Stroke Season လေဖြတ်တဲ့ရာသီ
ဆောင်းရာသီမှာ အများဆုံးဖြစ်တယ်။ နိုဝင်္ဘာလကနေ ဖေဖေါ်ဝါရီလအထိ။
ရာသီဥတုက အေးလို့ သွေးကြောလေးတွေကျဉ်းတယ်။
သွေးခဲမှာကို ပိုပြီးစိုးရိမ်ရတယ်။
သွေးတိုး တက်နိုင်ခြေ ပိုများတယ်။
ဘယ်လို ကာကွယ်မလဲ
သွေးတိုးကို နေ့စဉ်ထိန်းပါ။
ဆရာဝန်ညွှန်ထားတဲ့ဆေးတွေကို ပုံမှန်သောက်ပါ။ (သွေးတိုး၊ ဆီးချို၊ ကိုလက်စထော၊ သွေးကျဲဆေး)
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
နာတာရှည်ရောဂါတွေရှိရင် ကုသမှုခံယူပါ။
လေဖြတ်တာကို ဘယ်လိုသိနိုင်သလဲ
Balance ခနာကိုယ် ဟန်ချက်မထိန်းနိုင်၊
Eyes မျက်စိအမြင် ရုတ်တရက်ကျဆင်း၊
Face မျက်နှာတခြမ်းရွဲ့၊
Arms လက်တဖက် ရုတ်တရက်အားနည်း၊
Speech စကားမပီသ၊ မပြောနိုင်။
Time ချက်ချင်းအရေးပေါ်ခေါ်ပါ။
မြန်မာပြည်သားတွေ ဘယ်မှာနေနေ လေဖြတ်ခြင်းက ကင်းဝေးကြပါစေသတည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment