Overactive Thyroid လည်ပင်းကြီးဟော်မုန်းများရောဂါ
မေးခွန်း = ဆရာရှင့် အဲ့ဒါပထမဦးစွာစစ်တုန်းက 3 စိမ့်သောက်ရပါတယ်။ ဒါဒုတိယအကြိမ်စစ်တော့ 2 ဆိမ့်လျော့သောက်ရပါတယ်။ ခုနောက်ဆုံး T4စစ်တာ အရမ်းနည်းနေတာလားမသိလို့ လျော့သောက်ရမလား တိုးသောက်ရမလားဆရာ ပြောပြပေးပါအုံး မပြနိုင်သေးလို့ ခုလော်ဆယ် 2 ဆိမ့်သောက်နေတာပါ။ ဆရာစာမြင်ရင် သမီးကိုဘယ်လိုပြန်သောက်ရမလည်းဆိုတာ ပြောပေးပါအုံးဆရာရှင့်။
TSH 0.21 (0.27 - 4.7) = Low
Anti TPO 497.40 (<34) = High
TSH >60 (0.27 - 4.7) = High
Free T4 6.45 (10.6 - 19.6) Low
ပြန်စာ
လူနာ အသက် မသိ။
ဘယ်လိုခံစားနေရ မသိ။
ဆေးအမည် မသိ။
ဆေးအလေးချိန် မသိ။
စိမ့် နဲ့ ဆိမ့် တွေရေးတာတော့ မှားနေတယ်။ စိမ့် ဆိုတာ ပန်းကန်အက်နေလို့ ယိုစိမ့်ကျနေခြင်း။ ဆိမ့် ဆိုတာ အရသာ။ ဥပမာ မြေပဲဆံ။
ဆေးပြားတဝက် = တခြမ်း၊ တစိတ် = လေးပုံတပုံ။
လည်ပင်းကြီးဟော်မုန်းများခြင်းအတွက် ဆေး ၁ မျိုး သို့မဟုတ် ၂ မျိုးပေးတယ်။
carbimazole နဲ့ propylthiouracil ဆေးတမျိုးမျိုးကို ၁၂ လကနေ ၁၈ လအထိသောက်ရမယ်။ အတိအကျကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ကညွှန်ပါမယ်။
လိုအပ်သူတွေကို beta blocker အမျိုးအစားဆေးကိုပါ ပေးမယ်။
လည်ပင်းကြီးဟော်မုန်းဆေးစစ်ချက်ကောင်းလာတာနဲ့ ဆေးအလေးချိန် လျှော့ပေးမယ်။
တချို့လူနာတွေကတော့ နှစ်ပေါင်းများစွာ ဆေးလိုအပ်တယ်။
နောက်တနည်း
Radioactive iodine အနုမြူဆေးတောင့်
တချို့လူနာတွေကို ရက်သတ်မှတ်ချက်နဲ့ ပေးတယ်။
ကိုယ်ဝန်ဆောင်တွေကို မပေးပါ။
Surgery ခွဲစိတ်ခြင်း
တချို့အတွက်ဖြစ်တယ်။
Hyperthyroidism လည်ပင်းကြီးဟော်မုန်းများရောဂါ https://dr-tint-swe.blogspot.com/.../05/hyperthyroidism.html
နောက်ထပ် လည်း ဒီရောဂါအကြောင်းစာတွေ ရှိသေးတယ်။
Dr. တင့်ဆွေ
Comments
Post a Comment