လူ့အသည်းပျက်စီးနေသော အစိတ်အပိုင်းများကို နှစ်ပတ်အတွင်း ပြန်လည်ဖွံ့ဖြိုးနိုင်ကြောင်း တွေ့ရှိ

ဒီဆေးသုတေသနသတင်းကို တယောက်ပြီးတယောက်က တင်နေကြတာ တွေ့ပါတယ်။

သတင်းအတိအကျကို တင်ပြပါမယ်။

British scientists found humans can regenerate damaged liver tissue within two weeks.

အင်္ဂလန်နိုင်ငံမှ သိပ္ပံပညာရှင်များက လူ့အသည်းပျက်စီးနေသော အစိတ်အပိုင်းများကို နှစ်ပတ်အတွင်း ပြန်လည်ဖွံ့ဖြိုးနိုင်ကြောင်း ကို တွေ့ရှိခဲ့ကြပါသည်။

King’s College London မှ သုတေသနပညာရှင်များက Hippo signaling pathway ကို လှုံ့ဆော်နိုင်သော မော်လီကျူးအသေးစားများကို ရှာဖွေတွေ့ရှိခဲ့ကြပြီး၊ ထိုမော်လီကျူးများသည် အသည်း၏ ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်းကို အလွန်အမင်း တက်ကြွစေကာ၊ ပြင်းထန်စွာ ပျက်စီးနေသော အသည်းများကိုပါ ၁၄ ရက်အတွင်း ပုံမှန်ဖွဲ့စည်းပုံနှင့် လုပ်ဆောင်နိုင်စွမ်း အပြည့်အဝ ပြန်လည်ရရှိစေ နိုင်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ ဤသုတေသနအောင်မြင်မှုသည် အသည်းမအောင်မြင်ရောဂါရှိ လူနာများအတွက် အသည်းအစားထိုးကုသမှုအစား အခြားရွေးချယ်စရာ ကုသနည်းများ ပေါ်ပေါက်လာစေနိုင်ပါသည်။

လူ့ကိုယ်ခန္ဓာအတွင်း အသည်းသည် ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်း အထူးရှိသော အင်္ဂါအစိတ်အပိုင်း တခုတည်း ဖြစ်ပါသည်။ ခွဲစိတ်ကုသမှုဖြင့် အသည်း၏ ၇၀ ရာခိုင်နှုန်းအထိ ဖြတ်ထုတ်လိုက်လျှင်ပငလအနည်းငယ်အတွင်း မူလအရွယ်အစားအထိ ပြန်လည်ကြီးထွားလာနိုင်ပါသည်။ သို့သော် ရောဂါကြောင့် ပျက်စီးသွားသော အသည်းများ (အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်း၊ အဆီအသည်းရောဂါ စသည်) တွင် ထိုပြန်လည်ဖွံ့ဖြိုးနိုင်စွမ်း ပျောက်ဆုံးသွားတတ်ပါသည်။ အင်္ဂလန်သိပ္ပံပညာရှင်များက ထိုအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြပြီး၊ အသည်းကို အမြဲတမ်း ထိခိုက်နာကျင်နေစေသော အခြေအနေများကြောင့် ကင်ဆာဖြစ်ပေါ်ခြင်းကို ကာကွယ်ရနပြန်လည်ဖွံ့ဖြိုးမှုကို ဖိနှိပ်ထားသော လမ်းကြောင်းများ လှုံ့ဆော်လာခြင်း ဖြစ်ကြောင်းကို သိရှိခဲ့ကြပါသည်။ ထိုဖိနှိပ်မှုလမ်းကြောင်းများကို အချိန်အကန့်အသတ်ဖြင့် ပိတ်ဆို့လိုက်သောအခါ အသည်း၏ ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်း အပြည့်အဝကို ပြန်လည်လွှတ်ပေးနိုင်ခဲ့ပါသည်။

ဤကုသနည်းတွင် Hippo pathway ကို တားဆီးပိတ်ဆို့နိုင်သော မော်လီကျူးအသေးစား ဆေးဝါးများ ကို အသုံးပြုပါသည်။ Hippo pathway သည် သာမန်အားဖြင့် ဆဲလ်များ အလွန်အမင်း မခွဲခြားကြီးထွားစေရန် တားဆီးထားသော ဆဲလ်အတွင်း ဆက်သွယ်ရေးစနစ် ဖြစ်ပါသည်။ ထိုစနစ်ကို ဖိနှိပ်ပိတ်ဆို့လိုက်သောအခါ hepatocyte ဟုခေါ်သော အသည်းဆဲလ်များ သည် အလျင်အမြန် ခွဲခြားကြီးထွားလာပြီး၊ ပျက်စီးနေသော အစိတ်အပိုင်းများကို အစားထိုးကာ ကျန်းမာသော အသည်းအသားများကို ပြန်လည်ဖွဲ့စည်း ပေးပါသည်။ ရက်အနည်းငယ်အတွင်း အသည်းခြောက်ကြောင့် ဖြစ်ပေါ်သော အမာရွတ်များသည် တဖြည်းဖြည်း ပြိုကွဲသွားပြီး၊ နှစ်ပတ်အတွင်း အသည်းလုပ်ဆောင်ချက် စမ်းသပ်ချက်များ ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိ လာကြောင်းကို တွေ့ရှိရပါသည်။

ပြင်းထန်သော အသည်းခြောက်ရောဂါရှိ ကြွက်များ (လူတွင် အဆုံးအဆင့် အသည်းရောဂါနှင့် တူညီသော အခြေအနေ) ကို အသုံးပြုသော စမ်းသပ်မှုများတွင်၊ ကုသမှုခံယူသော ကြွက်များသည် အသည်းကို အပြည့်အဝ ပြန်လည်ဖွံ့ဖြိုးနိုင်ပြီး၊ ပုံမှန်ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကိုပါ ပြန်လည်ရရှိ ခဲ့ကြပါသည်။ အမာရွတ် ကျန်ရစ်မှု မရှိ၊ ကင်ဆာဖြစ်ပေါ်မှု မရှိ၊ အခြားပြဿနာများ မတွေ့ရှိရပါ။ ယခုအခါ လူတွင် စမ်းသပ်မှုများ ကို အသည်းခြောက်ရောဂါရှိ လူနာများနှင့် အရေးပေါ် အသည်းမအောင်မြင်ရောဂါရှိ လူနာများအတွက် စတင်လက်ခံနေပြီ ဖြစ်ပါသည်။ ဤကုသနည်း အောင်မြင်ပါက အသည်းအစားထိုးကုသမှု အများစုကို လုံးဝလိုအပ်မနေတော့ဘဲ လူနာများသည် အလှူရှင်ကို နှစ်များကြာ စောင့်ဆိုင်းရင်း စောင့်စာရင်းအတွင်း သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ကို ကြုံတွေ့ရခြင်းမရှိတော့ဘဲ၊ မိမိကိုယ်ပိုင် အသည်းကို ကိုယ်တိုင် ပြန်လည်ဖွံ့ဖြိုးစေနိုင်မည် ဖြစ်ပါသည်။

အချုပ်

ဆေးသုတေသနအဆင့်တခုရဲ့ အောင်မြင်မှုသာ ရှိပါသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ