Chayote / Vegetable Pear) ခေါ် ဂေါ်ရခါးသီး
အာဟာရပြည့်ဝသော ဖရုံမျိုး အစားအစာတမျိုးဖြစ်ပြီး ဖိုင်ဘာ၊ ဗီတာမင် စီ၊ ဖိုလိတ် (B9)၊ ပိုတက်စီယမ် နှင့် myricetin အပါအဝင် အာဟာရဓါတ်များစွာ ပါဝင်သည်။
နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း၊ ဆီးချိုထိန်းချုပ်နိုင်ခြင်း၊ အစာချေမှုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ထိန်းညှိနိုင်ခြင်း တို့ကို ကူညီပေးသည်။
ထို့ပြင် ရောင်ရမ်းမှု နှင့် အောက်စီဒေးရှင်း ဖိအား (oxidative stress) ကို လျှော့ချပေးသဖြင့် အရေပြားကျန်းမာရေး နှင့် အသက်အရွယ်ကြီးရင့်မှု လျော့နည်းစေခြင်း အတွက်လည်း အကျိုးရှိသည်။
ကယ်လိုရီနည်းပြီး ဖိုင်ဘာမြင့်သောကြောင့် အလွန်အမင်းစားချင်စိတ်ကို လျှော့ချပေးနိုင်ပြီး၊ အောက်စီဒန့်တားများက ဆဲလ်ပျက်စီးမှုကို တားဆီးကာ ရေရှည်ရောဂါများ၏ အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
ကိုယ်ခံအား၊ အရိုးကျန်းမာရေးနှင့် အရေပြားကို ထောက်ပံ့ပေးသည်။
1" pieces (132 g) အရွယ်အစားကနေ ၂၅ ကယ်လိုရီရတယ်။
မှတ်ချက်
ဂေါ်ရခါးသီးဟာ ဆီးချိုအတွက် အလွန်ထူးခြားပြီး ကောင်းစေတဲ့အသီးတော့ မဟုတ်ပါ။ စားသင့်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment