ဂျာမဏီမှာစမ်းသပ်မှုလုပ်နေတဲ့ ဆီးချိုကုသနည်း
ဂျာမဏီမှာစမ်းသပ်မှုလုပ်နေတဲ့ ဆီးချိုကုသနည်းအကြောင်းအတွက်
ကွန်မင့်တွေ၊ မက်ဆေ့ချ်တွေ လာတယ်။ ကျေးဇူး။
ဒါပေမဲ့ -
တချို့က ဆုတောင်းပေးကြတယ်။
တချို့က မြန်မြန်ရပါစေ။
ဆေးသုတေသဆိုတာ မြန်အောင် နှေးအောင် လုပ်လို့မရပါ။ စနစ်တကျစည်းကမ်းသတ်မှတ်ချက်တွေထားတယ်။ ကိုဗစ်ကာကွယ်ဆေးထုတ်ရစဉ်က အဆင့်မြန်ခွင့်ကို သမတကလက်မှတ်ထိုးထုတ်ရတယ်။
တချို့က ဝယ်လို့ရပြီလား။
တချို့က မြန်မာပြည်ရောက်ပါစေ။
တချို့ကလည်း ဘယ်မှာရမလဲ။
တချို့ကလည်းဝယ်လို့ရမလားတဲ့။
တချို့က တရုပ်ပြည်မှာလည်းလုပ်နေတယ်ဆိုပြီး ရုရှားကပူတင်ပုံနဲ့ဟာ လာပို့တယ်။ ပုံမြင်တာနဲ့ လိမ်ထာကို သိရမယ်။
တချို့ကလည်း သေချာမဖတ်။ ပြောင်းပြန်မှတ်။
စာကိုသေချာဖတ်ရင် စမ်းသပ်ဆဲ့အဆင့်လို့သိပါမယ်။ ဘယ်တိုင်းပြည်မှာမှ မရောင်းသေး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment