Meclizine 25 mg ဆေး

မင်္ဂလာပါဆရာခင်ဗျ ကျွန်တော်တခုလောက်မေးခွင့်ပြုပါခင်ဗျ ကျွန်တော်ညနေတိုင်းလမ်းလျှောက်လေ့ရှိပါတယ်ခင်ဗျ မနေ့က ညနေ လမ်းလျှောက်လို့ ၁၅မိနစ်လောက်အကြာမှာ ခေါင်းကရုတ်တရက်မူးလာပြီးရိပ်ရိပ် ရိပ်ရိပ်နဲ့ မြင်တဲ့အရာတိုင်းနှစ်ခုဖြစ်ပြီး ဝါးနေတယ်ခင်ဗျ။ အဲဒီလိုဖြစ်တာဓါတ်တိုင်နှစ်တိုင်စာလောက်ရှိမယ်ခင်ဗျ အဲဒါနားနဲ့များဆက်စပ်နေပါသလားခင်ဗျ ဘာတွေများကြိုတင်ကာကွယ်ရမလဲခင်ဗျ ကျေးဇူးပါဆရာခင်ဗျ

ဖြစ်နိုင်။ meclizine 25 mg လိုတဲ့အခါ သောက်နိုင်။

Meclizine 25 mg ဆေး

antihistamine အုပ်စုဝင်ဆေးဖြစ်တယ်။

ပျို့တာ၊ အန်တာ၊ မူးတာတွေအတွက် ပေးတယ်။

အမည်တွေ အမျိုးမျိုးနဲ့ ရောင်းတယ်။ Antivert, Bonine, and Dramamine Less Drowsy စသည်။

ကားမူတတ်သူတွေ ခရီးစထွက်ခင် 25-50 mg နာရီဝက်၊ တနာရီကြိုသောက်ပါ။

လိုအပ်ရင် ၄-၁၂-၂၄ နာရီမှာ ထပ်သောက်ပါ။

vertigo ခေါ် အမူးရောဂါအတွက် 25 mg တနေ့ ၃-၄ ကြိမ်သောက်ပါ။

ဘေးထွက်သက်ရောက်မှုများ

အိပ်ချင်၊ အာခေါင်ခြောက်၊ ခေါင်းကိုက်၊ အားနည်း၊ ဝမ်းချုပ်၊ မျက်စိအမြင်မကြည်လင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ