Hypertension incidence သွေးတိုးရှိသူဦးရေ ဘယ်လောက်များသလဲ

သုတေသနအရ တင်ပြပါမယ်။

၂၀၂၁-၂၀၂၃ ခုနှစ်က ယူအက်စ်အေမှာ လူကြီး ၄၈% မှာ သွေးတိုးရှိတယ်။

အသက် ၆၀ အထက် ကြီးလာလေလေ သွေးတိုးရှိနိုင်လေလေ။

အသက် ၁၈-၃၉ = 23.4%

၄၀-၅၉ = 52.5%

၆၀ အထက် 71.6%

အသက်အပြင် အစားအသောက်ညံ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်နဲ့ အရက်ကြောင့် ဖြစ်စေတယ်။

လူကဝလို့နဲ့ ပတ်ဝန်းကျင်အချက်တွေကြောင့်လည်း ပါတယ်။

အမျိုးသမီးတွေက ပိုပြီးဂရုစိုက်တာတွေ့ရတယ်။

ကျား = 50.8%

မ = 44.6%

တကမ္ဘာလုံးမှာ လူဦးရေ ၃၀% မှာ သွေးတိုးရှိတယ်။

အသားမည်း ပိုများတယ်။

အာရှသားတွေ နည်းတယ်။

သွေးတိုးကနေ နှလုံးအတက်ရခြင်း၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ရောဂါ ဆက်ရနိုင်တယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ သွေးတိုးကို ထိန်းနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ