်ရာကျနေတယ်။

အဲလို ခိုင်မာမှုမရှိ၊ တိကျခြင်းမရှိ၊ ဖြဲခြောက်တဲ့သတင်းဆိုရင် တယောက်ပြီးတယောက်က တင်ကြ ရှယ်ကြပြီ။ ဘယ်သူ့ကိုအကျိုးရှိမှာလဲ။

မင်းက အဲလိုထူဆန်းတာတင်နိုင်သူကြီးပါလား။ တယ်တော်ပါလားလို့ အထင်မခံချင်ပါနဲ့။

အဲဒီသတင်းဟောင်းက ၂၈-၂-၂၀၁၉ နေ့က စကာပူမှာထွက်တာ။

ကျွန်တော်က ၂၀၁၈ မတိုင်ခင် ယူကေကထွက်တာကို ဘာသာပြန်ပြီး ၄-၅-၂၀၂၁ နေ့က တင်ပြထားပြီးသား။

အဲလို အဟောင်းတွေ၊ အလွဲတွေ၊ မမှန်တာတွေဆိုရင် တယောက်ပြီးတယောက်က၊ တခါပြီးတခါ၊ တနှစ်ပြီးတနှစ် တင်နေကြတယ်။

သတင်းက အဟောင်း။ အချက်အလက်တွေက ဖေါင်းပွထားတာ ဖြစ်နေသည်။ သတင်းအတိအကျကို ဘာသာပြန်ပြီး တင်ပြထားပါတယ်။ ကြာပြီ။

HSA recalls 3 brands of high blood pressure drug over cancer risk

Published March 28, 2019

Updated March 29, 2019

Losartan potassium tablets သွေးကျဆေးသတင်း

- May 04, 2021

၁။ မင်္ဂလာပါဆရာ။ အခုတလော သွေးကျဆေး သုံးမျိုး(losartan ဆေးအမည်သုံးမျိုး)က ကာလရှည်စွဲသောက်ရင် ကင်ဆာရောဂါဖြစ် ပွါးစေတယ်လိုဆရာဝန်တယောက်က တင်ထားတာတွေ့ရတယ်ဆရာ။အရမ်းစိုးရိမ်မိပါတယ်ဆရာ။အရပ်ထဲမှာ သွေးကျဆေးတွေအတော်များများlosartanကို သောက်နေကြတာမို့ ဆရာ့အနေဖြင့် ရေးးသားပေးပါဆရာ။

အဲဒါ ရှေးတုန်းကစာ။ သတင်းထွက်ကတည်းက တိတိကျကျ ရေးပြီးတင်ပြထားတယ်။ ဘလော့မှာ ရှိတယ်။

၂။ မင်္ဂလာပါဆရာ အထက်ပါသတင်းကမှန်လားဆရာ အဲဒီသွေးကျဆေး ၃မျိုးက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက် တကယ်ပဲတွေ့တာလားခင်ဗျ အမေ့ကိုဆရာဝန်တဦးကညွန်းလို့ကျွေးတဲ့ဆေးထဲမှာတမျိုးပါလို့ပါ အမေက အသက် ၆၅ ပါခင်ဗျ ညမှာ သွေးညှိဆေးဆိုပြီး အထက်ပါဆေး ၂ မျိုးကို တသက်လုံးစားပါလို့ညွှန်းလို့ စားတာ တနှစ်လောက် ရှိပါပြီ အထက်ကသတင်းမှာ losartan ပါနေလို့သိချင်ပါတယ်ခင်ဗျ

သတင်းထွက်ကတည်းက ရေးထားပါတယ်။ ၃-၄ ခါလည်း ပြန်တင်တယ်။

သွေးကျဆေး Losartin ပေးလျှင် ကင်ဆာဖြစ်နိုင်ကြောင်း အင်္ဂလန်မှာ သတိပေးစသဖြင့်ရေးသားပြီး သွေးတိုးအတွက် အသုံးများတဲ့ လိုဆာတင်သတင်းကို ဘာသာပြန်တင်နေကြတာတွေတွေ့တယ်။ ဆေးသတင်းအတိအကျကို တင်ပြပါမယ်။

၂၀၁၈ ခုနှစ် မကုန်မီက ယူအက်စ်မှာ အဲဒီသတင်းထွက်ပါတယ်။ FDA ကထုတ်ပြန်တဲ့ Voluntary Nationwide Recall လို့ခေါ်တယ်။ NDEA (N-Nitrosodiethylamine) Impurity အနည်းငယ်တွေလို့ဖြစ်တယ်။ ဆေးထုတ်လုပ်မှုနဲ့ဆိုင်တယ်။ Losartan ဆေးကနေ လူ ၁၀၀၀ မှာ ၁ ယောက် အများဆုံးဖြစ်တတ်တဲဘေးထွက် သက်ရောက်မှုတွေ ရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ နေမကောင်း၊ ဝမ်းပျက်နဲအဆစ်တွေ ကြွက်သားတွေနာခြင်း။ ယူအက်စ်မှာရော ယူကေမှာပါ ဒီဆေးကို ဆက်သုံးနေပါတယ်။

Torrent Pharmaceuticals Limited ဆေးကုမ္ပဏီကနေ Losartan potassium tablets, USP ဆေးတွေပြန်သိမ်းတယ်။ ဆေးအစု ၂ ခုဖြစ်တယ်။ active pharmaceutical ingredient (API) ဓါတ်ပါနေလို့။ အဲတာကို Hetero Labs Limited ကနေထုတ်တာဖြစ်တယ်။ ကင်ဆာဖြစ်မလားသံသယရှိတဲ့ အဲဒီ API ဓါတ်ကို N-nitrosodiethylamine (NDEA) လိုခေါ်တယ်။

၁၃-၁၁-၂၀၁၈ နေ့စွဲပါသတင်းမှာ အဲလို မတော်တဆဖြစ်တာ တရုပ်ဓါတ်ခွဲခန်းတခုကလို့ ရေးထားတယ်။ Zhejiang Huahai Pharmaceutical Co. ကုမ္ပဏီကဖြစ်ပါတယ်။

ပြန်သိမ်းတဲ့ဆေးတွေကို ကုန်ထုတ်အမှတ်အသားတွေနဲ့ အတိအကျထုတ်ပြန်ထားတယ်။ Losartan Potassium Hydrochlorothiazide, 100-milligram/25-milligram tablets in 1,000-count plastic bottles ပလပ်စတစ်ပုလင်း ဖြစ်ပါတယ်။ NDC (National Drug Code) 0781-5207-10; Lot number JB8912; သက်တမ်းကုန်နေ့စွဲ 06/2020 ဖြစ်တယ်။ ဒီဆေးကို ယူအက်အေမှာ ၂၀၁၈ ခုနှစ် Oct. 8 နေ့ကဖြန့်ခဲ့တယ်။

Losartan ဆေးကို သွေးတိုးလူနာတွေ၊ သွေးတိုးကြောင့် နှလုံးဘယ်ဘက်ခန်းကြီးနေသူတွေနဲ့ ဆီးချိုကြောင့် အာရုံကြောရောင်နေသူတွေကိုပေးတယ်။

https://www.pharmacytimes.com/resource-centers/diabetes/recall-expanded-for-losartan-potassium-tablets

https://www.webmd.com/drug-medication/news/20181113/losartan-latest-bp-drug-recalled-for-contamination

https://www.fda.gov/Safety/Recalls/ucm628966.htm

တားမြစ်ခြင်းမရှိတဲ့ Losartan ဆေးကို ပုံမှန်သုံးစွဲနိုင်ကြပါတယ်။

အဲဒီသတင်းဟောင်းက ၂၈-၂-၂၀၁၉ နေ့က စကာပူမှာထွက်တာ။

ကျွန်တော်က ၂၀၁၈ မတိုင်ခငယူကေကထွက်တာကို ဘာသာပြန်ပြီး ၄-၅-၂၀၂၁ နေ့က တင်ပြထားပြီးသား။

အဲလို အဟောင်းတွေ၊ အလွဲတွေ၊ မမှန်တာတွေဆိုရင် တယောက်ပြီးတယောက်က၊ တခါပြီးတခါ၊ တနှစ်ပြီးတနှစ် တင်နေကြတယ်။

သတင်းက အဟောင်း။ အချက်အလက်တွေက ဖေါင်းပွထားတာ ဖြစ်နေသည်။ သတင်းအတိအကျကို ဘာသာပြန်ပြီး တင်ပြထားပါတယ်။ ကြာပြီ

HSA recalls 3 brands of high blood pressure drug over cancer risk

Published March 28, 2019

Updated March 29, 2019

Losartan potassium tablets သွေးကျဆေးသတင်း

- May 04, 2021

၁။ မင်္ဂလာပါဆရာအခုတလော သွေးကျဆေး သုံးမျိုး(losartan ဆေးအမည်သုံးမျိုး)က ကာလရှည်စွဲသောက်ရင် ကင်ဆာရောဂါဖြစ် ပွါးစေတယ်လို့ ဆရာဝန်တယောက်က တင်ထားတာတွေ့ရတယ်ဆရာ။အရမ်းစိုးရိမ်မိပါတယ်ဆရာ။အရပ်ထဲမှာ သွေးကျဆေးတွေအတော်များများlosartanကို သောက်နေကြတာမို့ ဆရာ့အနေဖြင့် ရေးးသားပေးပါဆရာ။

အဲဒါ ရှေးတုန်းကစာ။ သတင်းထွက်ကတည်းက တိတိကျကျ ရေးပြီးတင်ပြထားတယ်။ ဘလော့မှာ ရှိတယ်။

၂။ မင်္ဂလာပါဆရာ အထက်ပါသတင်းကမှန်လားဆရာ အဲဒီသွေးကျဆေး ၃မျိုးက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ တွေ့ရှိချက် တကယ်ပဲတွေ့တာလားခင်ဗျ အမေ့ကိုဆရာဝန်တဦးကညွန်းလို့ကျွေးတဲ့ဆေးထဲမှာတမျိုးပါလို့ပါ အမေက အသက် ၆၅ ပါခင်ဗျ ညမှာ သွေးညှိဆေးဆိုပြီး အထက်ပါဆေး ၂ မျိုးကို တသက်လုံးစားပါလို့ညွှန်းလို့ စားတာ တနှစ်လောက် ရှိပါပြီ အထက်ကသတင်းမှာ losartan ပါနေလို့သိချင်ပါတယ်ခင်ဗျ

သတင်းထွက်ကတည်းက ရေးထားပါတယ်။ ၃-၄ ခါလည်း ပြန်တင်တယ်။

သွေးကျဆေး Losartin ပေးလျှင် ကင်ဆာဖြစ်နိုင်ကြောင်း အင်္ဂလန်မှာ သတိပေးစသဖြင့်ရေးသားပြီး သွေးတိုးအတွက် အသုံးများတဲ့ လိုဆာတင်သတင်းကို ဘာသာပြန်တင်နေကြတာတွေတွေ့တယ်။ ဆေးသတင်းအတိအကျကို တင်ပြပါမယ်။

၂၀၁၈ ခုနှစ် မကုန်မီက ယူအက်စ်မှာ အဲဒီသတင်းထွက်ပါတယ်။ FDA ကထုတ်ပြန်တဲ့ Voluntary Nationwide Recall လို့ခေါ်တယ်။ NDEA (N-Nitrosodiethylamine) Impurity အနည်းငယ်တွေလို့ဖြစ်တယ်။ ဆေးထုတ်လုပ်မှုနဲ့ဆိုင်တယ်။ Losartan ဆေးကနေ လူ ၁၀၀၀ မှာ ၁ ယောက် အများဆုံးဖြစ်တတ်တဲ့ ဘေးထွက် သက်ရောက်မှုတွေ ရှိတယ်။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ နေမကောင်း၊ ဝမ်းပျက်နဲ့ အဆစ်တွေ ကြွက်သားတွေနာခြင်း။ ယူအက်စ်မှာရော ယူကေမှာပါ ဒီဆေးကို ဆက်သုံးနေပါတယ်။

Torrent Pharmaceuticals Limited ဆေးကုမ္ပဏီကနေ Losartan potassium tablets, USP ဆေးတွေပြန်သိမ်းတယ်။ ဆေးအစု ၂ ခုဖြစ်တယ်။ active pharmaceutical ingredient (API) ဓါတ်ပါနေလို့။ အဲတာကို Hetero Labs Limited ကနေထုတ်တာဖြစ်တယ်။ ကင်ဆာဖြစ်မလားသံသယရှိတဲ့ အဲဒီ API ဓါတ်ကို N-nitrosodiethylamine (NDEA) လို့ ခေါ်တယ်။

၁၃-၁၁-၂၀၁၈ နေ့စွဲပါသတင်းမှာ အဲလို မတော်တဆဖြစ်တာ တရုပ်ဓါတ်ခွဲခန်းတခုကလို့ ရေးထားတယ်။ Zhejiang Huahai Pharmaceutical Co. ကုမ္ပဏီကဖြစ်ပါတယ်။

ပြန်သိမ်းတဲ့ဆေးတွေကို ကုန်ထုတ်အမှတ်အသားတွေနဲ့ အတိအကျထုတ်ပြန်ထားတယ်။ Losartan Potassium Hydrochlorothiazide, 100-milligram/25-milligram tablets in 1,000-count plastic bottles ပလပ်စတစ်ပုလင်း ဖြစ်ပါတယ်။ NDC (National Drug Code) 0781-5207-10; Lot number JB8912; သက်တမ်းကုန်နေ့စွဲ 06/2020 ဖြစ်တယ်။ ဒီဆေးကို ယူအက်အေမှာ ၂၀၁၈ ခုနှစ် Oct. 8 နေ့ကဖြန့်ခဲ့တယ်။

Losartan ဆေးကို သွေးတိုးလူနာတွေသွေးတိုးကြောင့် နှလုံးဘယ်ဘက်ခန်းကြီးနေသူတွေနဲ့ ဆီးချိုကြောင့် အာရုံကြောရောင်နေသူတွေကိုပေးတယ်။

https://www.pharmacytimes.com/resource-centers/diabetes/recall-expanded-for-losartan-potassium-tablets

https://www.webmd.com/drug-medication/news/20181113/losartan-latest-bp-drug-recalled-for-contamination

https://www.fda.gov/Safety/Recalls/ucm628966.htm

တားမြစ်ခြင်းမရှိတဲ့ Losartan ဆေးကို ပုံမှန်သုံးစွဲနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ