Coffee and Tea Question အရေမရ အဖတ်မရ
လက်ဖက်တို့ ကော်ဖီတို့ စားရင် သံဓာတ်အားနည်းစေတယ်ဆိုတာ ဟုတ်လားရှင့်ဆရာ။
အဲတာက အရင်နှစ်က ဒီနေ့မှာမေးခဲ့တာ။
ဒီနှစ် ဒီရက်မှာမေးတာက သူ့သားငယ်လေးကို လက်ဖက်ရည်တိုက်ရင် ကလေး ဉာဏ်ထိုင်းစေသလားတဲ့။
လက်ဖက်ရည်
အဲတာမျိုးတွေကို အရေ (အရည်) မရ အဖတ်မရမေးခွန်းလို့ ခေါ်တယ်။ မေးတဲ့သူက မနည်းလှပါ။
မြန်မာနိုင်ငံသားတွေ အာဟာရပြည့်ဝတဲ့ အရည်တွေ အစားအစာတွေ စားသောက်နိုင်ကြပါစေသတည်း။
အရည်လည်းပါ အဖတ်လည်းပါတဲ့စာတွေ ရေးသားနိုင်ကြပါစေသတည်း။
ယေဘုယျ ဖြေပြီးပြီ။ ဆေးပညာအရ တင်ပြဦးမယ်။
ကော်ဖီအတွက် အငယ်ဆုံးအသက် အတိအကျ သတ်မှတ်ချက် မရှိပါ။
လက်ဖက်ရည်၊ ကော်ဖီတွေထဲမှာ Caffene ကေဖင်းဓါတ်ပါတယ်။
ယူအက်စ်အေမှာ အသက် ၁၂ နှစ်အောက်ကို မသင့်ပါလို့ လမ်းညွှန်ထားတယ်။
အဲဒါမှာ ကေဖင်းဓါတ် အနည်းအများကလည်း ကြည့်ဦးမယ်။ တခါသောက် ဘယ်လောက်။ တနေ့ ဘယ်နှစ်ခါ ကြည့်ရဦးမယ်။
American Academy of Pediatrics (AAP) အဆိုအရ အသက် ၁၂ ကနေ ၁၈ နှစ်အထိ caffeine 100mg/day ထက် မများစေရ။
မှတ်ချက်
ကေဖင်းဓါတ်ရဲ့ သက်ရောက်မှုတွေထဲမှာ ဉာဏ်ထိုင်းစေတာ မပါ။
ကျန်းမာရေးမေးခွန်းချို့ကို ဖြေရတာ တခါတခါ အဆင်မပြေလှပါ။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်အရာ ဘယ်ဘာသာရပ်မဆို စနစ်၊ အထောက်အထား၊ သုတေသန၊ မှတ်တမ်း စတာတွေ အလွန်အားနည်းနေတာ ကြာပြီ။
မြန်မာပြည်က လက်ဖက်ရည်၊ ကော်ဖီကို လေ့လာသုတေသနပြုထားတာ မရှိ။
တိတိကျကျဖြေရတာ ခက်တယ်။
ဒေါက်တာတင့်ဆွေ
၇-၁-၂၀၁၈
Comments
Post a Comment