Bathing Myth ရေချိုးတာကို ရန်ရှာတဲ့ အယူအဆမှား (၂)
ကွန်မင့်တခု = အိန္ဒိယတို့ တခြားသော နိုင်ငံတချို့က ပိုများပါတယ် လိုင်းပေါ်မှာ မြင်မြင်နေရလို့
ကွန်မင့်တခု = ကျနော် ရေမချိုးတာ ၃၇နှစ်ရှိပြီ ဘာမှမဖြစ်သေးဘူး
ပြန်စာ
ကျွန်တော် အိန္ဒိယမှာ ၂၄ နှစ်နေခဲ့ရတယ်။ ဂင်္ဂါမြစ်ထဲ ရေချိုးကြတယ်။
Ganges (Ganga) ခေါ် ဂင်္ဂါမြစ်ထဲမှာ အိန္ဒိယလူမျိုးတွေ ဘာသာရေးယုံကြည်ချက်အတွက် ရေချိုးကြတယ်။ Kumbh Mela ပွဲတော်လုပ်တယ်။ ခန့်မှန်းခြေ လူပေါင်း သန်း ၄၀၀ ရှိပါသတဲ့။
EL PAÍS English, this Instagram post, and Times of India သတင်းဌာနတွေအရ ကမ္ဘာပေါ်မှာ ရေမချိုးဆုံးတိုင်းပြည်နဲ့ လူမျိုးရယ်လို့ မရှိပါ။
အရပ်ဒေသတချို့တွေမှာ အမျိုးသမီးတွေ လစဉ်ရာသီလာစဉ် ရေးမချိုးရ၊ ခေါင်းမလျှော်ရလို့ အယူသီးကြတာတော့ ရှိတယ်။ ကန်တော့။
ရေချိုးခြင်းဟာ တကိုယ်ရေသန့်ရှင်းဖြစ်ကြောင်း လက်မခံသူ မရှိသလောက် ရှားတယ်။
ယဉ်ကျေးမှုနဲ့ အသိသုတပညာကြောင့် တိုးတက်ပြီး သိမြင် လက်ခံတာဖြစ်ပါတယ်။
အယူသီးကြတာတွေလည်း တိုင်းပြည်တိုင်းမှာ ရှိတယ်။
လူအများစုနဲ့ ဆန့်ကျင်တဲ့ စုန်းပြူးသဘောကလည်း နေရာတိုင်း ခေတ်တိုင်းမှာ ရှိတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment