ပဲအမျိုးမျိုး တယောက်တမျိုး လက်ညှိုးထိုးဝယ်သော်ရ၏
ကွန်မင့်တခု = မတူပါ
ကွန်မင့်တခု =ကျွန်တော်တို့ရေးမြို့နယ်မှာဆို ဗိုလ်စားပဲလို့ခေါ်ကြတယ်။ ဘာကြောင့်ရယ်မသိ။
မဟုတ်ပါ။ ပုံကိုတင်ပြလိုက်ပါတယ်။
ကွန်မင့်တခု =ရှမ်းပြည်မှာ နွေပဲသီးလို့ခေါ်တယ်။ ရှမ်းစကားနဲ့ဆို(ထိုတိုပ်)လို့ခေါ်ပါတယ်။
မဟုတ်ပါ။ Indian tutu Broad Beans / Broad bean ပဲပုစွန်သီး (ပဲပုဇွန်)
ကွန်မင့်တခု = ပဲပစွန်သီးပါ
ပဲပုစွန်သီးလို့ ရေးရ။ ပဲပုစွန်သီး(ပဲပုဇွန်) က အနားသတ်မှာ ခရမ်းရောင်လေးပါတယ်။ တချို့ကလည်း အနားသတ်အရောင် မထူးခြားတာကို ခေါ်ကြပြန်တယ်။
Kidney Bean ဆိုတာ ကျောက်ကပ်ပဲ။ မြန်မာလို အခေါ်ကတော့ မြေထောက်ပဲ။
မြေထောက်ပဲ (ဗိုလ်စားပဲ)
Red beans / Kidney beans ပဲနီ (စွန်တာနီပဲ) ပုံ
- Chana Dal ကုလားပဲ။
- Black Eyed Peas နတ်တော်ပဲ
- Chana Dal ကုလားပဲ
- Lentil ပဲနီလေး (ပဲရာဇာ)
- Green gram, Indian Black Gram Matpe, Vigna Mungo, Black Gram, Urad Bean, Minapa Pappu, Mungo Bean မတ်ပဲ
- Pigeon Peas ပဲစင်းငုံ
- Lima bean ပဲကျား (ပဲဖြူလေး)
- Mung bean ပဲနောက် (ပဲတီစိမ်း)
- Fenugreek (ပဲနံ့သာ)
ကွန်မင့်တခု = ပဲကတီပါ
ပဲကတ္တီပါလို့ ရေးရ။ ဒါပေမဲ့ ပဲကတ္တီတော့ မဟုတ်ပါ။ ပုံထဲကလို အနီရောင်ပဲကိုသာ ပဲကတ္တီလို့ ခေါ်တယ်။
Red Ruby Red Flat Beans ပဲကတ္တီပါ
အထဲက ပဲစေ့ကိုသာ စားလို့ရတယ်။ ကတ္တီရောင်၊ အနီရောင်။
ပဲသီးအခွံထဲက ပဲစေ့ကိုသာ ထုတ်စားရတာလည်း ရှိတယ်။ ကောင်းတယ်။ အခုရာသီမှာ ပေါ်တယ်။ အညာမှာတော့ ပဲစိုပွလို့ အလွယ်ခေါ်တယ်။ ယူအက်စ်အေမှာ ဝယ်လို့မရဘူး ထင်တယ်။
အခေါ်တွေက တယောက်တမျိုး။ လက်ညှိုးထိုးဝယ်သော်ရ၏။
ပဲဋီကာ https://burmese-spelling.blogspot.com/2024/12/blog-post_137.html
Beans ပဲများသည် https://burmese-spelling.blogspot.com/2023/12/beans.html
Lobia beans နတ်တော်ပဲ https://burmese-spelling.blogspot.com/2025/12/lobia-beans.html
ဗိုလ်စားပဲ ဘိုစားပဲ တိုင်ထောင်ပဲ ပဲတောင့်ရှည် https://burmese-spelling.blogspot.com/2023/12/blog-post_192.html
Broad bean ပဲပုစွန်သီး https://burmese-spelling.blogspot.com/2025/01/broad-bean.html
စွန်တာနီ https://burmese-spelling.blogspot.com/2025/01/blog-post_18.html
Baby Lima Beans (Butterbeans) ထောပတ်ပဲ https://burmese-spelling.blogspot.com/2025/03/baby-lima-beans-butterbeans.html
မှားလေ့ရှိသော ပဲများ https://burmese-spelling.blogspot.com/2024/10/blog-post_845.html
Lobia beans နတ်တော်ပဲ https://burmese-spelling.blogspot.com/2023/12/lobia-beans.html
Pulses ပဲအမျိုးမျိုး https://burmese-spelling.blogspot.com/2024/06/pulses.html
Green gram မတ်ပဲ https://burmese-spelling.blogspot.com/2023/12/green-gram.html
Vada ပဲဗယာကြော် https://burmese-spelling.blogspot.com/2023/01/vada.html
Red Kidney Beans စွန်တာနီပဲပြုတ် https://burmese-spelling.blogspot.com/2025/04/red-kidney-beans.html
ပဲပုပ် ပဲပိစပ် ပိစပ်ပင် ဘိစပ်ပင် ဂျမဏီပင် https://burmese-spelling.blogspot.com/2022/11/blog-post_235.html
ပဲဖြူလေးပြုတ် https://burmese-spelling.blogspot.com/2025/04/blog-post_722.html
ပဲပုပ် https://burmese-spelling.blogspot.com/2025/12/blog-post_22.html
တယောက်တမျိုး လက်ညှိုးထိုးဝယ်သော်ရ၏ https://burmese-spelling.blogspot.com/2026/01/blog-post_46.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment