Butterfly pea အောက်မဲညို


The 'magical' blue flower changing farmers' fortunes in India

BBC Burmese ပြာလွင်လွင် ပန်းတွေပွင့်တဲ့ အောင်မဲညိုပင်ဟာ နွယ်ပင်ဖြစ်ပြီး အိန္ဒိယမှာ အပရာဇိတလို့ သိကြပါတယ်။

စာလုံးပေါင်းမှန်က ကဝိဓဇသတ်ပုံကျမ်းမှာ အောက်မဲးညိုပင်လို့ပါတယ်။

ရုက္ခဗေဒအမည် Clitoria ternatea ဖြစ်တယ်။ အင်္ဂလိပ်လို တခြားအမည်တွေက Asian pigeonwings, bluebellvine, blue pea, butterfly pea, cordofan pea, or Darwin pea ဖြစ်ပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

အောက်မဲညိုသညအန်တီအောက်ဆီဒန့် အာနိသငပြင်းထန်စွာပါဝင်ခြင်း၊ ဦးနှောက်လုပ်ဆောင်ရည် (မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်း) ကို အားပေးထောက်ပံ့ခြင်း၊ ရောင်ရမ်းမှု လျော့ချပေးခြင်းစိတ်ဖိစီးမှု သက်သာစေခြင်း နှင့် အရေပြား၊ ဆံပင် ကျန်းမာရေး တိုးတက်စေခြင်းတို့ကို ပေးစွမ်းနိုင်သည်။ ထိုအကျိုးကျေးဇူးများသည် အန်သိုစိုင်ယာနင်၊ ဖလာဗိုနိုကစသော အဓိကဓာတ်ပစ္စည်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီးရိုးရာအသုံးအနှုံးအရ အစာချေမှုကူညီခြင်းသွေးချိုညှိနှိုင်းမှု နှင့် နှလုံးကျန်းမာရေးကိုလည်း အားပေးထောက်ပံ့နိုင်သည်ဟု ယူဆကြသည်။

အန်တီအောက်ဆီဒန့် အာနိသင် အန်သိုစိုင်ယာနင်၊ ဖလာဗိုနိုက် စသည်တို့ ကြွယ်ဝစွာ ပါဝင်၍ လွတ်လပ်ရေဒီကယ်များကို တိုက်ဖျက်ကာ အောက်ဆီဒေးရှင်းဖိအား လျော့ချပေးပြီး ကိုယ်ခန္ဓာကျန်းမာရေး အထွေထွေကို အားပေးသည်။

ဦးနှောက်ကျန်းမာရေး ရိုးရာအရ မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်း နှင့် သိမြင်လုပ်ဆောင်ရည် တိုးတက်စေရန် အသုံးပြုလာကြသည်။

ရောင်ရမ်းမှု လျော့ချခြင်း ရောင်ရမ်းခြင်း၊ ဖောင်းရမ်းခြင်း နှင့် နာကျင်မှုများကို လျော့ချပေးနိုင်သည်။

စိတ်ဖိစီးမှု နှင့် စိတ်နေစိတ်ထား စိတ်တည်ငြိမ်စေသော သဘာဝအာနိသင်ရှိ၍ ကဖိန်းမပါသော လက်ဖက်ရည်အဖြစ် သောက်သုံးလျှင် အနားယူသက်သာစေသည်။

အရေပြား နှင့် ဆံပင် အန်တီအောက်ဆီဒန့်များက အရေပြားအရောင် တိုးတက်စေ၍ အသက်အရွယ်ကြီးရင့်မှုကို နှေးကွေးစေကာ ဆံပင်ကို အာဟာရပံ့ပိုးပေးပြီး ဆံပင်ကျွတ်ခြင်း၊ အဖြူထွက်ခြင်းကို လျော့ချပေးနိုင်သဖြင့် ဆံပင်ထုတ်ကုန်များတွင် အသုံးများသည်။

သွေးချို နှင့် နှလုံးကျန်းမာရေး သွေးချိုညှိနှိုင်းမှုကို ကူညီနိုင်ပြီး သွေးဖိအား လျော့ချကာ အဆီစုပုံမှုကို ကာကွယ်ခြင်းဖြင့် နှလုံးနှင့် သွေးကြောကျန်းမာရေးကို အားပေးနိုင်သည်။

အစာချေမှု ကူညီခြင်း အစာအိမ်ကြွက်သားများကို သက်သာစေကာ အူတွင်းပိုးများကို ကာကွယ်တားဆီးနိုင်သော အာနိသင်များ ပါဝင်သည်။

အခြား အသုံးများနှင့် အကျိုးကျေးဇူးများ

သဘာဝအရောင်ဆေး အစာနှင့် အဖျော်ယမကာများတွင် အပြာ၊ ခရမ်း၊ ပန်းရောင် စသည့် တောက်ပသော အရောင်များကို ပေးစွမ်းပြီး pH ပြောင်းလဲမှုအပေါ် မူတည်၍ အရောင်ပြောင်းလဲနိုင်သည်။

မြေဩဇာကျန်းမာရေး ပဲမျိုးရင်းဝင် အပင်ဖြစ်၍ မြေတွင် နိုက်ထရိုဂျင် ချည်ဆက်ပေးကာ မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေပြီး မြေဆီးယိုယွင်းမှုကို ကာကွယ်သည်။

အစာအာဟာရနှင့် ပိုးသတ်အာနိသင် တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ပြီး ပိုးသတ်အာနိသင်ရှိသော စိုင်ကလိုတိုက်များ ပါဝင်သည်။

ကဖိန်းမပါသော လက်ဖက်ရည် အဖြစ် ဖျော်သောက်နိုင်သည်။

မှတ်ရန

အောက်မဲညိုပန်းကို ကင်ဆာ၊ ကိုဗစ် လုပ်နေကြတယ်။ သတ်ပုံ မှန်အောင် မရေးတတ်သူတွေက ကင်ဆာကုနေကြတယ်။ တချို့ကလည်း ကင်ဆာဖြစ်စေတယ်တဲ့ မမှန်၊ မှားတယ်။

အသီးအရွက်၊ အပွင့်၊ အမြစ်တွေတိုင်းမှာ အာဟာရဓါတ်တွေပါတယ်။ တချို့အသီးအရွက်၊ အပွင့်၊ အမြစ်တွေမှာ အဆိတ်အတောက်ပါတယ်။

စားသုံးတဲ့အခါ နည်းလမ်းနဲ့အညီဖြစ်ရတယ်။ ဆေးအဖြစ်သုံးရင်လည်း ဆေးသုတေသနတွေအရ သုံးစွဲရပါမယ်။

မီဒီယာမျိုးစုံပါ သတင်းတိုင်းကို မျက်စိမှိတ်ပြီး မယုံပါနဲ့။

အမည်စာလုံးပေါင်း မမှန်တာတွေက အချက်အလက်တွေပါ မှားလေ့ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ